Dawei Watch, Dawei News, Dawei News Media

ကွမ်းဝယ်နေသည့် ကျောင်းဆရာနှင့် မိတ်ဆွေတစ်ဦး အဖမ်းခံရ

ထားဝယ်မြို့ မြောက်ရွာရပ်ကွက်တွင် မေလ ၁၆ ရက်နေ့ ညနေက ပြင်ပကျောင်းဆရာတစ်ဦးနှင့် သူငယ်ချင်းတို့ ကွမ်းယာဝယ်နေစဉ် အရပ်ဝတ်လူတစ်စုက လာရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ အဆိုပါရပ်ကွက် မမဘုရားကျောင်းအနီးတွင် ကွမ်းယာဝယ်နေသည့် ပြင်ပကျောင်းဆရာဖြစ်သူ ကိုရန်ပိုင်ဦးနှင့်...

လောင်းလုံး ညောပြင်ရွာတွင် အမျိုးသား လေးဦးထက်မနည်း အဖမ်းခံရ၊ အခြားကျေးရွာအချို့တွင်လည်း ဝင်ရောက်ရှာဖွေနေ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ညောပြင်ကျေးရွာတွင် ရဲနှင့် စစ်တပ်က သေနတ်ပစ်ဖောက်ပြီး ဒေသခံလေးဦး ထက်မနည်းကို လာရောက်ဖမ်းဆီးခဲ့ကြောင်း ယင်းကျေးရွာနေ ဒေသခံအချို့ထံမှ သိရသည်။ မေလ ၁၆ ရက် နံနက်တွင် ရဲ နဲ့စစ်သား အင်အားသုံးဆယ်ခန့်က...
Dawei Watch, Dawei News, Dawei News Media

ထားဝယ်တွင် မိသားစုဝင်သုံးဦး အဖမ်းခံရ

ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်၊ စွယ်တော်လမ်းတွင် နေထိုင်သည့် ကိုပိုင်ပိုင်ဦးကို နေအိမ်တွင် လာရောက်ဖမ်းဆီးစဉ် ၎င်းအား မတွေ့သဖြင့် မိသားစုဝင်သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကိုပိုင်ပိုင်ဦးက ပြောသည်။ မေလ ၁၆ ရက် နံနက် ၇ နာရီခွဲခန့်က...

ဒက္ခိဏသတင်းထောက်အမှု မေလ ၁၉ ရက်နေ့ ပြန်ချိန်း

ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရသည့် ထားဝယ်အခြေစိုက် ဒက္ခိဏသတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းအမှုကို မေလ ၁၉ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ Dakkhina Insight (ဒက္ခိဏ) သတင်းထောက် ကိုနိုင်လင်းထွန်းသည် ဧပြီလ...

ကျောက်နီမော်ရွာသား တစ်ဆယ်ကျော် အဖမ်းခံရ

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာသား တစ်ဆယ်ကျော် အဖမ်းခံထားရကြောင်း ယင်းရွာတွင် နေထိုင်သူအချို့ထံမှ သိရသည်။ မေလ ၁၄ ရက်နေ့က ကျောက်နီမော်ရွာ ရဲကင်းစခန်းတွင် ရဲနှင့်စစ်သား နှစ်ဆယ်ကျော် တပ်လာစွဲပြီးနောက် ၎င်းတို့ စာရင်းစာရွက်ပါ ရွာသားများကို...

အထူးစီးပွားရေးဇုန်ဧရိယာအတွင်း ပြည်သူငါးဦး အဖမ်းခံရ

ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာ နဘုလယ်ဒေသရှိ ထိန်ကြီးရွာနှင့် ပရဒပ်ရွာနေ ပြည်သူငါးဦးကို မေလ ၁၃ ရက်နေ့ နံနက်က ရဲနှင့်စစ်တပ်က လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့ နံနက်စောစောတွင် စစ်ကားသုံးစီး ရောက်လာပြီး ပရဒပ်ရွာနေ အမျိုးသားတစ်ဦးနှင့်...

ဥတ္တူရွာ ဆယ်တန်းကျောင်းသူနှစ်ဦး အဖမ်းခံရ၊ ဆန္ဒပြခေါင်းဆောင်များကို လိုက်လံရှာဖွေနေ

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဥတ္တူရွာနေ ၁၀ တန်းကျောင်းသူနှစ်ဦး အဖမ်းခံလိုက်ရပြီး မေလ ၁၃ ရက် နံနက်ပိုင်းတွင် ဆန္ဒပြခေါင်းဆောင်များကို ရဲနှင့် စစ်တပ်က လိုက်ရှာနေကြောင်း ဒေသခံများထံမှ သိရသည်။ ကျောင်းသူနှစ်ဦးကို မေလ ၁၂...

ရွှေတစ်ကျပ်သား တစ်သိန်းခွဲဝန်းကျင်အထိ ပြန်ကျ၊ ရောင်းသူထက် ဝယ်သူပိုများ

အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်တစ်သိန်းခွဲဝန်းကျင်အထိ ဈေးပြန်ကျသွားကြောင်း ထားဝယ်ရွှေဈေးကွက်အတွင်းမှ သိရသည်။ မနေ့ညနေက တစ်ကျပ်သားလျှင် ငွေကျပ် တစ်ဆယ့်ခုနှစ်သိန်းကျော်ပေါက်ဈေးရှိရာမှ မေလ ၁၃ ရက်နေ့တွင် တစ်ဆယ့်ငါးသိန်း‌ခြောက်သောင်းဝန်းကျင်သာရှိတော့သည်။ တပ်အာဏာသိမ်းပြီး မတ်လအတွင်းက အခေါက်ရွှေတစ်ကျပ်သားလျှင်...
Dawei Watch, Dawei News, Dawei News Media

ထားဝယ် ကြက်စားပြင်ရပ်ကွက် ဗုံးပေါက်ကွဲမှု အမျိုးသားတစ်ဦးသေဆုံး

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် မေလ ၁၂ ရက်ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံးကာ အနည်းဆုံးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းရပ်ကွက်နေပြည်သူအချို့ထံမှ သိရသည်။ ကြက်စားပြင်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်ဆောင်တွင် ပထမအကြိမ်ပေါက်ကွဲမှုဖြစ်ပြီး ယင်းအိမ်တွင်နေထိုင်သူ အသက် ငါးဆယ်ကျော်အရွယ် ဦးဖေသန်း သေဆုံးသွားကြောင်း...

ထားဝယ်နှင့် မြိတ်မှ မိုးလေဝသတိုင်တာရေး ဝန်ထမ်းသုံးဦး အလုပ်ထုတ်ခံရ

တနင်္သာရီတိုင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ မိုးလေဝသတိုင်းတာရေး ဝန်ထမ်းသုံးဦး မေလ ၁၂ ရက်က အလုပ်ထုတ်ခံလိုက်ရကြောင်း အလုပ်ထုတ်ခံရာတွင်ပါဝင်သူအမျိုးသမီးတစ်ဦးက ပြောသည်။ အလုပ်ထုတ်ခံလိုက်ရသူတို့မှာ ထားဝယ်မြို့ရှိ တိုင်းဒေသကြီးမိုးလေဝသနှင့် ဇလဗေဒဦးစီးနရုံးမှ မိုးလေဝသတိုင်းတာရေး - ၃ ဝန်ထမ်းများဖြစ်သည့်...