ဇနီးအား ဓားဖြင့်ခုတ်သတ်ပြီး ကိုယ်တိုင်ဓားထိုးသတ်သေ

0
315

ကော့သောင်းမြို့နယ်အတွင်း ဇွန်လ ၁၄ ရက်နေ့က လင်မယားစကားများရန်ဖြစ်ကာ ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

သေဆုံးသူလင်မယားသည် သစ်တောစိုက်ခင်း နေ့စားအလုပ်သမားများဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

လင်မယားစကားများရန်ဖြစ်ပြီး သစ်တောစိုက်ခင်းနေ့စားအလုပ်သမား အမျိုးသားသည် ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်ကာ မိမိကိုယ်ကို ဓားထိုးသတ်သေခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော် ပြထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ခုတ်ခဲ့သူ အမျိုးသားဖြစ်သူအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် မှုဖွင့်စစ်ဆေးလျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။