ထားဝယ် စောမိညို ပစ်ခတ်မှု အနည်းဆုံး တစ်ဦးဒဏ်ရာရ

0
145
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် စောမိညိုလမ်းတွင် ဧပြီလ ၂၅ ရက် ညနေ ၃ နာရီကျော်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးတစ်ဦး ဒဏ်ရာရှိခဲ့ကြောင်း ယင်းရပ်ကွက်နေသူတို့ထံမှ သိရသည်။

မြို့အတွင်း လှည့်လယ်သွားလာနေသည့် ရဲကားများ စောမိညိုလမ်းကို ဖြတ်သန်းစဉ် ဖဲရိုက်နေသူများ ထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်လိုက်ခြင်းဖြစ်ကြောင်း ကြက်စားပြင်ရပ်ကွက်သားတစ်ဦးကဆိုသည်။

“ရဲကားက မီးသုံးလုံးလမ်းဆုံကနေပြီးတော့ အမှတ် ၂ ကျောင်းဘက်ကို သွားမလို့ကွေ့လိုက်ပြီးမှ သတင်းရလို့လားမသိဘူး စောမိညိုလမ်းဘက်ကို ဝင်သွားတာ” ဟု ၎င်းကဆိုသည်။

ဖဲရိုက်နေသူတို့၏ ဆိုင်ကယ်ဟုယူဆရသည့် ဆိုင်ကယ်များကိုလည်း သိမ်းဆည်းသွားကြောင်း သိရသည်။