လောင်းလုံးတွင် နှစ်ဦးအဖမ်းခံရ

0
140
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာအမျိူးသားတစ်ဦးနှင့် ပန်းဒလဲကျေးရွာအုပ်စု ကြေးနုပ်ပြင်ရွာနေသူ အမျိုးသားတစ်ဦးတို့ ဧပြီလ ၂၈ ရက်က အဖမ်းခံရကြောင်း စုံစမ်းသိရှိရသည်။

ဝေဒီကျေးရွာနေ ကိုညီညီ(ခ) စိုးညီညီထံတွင် လက်လုပ်ဂစ်သေနတ်ရှိသည်ဟု သတင်းပေးသဖြင့် ရဲတပ်ဖွဲ့က ရောက်ဖမ်းဆီးခဲ့ကြောင်း ယင်းကျေးရွာသားတစ်ဦးက ပြောသည်။

ယင်းလက်လုပ်သေနတ်အား‌ ကြေးနုပ်ပြင်ရွာနေသူထံမှ ဝယ်ယူသည်ဟုထွက်ဆိုခဲ့သဖြင့် ယင်းကျေးရွာနေ ကိုဝင်းထွန်းအား ထပ်မံဖမ်းဆီးခံရကြောင်း ပန်ဒလဲရွာသားတစ်ဦးကဆိုသည်။

၎င်းတို့နှစ်ဦးအား လောင်းလုံးမြို့မရဲစခန်းတွင်ဖမ်းဆီးထားပြီး တရားစွဲရန် လုပ်ဆောင်နေကြောင်း ဒေသခံတို့ထံမှ စုံစမ်း သိရှိရသည်။