ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှု မစစ်ဖြစ်သေး

0
154

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့် ထားဝယ်သပိတ် အဖွဲ့ဝင် ကိုကျော်ထွေးအမှုအား ဧပြီလ ၂၇ ရက်နေ့က ချိန်းဆိုထားသော်လည်း မစစ်ဖြစ်သေးကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေထံမှ သိရသည်။

တရားစွဲခံထားရသည့် ကိုကျော်ထွေးမှာ နှင့် ဆက်စပ် အခြားသူတစ်ဉီး၏ တရားခံပြေးအမှုမပြီးသေးသည့်အတွက် မစစ်ဖြစ်သေးကြောင်း ၎င်းက ဆိုသည်။

ကိုကျော်ထွေးမှာ မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့သစ် ၄ လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် အဖမ်းခံရခြင်းဖြစ်သည်။

၎င်းအမှုကို မတ်လ ၂၄ ရက်နေ့ရုံးချိန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ထားသည်။

ယင်းအမှုနှင့် ပတ်သက်၍ ဧပြီလ ၂၁ ရက်နေ့နှင့် ၂၇ ရက်ရုံးချိန်းတို့တွင် မစစ်ဆေးဖြစ်ကြောင်း အထက်ပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။

အမှုအား ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်သည်။

အမှုစစ်ဆေးမည့် နောက်ရုံးချိန်းအား မေလ ၅ ရက်နေ့ကို ပြန်လည်ချိန်းဆို ထားသည်။

“ဆက်စပ်အမှုနဲ့ ပတ်သက်ပြီးတော့ ဝရမ်းပြန်သွင်း တာတို့ မလုပ်ရသေးတော့ မေလ ငါးရက်နေ့ကို ပြန်ချိန်းလိုက်တယ်” ဟု အထက်ပါ တရားလွှတ်တော်ရှေ့နေက ပြောသည်။

ကိုသော်လွင်အောင်မှာ ၎င်း၏နေအိမ်တွင် နေထိုင်ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က တရားရုံးထံတင်ပြ(ဝရမ်းပြန်သွင်း) ရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းကဲ့သို့ ပြန်သွင်းပြီးမှသာ ကိုကျော်ထွေးအမှုကို ဆက်လက်စစ်ဆေးနိုင် မည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။