Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းတွင် နေ့စားလပေး ဆရာ ဆရာမ ခေါ်ရန် ညှိနှိုင်းနေဟုဆို

တနင်္သာရီတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်မည့် နေ့စားလပေး ဆရာ၊ ဆရာမများ ခေါ်ယူရန် တိုင်းဒေသကြီး နကစကောင်စီနှင့် ညှိနှိုင်းနေကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ အခြားမြို့ဒေသများတွင် နေ့စားလပေး ဆရာမများကို စတင်ခေါ်ယူနေပြီး ပဲခူးတိုင်း ပြည်မြို့တွင်မူ နေ့စားလပေး...
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့သစ်မြေကွက် အရောင်းအဝယ်အေး

လက်ရှိ နိုင်ငံရေးဖြစ်စဉ်များကြောင့် ထားဝယ်မြို့သစ်မြေ အရောင်းအဝယ် အေးနေကြောင်း မြေရောင်းဝယ်ရေးအကျိုးဆောင် အချို့ထံမှ သိရသည်။ ဖေဖော်ဝါရီလ တပ်အာဏာမသိမ်းမီက တစ်လလျှင် ပျမ်းမျှ မြေကွက် ခြောက်ကွက်ခန့် အရောင်းအဝယ်ဖြစ်နေရာမှ လက်ရှိတွင် နှစ်ကွက်ခန့်သာ အရောင်းအဝယ်ဖြစ်တော့ကြောင်း မြို့သစ်မြေကွက်...

ထားဝယ် အရုဏ်ဦးသပိတ်

ပင်မသပိတ်စစ်ကြောင်း၊ လူငယ်စစ်ကြောင်းနှင့် မြို့ခံလူငယ်များပါဝင်သည့် သပိတ်စစ်ကြောင်းသည် မေလ ၅ ရက်‌ နံနက်က စစ်အာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

ထားဝယ်တက္ကသိုလ်တွင် ကျောင်းတက်သူ ဆယ်ဦးဝန်းကျင်

တက္ကသိုလ်စတက်ချိန်တွင် ထားဝယ်တက္ကသိုလ်တွင် ကျောင်းလာတက်သည့် နောက်ဆုံးနှစ်ကျောင်းသူ၊ ကျောင်းသား ဆယ်ဂဏန်းသာရှိကြောင်း ယင်းတက္ကသိုလ်မှ ဆရာတစ်ဦးနှင့် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။ တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ နောက်ဆုံးနှစ်အတန်းများကို ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူ...

ဒက္ခိဏသတင်းထောက် ပုဒ်မနှစ်ခုဖြင့် တရားစွဲခံရ၊ မနက်ဖြန် ရုံးထုတ်မည်

ထားဝယ်အခြေစိုက် ဒက္ခိဏသတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းအား ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရပြီးမေလ ၆ ရက်နေ့တွင် အမှုစစ်ဆေးမည့် ရုံးချိန်းရှိကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ Dakkhina Insight (ဒက္ခိဏ) သတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းသည်...

ရပ်ကွက်သပိတ်

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် မေလ ၅ ရက်နေ့ ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်။

ထားဝယ်တွင် သေနတ်ပစ် အဖမ်းခံရသည့် လူငယ်သေဆုံး

ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာတွင် မေလ ၂ ရက်နေ့ ညဆယ်နာရီဝန်းကျင်က သေနတ်ပစ်ခတ် အဖမ်းခံရသည့်လူငယ်မှာ သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ ညဆယ်နာရီကျော်အချိန်တွင် မင်းရပ်ကျးရွာ (ထိန်လယ်) လမ်းမပေါ်၌ စစ်ကား နှင့်‌တွေ့၍ အဆိုပါ...

ရော်ဘာခြစ်သွားရာမှ ပျောက်ဆုံးနေသူတစ်ဦး ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်ခံရ

လောင်းလုံးမြို့နယ်တွင် ရော်ဘာခြစ်ရန် မေလ ၁ ရက်နေ့က နေအိမ်မှထွက်သွားသည့် အမျိုးသားတစ်ဦး တပ်ဆေးရုံတွင် ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်ခံရကြောင်း မိသားစုဝင်ထံမှ သိရသည်။ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာနေ အသက် ၂၈ နှစ်အရွယ်ရှိ ကိုအောင်သူမှာ ရော်ဘာခြစ်ရန်...

ပစ်ခတ်လူစုခွဲမှုတွေရှိခဲ့ပေမယ့် ဆန္ဒပြနေဆဲ ကံပေါက်

မနေ့က ပစ်ခတ်လူစုခွဲတာတွေရှိခဲ့ပေမယ့် ဒီနေ့မနက်စောစောမှာတော့ ကံပေါက်ဒေသခံတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်လုပ်ခဲ့ပါတယ်။ ကံပေါက်ဒေသခံတွေရဲ့ စစ်အာရှင်ဆန့်ကျင်‌ရေး ၈၅ ရက်မြောက် ဆန္ဒပြနေတာလည်း ဖြစ်ပါတယ်။

သုံးရက်ကြာထိန်းသိမ်းခံရသည့် ထားဝယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော် ပြန်လွတ်

ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများကို မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ထိန်းသိမ်းစစ်မေးခံရသည့် အုပ်ချုပ်ရေးမှူးဟောင်းအချို့ထံမှ သိရသည်။ မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော်ကို ဧပြီလ ၂၉ ရက်နေ့တွင် ထားဝယ်မြို့မရဲစခန်း၌ စတင်ထိန်းသိမ်း ထားခဲ့သည်။