မူးယစ်ဆေးဝယ် အပေါင်ခံ ဖုန်းတစ်လုံးနှင့် မိသားစုဝင်သုံးဦး၏ အသက်များ

ရဲတပ်ဖွဲ့ကတော့ အပေါင်ခံထားသည့် ဖုန်းတစ်လုံးပြန်ရလိုမှုဖြင့် လူသုံးဦးကို သတ်ခဲ့ကြောင်း ကောက်ချက်ဆွဲ ထားသည်။ ရေဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုမှ စွပ်စွဲခံရသူ လေးဦးကို ဖမ်းဆီးထားပြီး ထိုသို့ အမှုတည်ဆောက်ထားခြင်း ဖြစ်သည်။

ရေဖြူက မိုင်းထောင်သူကို ဖမ်းမိ

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဇာဒီ ကျေးရွာအုပ်စု ဒိုက်တကော်ကျေးရွာတွင် ဇွန်လ ၁၁ ရက်က ဖြစ်ပွားခဲ့သည့် လက်လုပ်မြေမြှုပ်မိုင်း ပေါက်ကွဲမှုမှ မိုင်းထောင်သူဟု ယူဆရသူကို ဖမ်းမိထားပြီး အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော ပုဒ်မဖြင့် တရားစွဲတင်မည်ဖြစ်ကြောင်း ရေဖြူမြို့နယ်၊ ကံပေါက်နယ်မြေရဲစခန်းထံမှ...

လောင်းလုံး နှစ်လောင်းပြိုင် လူသတ်မှု အချက်အလက်အချို့ရထားပြီး ဟုဆို

လောင်းလုံးမြို့နယ်၊ သဗြေရှောင်ကျေးရွာတွင် ဇွန်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်တွင် တရားခံဖမ်းမိရေး အချက်အလက်အချို့ ရရှိထားပြီးဖြစ်သည်ဟု တနင်္သာရီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်စိုးက ပြောကြားသည်။ ယင်းလူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့် အမှုစစ်အဖွဲ့ဖွဲ့ပြီး...

ပန်းရောင်အိမ်ကလေး၏ ကြမ္မာ

အိမ်ဝန်းကျင်တွင် ဝါးရုံတောများ၊ သစ်ပင်ချုံနွယ်များဖြင့် စိမ်းစိုနေသည်။ အိမ်အနောက်ဘက်တွင် စမ်းချောင်းလေးက စီးဆင်းနေသည်။ ရုတ်တရက်ဆိုလျှင်တော့ တကယ့်ကို သာယာဖွယ် ဖြစ်သည်။ သို့သော် ပန်းရောင်ဆေးသုတ်ထားသော ထိုအိမ်ကလေးတွင် နေထိုင်သော မိသားစုဝင်သုံးဦးမှာ ကံကြမ္မာဆိုးငင်ခဲ့ လေသည်။ ထိုအိမ်ကလေးမှာ...

သုံးလောင်းပြိုင်လူသတ်မှု ငွေလိုသဖြင့် သတ်ခြင်းမဖြစ်နိုင်ဟု ရဲတပ်ဖွဲ့ပြော

ရေဖြူမြို့နယ်ရှိ ပြည်ထောင်စုလမ်းမပေါ်ရှိ နေအိမ်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုဖြစ်စဉ်တွင် ငွေလိုသဖြင့် သတ်ခြင်းမဖြစ်နိုင်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ အသတ်ခံရသည့်နေအိမ်တွင်ရှိနေသည့် ငွေကျပ်နှစ်သိန်းကျော်၊ ဆိုင်ကယ်၊ ဆောင်းဘောက်၊ နားကပ် စသည့်ပစ္စည်း တစ်စုံတစ်ရာယူသွားခြင်း မရှိသည်ကို တွေ့ရကြောင်း...

ဇနီးအား ဓားဖြင့်ခုတ်သတ်ပြီး ကိုယ်တိုင်ဓားထိုးသတ်သေ

ကော့သောင်းမြို့နယ်အတွင်း ဇွန်လ ၁၄ ရက်နေ့က လင်မယားစကားများရန်ဖြစ်ကာ ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ သေဆုံးသူလင်မယားသည် သစ်တောစိုက်ခင်း နေ့စားအလုပ်သမားများဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ လင်မယားစကားများရန်ဖြစ်ပြီး သစ်တောစိုက်ခင်းနေ့စားအလုပ်သမား အမျိုးသားသည်...
video

Dawei Watch TV/ ရေဖြူ သုံးလောင်းပြိုင် လူသတ်မှု ပဟေဠိ

ရဲတပ်ဖွဲ့ဝင် အသိုင်းအဝိုင်းမှာတော့ ထူးခြားတဲ့ အမှု တစ်မှုပါ။ ရန်ကုန်-ထားဝယ် ရထားသံလမ်းဘေးက မီးရထားဝန်ထမ်း မိသားစုဝင် သုံးဦးစလုံး ပြီးခဲ့တဲ့ စနေနေ့က အသတ်ခံရတာပါ။အဲဒီအမှုအကြောင်း ရုပ်သံကို Dawei Watch က တင်ဆက်ထားပါတယ်။

သမီးအရင်းကို သားမယားပြုကျင့်သည်ဟု တိုင်ကြားခံရသူဖမ်းမိ

သမီးအရင်းကိုသားမယားပြုကျင့်သည်ဟု တိုင်ကြားခံရသည့်အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့မရဲ စခန်းထံမှသိရသည်။ ဇွန်လ ၁၀ရက်နေ့က ဖမ်းဆီးခံရသူ၏ဇနီးက လာရောက်တိုင်ကြားခဲ့ပြီး ဇွန်လ ၁၁ရက်နေ့နံနက်တွင် ကော့သောင်းမြို့ နယ်၊ ပုလုံးတုံတုံးကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာတွင် ကော့သောင်းရဲတပ်ဖွဲ့မှဖမ်းဆီးလိုက်သည်ဟု မြိတ်မြို့မရဲ စခန်းမှစခန်းမှူး ဒုရဲမှူးချိုလွင်က...

လောင်းလုံး လူငယ်အုပ်စုလိုက် ရိုက်ပွဲမှ ဖမ်းမိသူများအနက် မူးယစ်တရားခံပြေးတစ်ဦး ပါဝင်နေ

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာတွင် ဇွန်လ ၈ ရက်က ဖြစ်ပွားခဲ့သည့် လူငယ်အုပ်စုလိုက်ရိုက်ပွဲမှ လူငယ်သုံးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ယင်းသုံးဦးအနက် တစ်ဦးမှာ မူးယစ်တရားခံပြေးတစ်ဦးဖြစ်ကြောင်း လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနနှင့် ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။ ဖမ်းမိလူငယ်သုံးဦးအနက်တစ်ဦးမှာ...

စစ်ပြဲတွင် ဘုရားမီးပူဇော်ရာမှ နေအိမ်မီးလောင်

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာ (နောက်ပိုင်း) ဘောလုံးကွင်းအနီးရှိ နေအိမ်တစ်ဆောင်သည် ဇွန်လ ၁၂ ရက် ည ၈ နာရီခန့်တွင် ဘုရားစင်တွင်ပူဇော်ထားသည့် ဖယောင်းတိုင်မီးမှ မီးကူးစက်ပြီး နေအိမ်မီးလောင်းကျွမ်းခဲ့ကြောင်း လောင်းလုံးမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ မီးလောင်မူကြောင့်...