ထားဝယ်တက္ကသိုလ်တွင် ကျောင်းတက်သူ ဆယ်ဦးဝန်းကျင်

0
356

တက္ကသိုလ်စတက်ချိန်တွင် ထားဝယ်တက္ကသိုလ်တွင် ကျောင်းလာတက်သည့် နောက်ဆုံးနှစ်ကျောင်းသူ၊ ကျောင်းသား ဆယ်ဂဏန်းသာရှိကြောင်း ယင်းတက္ကသိုလ်မှ ဆရာတစ်ဦးနှင့် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ နောက်ဆုံးနှစ်အတန်းများကို ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူ တစ်ထောင်ဝန်းကျင်ရှိသည်။

သို့သော် ယနေ့ ထားဝယ်တက္ကသိုလ်တွင် ကျောင်းတက်သူ စုစုပေါင်း ခန့်မှန်းခြေအားဖြင့် တစ်ဆယ်ဦးနှင့် သုံးဆယ်ဦးကြားသာရှိကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌက ပြောသည်။

မည်သည့်မေဂျာမှ ကျောင်းသားမည်မျှတက်ရောက်ကြောင်း အသေးစိတ်အချက်အလက်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေဖြင့်မူ တပ်အုပ်ချုပ်နသည့်အချိန်တွင် ကျောင်းတက်ခြင်းကိုအားမပေးကြောင်း သမဂ္ဂဥက္ကဋ္ဌက ဆိုသည်။

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးကိုလည်း တပ်ကောင်စီက ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဝရမ်းထုတ်ထားသည်။