ပစ်ခတ်၊ ဖမ်းဆီးမှုတွေကြားက ကံပေါက်သပိတ်စစ်ကြောင်း

0
342

ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ‌မေလ ၂ ရက် နေ့လယ်ပိုင်းက ဆန္ဒပြစစ်ကြောင်းကို သေနတ်ပစ်ဖောက် လူစုခွဲ၊ ဖမ်းဆီးမှု‌များရှိသော်လည်း ညနေပိုင်းတွင် သပိတ်စစ်ကြောင်းပြန်ထွက်ပြီး ဆန္ဒပြခဲ့ကြသည်။

ပြောက်ကျားဆန္ဒပြစစ်ကြောင်းနှင့် လမ်းပေါ်ထွက် ဆန္ဒပြစစ်ကြောင်းဟု စစ်ကြောင်းခွဲကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။