BREAKING
July 27, 2024
EN MM

ရုပ်ရှင်အညွှန်း

မကောင်းဆိုးရွား ပူးကပ်လို့ ပြစ်မှုကြီး ကျူးလွန်မိပါတယ်ဆိုတာဟာ ဖြစ်နိုင်ပါသလား

Dawei Watch

April 20, 2024

The Conjuring 3 ကို ကြည့်ခဲ့ရင် ဒီ Documentary လေးကို ကြည့်စေချင်ပါတယ်။ The Conjuring 3 ဟာ ဘာတွေကို ဖျောက်ထားခဲ့သလဲ၊ အဲ့ဒီဇာတ်ကားထဲမှာ ဘာတွေ ပျောက်နေခဲ့သလဲ၊ တကယ့်လက်တွေ့မှာ ဖြစ်ပျက်ခဲ့တာက ဘယ်လိုတွေလဲဆိုတာကို သိရမှာပါ။ ပြီးရင်တော့ ကိုယ်ကိုယ်တိုင်က ဘယ်လိုတွေးသလဲလို့ အဖြေထုတ်ရပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက်က ယူဆပုံချင်း မတူနိုင်ပါဘူး။ လူတစ်ကိုယ် အမြင်တစ်မျိုး ဖြစ်နိုင်ပါတယ်။ The Conjuring 3 ဟာ အက်ဒ်ဝါရင်းနဲ့ လော်ရိန်းဝါရင်းတို့ အပနှင်ဇနီးမောင်နှံ ပါဝင်ပတ်သက်ခဲ့တဲ့ ကမ္ဘာကျော် အမှုတစ်ခုပါပဲ။ The Conjuring: The Devil Made Me Do It ဆိုတဲ့နာမည်နဲ့ ဇာတ်ကားက ထွက်ရှိခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ […]

မကောင်းဆိုးရွား ပူးကပ်လို့ ပြစ်မှုကြီး ကျူးလွန်မိပါတယ်ဆိုတာဟာ ဖြစ်နိုင်ပါသလား

Dawei Watch

April 20, 2024

The Conjuring 3 ကို ကြည့်ခဲ့ရင် ဒီ Documentary လေးကို ကြည့်စေချင်ပါတယ်။ The Conjuring 3 ဟာ ဘာတွေကို ဖျောက်ထားခဲ့သလဲ၊ အဲ့ဒီဇာတ်ကားထဲမှာ ဘာတွေ ပျောက်နေခဲ့သလဲ၊ တကယ့်လက်တွေ့မှာ ဖြစ်ပျက်ခဲ့တာက ဘယ်လိုတွေလဲဆိုတာကို သိရမှာပါ။ ပြီးရင်တော့ ကိုယ်ကိုယ်တိုင်က ဘယ်လိုတွေးသလဲလို့ အဖြေထုတ်ရပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက်က ယူဆပုံချင်း မတူနိုင်ပါဘူး။ လူတစ်ကိုယ် အမြင်တစ်မျိုး ဖြစ်နိုင်ပါတယ်။ The Conjuring 3 ဟာ အက်ဒ်ဝါရင်းနဲ့ လော်ရိန်းဝါရင်းတို့ အပနှင်ဇနီးမောင်နှံ ပါဝင်ပတ်သက်ခဲ့တဲ့ ကမ္ဘာကျော် အမှုတစ်ခုပါပဲ။ The Conjuring: The Devil Made Me Do It ဆိုတဲ့နာမည်နဲ့ ဇာတ်ကားက ထွက်ရှိခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ […]

ဗီလိန်ဘက်မှာ အားလုံးသူ ဝင်ရပ်ဖြစ်မယ့်ဇာတ်ကား (သို့မဟုတ်) GHOST

Dawei Watch

December 4, 2023

Jackal နဲ့ Law Abiding Citizen ဇာတ်ကားကို ကြိုက်ရင် Ghost လို့ နာမည်ပေးထားတဲ့ ဒီဇာတ်ကားကို ကြိုက်မှာ သေချာပါတယ်။ တစ်ခုပါပဲ။ ဒီဇာတ်ကားဟာ ဘောလိဝုဒ်အဆင့်နဲ့ရိုက်ထားတာမျိုးမဟုတ်ဘဲ တောင်ပိုင်းကားဖြစ်နေတာကြောင့် တောင်ပိုင်းကားရဲ့အငွေ့အသက်တွေ ပါဝင်နေတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်အိမ်ပိုင်းမှာ Jackal နဲ့ Law Abiding Citizen တို့ထက် အပြတ်သာလွန်ပါတယ်။ မြန်မာအနေနဲ့ပြောရရင် နယ်ကြိုက်ကားသဘောမျိုးဖြစ်နေလို့ နယ်ကြိုက်ဇာတ်ဝင်ခန်းတချို့ကို ထည့်သုံးထားရတာတစ်ခုကလွဲရင် ကျန်တဲ့ဘက်မှာ ပြီးပြည့်စုံနေတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်က အရမ်းကို ကောင်းမွန်သပ်ရပ်လွန်းပါတယ်။ ဇာတ်လမ်းအစကနေ ကြည့်နေချိန် ၁ နာရီကျော်လာတဲ့အထိ ကြည့်ရှုသူရဲ့စိတ်တွေဟာ ရဲအရာရှိဘက်မှာပဲ ရှိနေပါလိမ့်မယ်။ အတိတ်ဖြစ်စဉ်တစ်ခုကို ကြည့်လိုက်ပြီးတာနဲ့ ရဲအရာရှိဘက်ကိုရောက်နေတဲ့စိတ်အားလုံးဟာ ဗီလိန်ကို အားပေးတဲ့ဘက်ဆီ ကူးပြောင်းသွားပါလိမ့်မယ်။ ဘာလုပ်လုပ် ဗီလိန်ကြီး တစ်ကွက်သာနေပါစေ၊ ဒီရဲတွေကို […]

အဓိကရုဏ်းဖြစ်စဉ်တိုင်းရဲ့နောက်ကွယ်မှာ လက်မည်းကြီးတွေရှိတယ် (သို့မဟုတ်) Raththam

Dawei Watch

November 18, 2023

ဒီနေ့မှာတော့ Raththam ဆိုတဲ့ တမီလ်ရုပ်ရှင်ကားကို ညွှန်းပေးဖို့ စိတ်ကူးထားပါတယ်။ သိပ်မကြာသေးခင်ကမှ ထွက်ထားတဲ့ဇာတ်ကားလေးပါ။ မှုခင်းနဲ့ နိုင်ငံရေးကို အခြေခံထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို အခန်းကဏ္ဍ ၃ ခုခွဲပြီး တင်ဆက်ပေးပါမယ်။ အခန်း(၁)က သတင်းလုပ်ငန်းစဉ်နဲ့ သတင်းသမားတစ်ယောက် ဖြတ်သန်းနေရပုံ ဖြစ်ပါတယ်။ အခန်း(၂)ကတော့ ဒီဘက်ခေတ်ထဲမှာ အဓိကရုဏ်းဖြစ်စဉ်တွေကြီးတွေကို ဘယ်လိုနည်းလမ်းနဲ့ ပုံစံတကျ အကွက်ချဖန်တီးသလဲဆိုတာပါပဲ။ အခန်း(၃)က အဓိကရုဏ်းဖြစ်စဉ်ကို ပါးနပ်စွာ အခင်းအကျင်းလုပ်ဖို့ ဘယ်လိုပညာရှင်တွေကို သုံးထားသလဲနဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေတတ်သလဲကို ဒီဇာတ်ကားက ပါးပါးနပ်နပ်နဲ့ ပြသသွားခဲ့ပါတယ်။ ဇာတ်လမ်းအစမှာ ဇာတ်လမ်းက အနည်းငယ် လေးအီသလို ရှိပေမယ့် မိနစ် ၃၀ လောက် ကျော်လွန်သွားတာနဲ့တပြိုင်နက် ဇာတ်လမ်းအဆုံးကို ရောက်တဲ့အထိ ဆွဲခေါ်သွားပါလိမ့်မယ်။ ဇာတ်လမ်းဇာတ်အိမ်ကို သေသေချာချာ တည်ဆောက်ထားတယ်လို့ ပြောနိုင်တဲ့ဇာတ်ကားပါပဲ။ […]

တရားခွင်က နာသူရမ်း (သို့မဟုတ်) ဂန္ဒီကို နာသူရမ်းက ဘာကြောင့် လုပ်ကြံခဲ့တာလဲ

Dawei Watch

November 2, 2023

ဒီဇာတ်ကားကို ကြည့်ရှုပြီးရင် သေသေချာချာလေး သိမ်းဆည်းထားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ တွဲဖက်ပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဟာ သိပ်မကြာခင်မှာပဲ ထွက်လာဖို့ ရှိနေလို့ပါပဲ။ ဒီဇာတ်ကားဟာ ဂန္ဒီကို သေနတ်နဲ့ပစ်ခတ်လုပ်ကြံခဲ့တဲ့ နာသူရမ်းရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဂန္ဒီအကြောင်း ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကလည်း သိပ်မကြာခင်မှာ ထွက်လာဖို့ရှိနေလို့ ဒီဇာတ်ကားကို ကြည့်ရှုပြီးရင် သိမ်းဆည်းထားလိုက်ဖို့ ညွှန်းဆိုရတာပါ။ ပူနေးမြို့က ဟိန္ဒူအမျိုးသားရေးအစွန်းရောက် နာသူရမ်း ဟာ ဂန္ဒီကို သေနတ်နဲ့ သုံးချက်ဆင့်ပစ်ပြီး လုပ်ကြံခဲ့တာဖြစ်ပါတယ်။ တရားခွင်အကြောင်းကို ရိုက်ကူးပြထားတာက မပြည့်စုံဘူးဆိုပေမယ့် ဒီဇာတ်ကားကို ကြည့်လိုက်ရင် နာသူရမ်းဘက်က ခံယူချက်တွေကို မြင်ရပါလိမ့်မယ်။ ဒီနေရာမှာ ချီးကျူးမိတာကတော့ အိန္ဒိယရဲ့ရုပ်ရှင်လောကဟာ ဒီလိုဇာတ်လမ်းတွေကိုတောင် ပရိသတ်ဆီ တင်ဆက်ပြသဖို့ ခွင့်ပြုပေးနေပြီဆိုတာပါပဲ။ သူတို့ အရမ်းချစ်ရတဲ့ ဂန္ဒီကြီးကို လုပ်ကြံခဲ့သူတစ်ယောက်က တရားရုံးမှာ ဘယ်လိုထွက်ဆိုခဲ့တယ်ဆိုတာ၊ အဲ့ဒီလူရဲ့ခံစားချက်တွေ၊ […]

ဉာဏ်ပညာချင်း အားပြိုင်ရတဲ့ အမှုတစ်ခု (သို့မဟုတ်) Jaane Jaan

Dawei Watch

October 12, 2023

ဒီတစ်ပတ်မှာတော့ Jaane Jaan ဆိုတဲ့ဇာတ်ကားကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးချင်မိပါတယ်။ အရမ်းကို ကောင်းမွန်တဲ့ဇာတ်ကားလေးပါ။ နာမည်ကြီး ဂျပန်ဝတ္ထုကို အခြေခံပြီး ရိုက်ကူးလိုက်တဲ့ဇာတ်ကားဖြစ်ပါတယ်။ အခု မတိုင်ခင်မှာကတည်းက တရုတ်နဲ့ ကိုရီးယားတို့မှာ ဒီဝတ္ထုကိုအခြေခံတဲ့ဇာတ်ကားတွေ ထွက်ရှိခဲ့ပြီးပါပြီ။ ဒါပေမဲ့ အကြံတူရင် နောက်လူ သာစမြဲလို့ ပြောရမလားပါပဲ။ အိန္ဒိယဟာ တရုတ်နဲ့ ကိုရီးယားတို့ထက် နောက်ကျမှ ရိုက်ကူးပြီး နောက်ဆုံးပိတ်မှာ အိတ်နဲ့ လွယ်သွားနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းက သေသပ်ကောင်းမွန်လွန်းတဲ့အပြင် တွေးစရာတွေ အများကြီးကိုလည်း ပေးသွားခဲ့ပါတယ်။ ဇာတ်လမ်းက အမှုတစ်ခု၊ အိမ်နီးနားချင်း နှစ်ဦး၊ အမှုကို အသည်းအသန်လိုက်နေတဲ့ ရဲအရာရှိတစ်ယောက်နဲ့ပဲ အားပြုထားတာပါ။ ကျန်တဲ့သရုပ်ဆောင်တွေ၊ ယုတ်စွအဆုံး အိမ်နီးချင်းတစ်ယောက်လည်းဖြစ် အမှုကျူးလွန်သူလည်းဖြစ်တဲ့သူရဲ့သမီးနေရာက သရုပ်ဆောင်တဲ့သူတောင် အရန်သဘောလောက်ပဲ ရှိခဲ့ပါတယ်။ ဇာတ်ကားရဲ့နာမည်က Jaane Jaan ပါ။ […]