ဦးမြင့်မောင်အား ဘေးစီမံဥပဒေဖြင့် ထပ်တရားစွဲ

တပ်အာဏာသိမ်းပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အား ဘေးစီမံဥပဒေပုဒ်မဖြင့် ထပ်မံတရားစွဲထားပြီး ဧပြီလ ၂၉ ရက်နေ့ ရုံးချိန်းကို မစစ်ဆေးဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။ ဦးမြင့်မောင်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု...

သပိတ်ဦးဆောင်သူ အပါအဝင် ဖမ်းဆီးခံရသူဆယ်ဦးအမှု တရားလိုပြစစ်ဆေး

ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် သပိတ်ခေါင်းဆောင်အပါအဝင် ဆယ်ဦးအဖမ်းခံရသည့်ဖြစ်စဉ်တွင် အမှုတွဲသုံးခုခွဲကာ သီးခြားစီတရားစွဲဆိုထားပြီး ဧပြီလ ၂၇ ရက်နေ့ ရုံးချိန်းတွင် တရားလိုပြသက်သေများကို စစ်ဆေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။ ၎င်းတို့ကို မတ်လ ၁၈ ရက်နေ့လယ်ပိုင်းက...
Dawei Watch, Dawei News, Dawei News Media

တက္ကသိုလ် ကျောင်းသားတစ်ဦး အပါအဝင် ငါးဦးအဖမ်းခံရမှု သုံးဦးပြန်လွတ်

ထားဝယ်မြို့၊ မြောင်းပုလဲရပ်ကွက်တွင် နေထိုင်သည့် ထားဝယ်တက္ကသိုလ်ကျောင်းသားတစ်ဦးအပါအဝင် ရပ်ကွက်နေသူ ငါးဦးကို စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဧပြီလ ၂၉ ရက် နံနက် ၆ နာရီခန့်၌ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။
Dawei Watch, Dawei News, Dawei News Media

သကျက်တောတွင် ဆန္ဒမပြတော့ဟု အုပ်ထိန်းသူခံဝန် ထိုးထားသူတစ်ဦး အဖမ်းခံရ

လောင်းလုံးမြို့နယ် သကျက်တောကျေးရွာတွင် ဆန္ဒပြပွဲများ၌ မပါဝင်တော့ကြောင်း အုပ်ထိန်းသူက ခံဝန်ထိုးထားသည့် အမျိုးသားတစ်ဦး ဧပြီလ ၂၈ ရက်နေ့က အဖမ်းခံရကြောင်း မိသားစုဝင်များထံမှ သိရသည်။ သကျက်တောရွာနေ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကိုကိုအား ဆန္ဒပြပွဲများတွင်...

CDM လုပ်နေသည့် ထားဝယ်က ဘဏ်ဝန်ထမ်းအချို့ အလုပ်ထုတ်ခံရ

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်နေသည့် မြန်မာ့အရှေ့တိုင်းဘဏ်(MOB) ထားဝယ်ဘဏ်ခွဲမှ ဝန်ထမ်း ၁၀ ဦးမှာ ဧပြီလ ၂၈ ရက်တွင် အလုပ်မှရပ်ဆိုင်းခံလိုက်ရသည်။ ဘဏ်မှသတ်မှတ်ထားသော ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်ပျက်ကွက်သည်ဟုဆိုကာ အလုပ်မှရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း အလုပ်ရပ်နားသည့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။

လောင်းလုံးသပိတ်စစ်ကြောင်း လူစုခွဲပြီးနောက် ပစ်ခတ်မှုဖြစ်၊ ဆိုင်ကယ်များအသိမ်းခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တောင်ပိုင်းကျေးရွာများသပိတ်စစ်ကြောင်း လူစုခွဲပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် ခြောက်စီး အသိမ်းခံလိုက်ရကြောင်း ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူအချို့ထံမှ သိရသည်။ ဧပြီလ ၂၅ ရက် လောင်းလုံးတောင်ပိုင်းကျေးရွာများသပိတ်စစ်ကြောင်းသည် ကဒက်ကြီးရွာအနီးတွင် ရဲကားရောက်လာသဖြင့် လူစုခွဲလိုက်ရကြောင်း စစ်ကြောင်းတွင်ပါဝင်သူအမျိုးသားတစ်ဦးကဆိုသည်။

ကံပေါက်တွင် PSI စလောင်းများ ဖြုတ်သိမ်းရန် အသိပေး

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ထိုင်းနိုင်ငံထုတ် PSI စလောင်းများကို ဖြုတ်သိမ်းရန် တပ်ကောင်စီဘက်က လိုက်လံသတိပေးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဧပြီလ ၁၆ ရက်တွင် PSI စလောင်းများကို နောက်ဆုံးဖြုတ်သိမ်းရန် ရေးသားထားသည့်စာရွက်များကို ဧပြီလ...
Dawei Watch, Dawei News, Dawei News Media

ထားဝယ် စောမိညို ပစ်ခတ်မှု အနည်းဆုံး တစ်ဦးဒဏ်ရာရ

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် စောမိညိုလမ်းတွင် ဧပြီလ ၂၅ ရက် ညနေ ၃ နာရီကျော်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးတစ်ဦး ဒဏ်ရာရှိခဲ့ကြောင်း ယင်းရပ်ကွက်နေသူတို့ထံမှ သိရသည်။ မြို့အတွင်း လှည့်လယ်သွားလာနေသည့် ရဲကားများ စောမိညိုလမ်းကို ဖြတ်သန်းစဉ်...

တရားမဝင်မြေဖို့ထားသည့် လယ်ယာမြေများ ၇ ရက်အတွင်း ပြန်ဖယ်ပြီး စပါးစိုက်ရမည်

လောင်းလုံးမြို့နယ်အတွင်း လယ်ယာမြေပေါ် တရားမဝင်မြေဖို့ထားပါက ၇ ရက်အတွင်း ပြန်လည်ဖယ်ရှားရမည်ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဧပြီလ ၂၂ ရက်နေ့တွင် အမိန့်ထုတ်ထားသည်။ အဆိုပါမြို့နယ်အတွင်းရှိ သာယာကုန်းကျေးရွာ လယ်ယာမြေပေါ်တွင် တရားမဝင် မြေဖို့ ၊မြေညှိ၊ မြေပြင်ထားည်ကို စစ်ဆေးတွေ့ရသဖြင့်...

တစ်ရက်မနား ဆန္ဒပြနေတဲ့ ကံပေါက်ဒေသပြည်သူများ

ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြနေကြတာ ၇၆ ရက်မြောက်ရှိပါပြီ။ ဆန္ဒပြသူများက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြ‌ကြတဲ့ပြည်သူလူထုများက အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ N...