ရေဖြူတွင် မိသားစုဝင်သုံးဦး အသတ်ခံရ

ထားဝယ်ဒေသ၊ ရေဖြူမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမပေါ် ၂၁ မိုင်အနီးရှိ မီးရထားသံလမ်းကုန်းတွင် ကလေးတစ်ဦးအပါအဝင် မိသားစုဝင်သုံးဦးအသတ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။ ကားလမ်းပေါ် ရထားသံလမ်းဖြတ်သည့်နေရာရှိ နေအိမ်တွင် ဇွန်လ ၁၃ ရက်က အသတ်ခံရကြောင်း ရေဖြူမြို့မရဲစခန်းထံမှ သိရသည်။

ဆန္ဒထုတ်ဖော်သူများကို ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးက စွဲဆိုထားသည်အမှု စစစ်

မုဒိန်းမှုကျူးလွန်ရန် အားထုတ်ခဲ့သူကို ကာကွယ်ပေးသည်ဟုဆိုကာ ဆန္ဒထုတ်ဖော်သူ ၈ ဦးအား ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးက တရားစွဲဆိုထားသည့်အမှု ပထမဆုံး ရုံးချိန်းကို ၂၀၂၀ ပြည့်နှစ် မေလ ၂၈ ရက် တွင် စစ်ဆေးခဲ့ကြောင်း ယင်းအမှု တရားလို၊ တရားပြိုင်တို့ထံမှ...

NLD ပါတီဆိုင်းဘုတ်နှင့် အလံဖျက်ဆီးသူကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

ဘုတ်ပြင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဆိုင်းဘုတ်နှင့် ပါတီအလံကိုဖျက်ဆီးသည့် အမျိုးသားကိုပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထက်ပါမြို့နယ်၊ ဟန်ကပြုကျေးရွာအုပ်စုတွင် မေလ၂၆ ရက်ညက အသက် ၃၇ နှစ်အရွယ်အမျိုးသားက အရက်မူးပြီး ပါတီဆိုင်းဘုတ်နှင့်...

တနင်္သာရီတွင် စိတ်ကြွဆေးပြား တစ်သောင်းခွဲနီးပါး ဖမ်းမိ

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် မေလ ၂၆ ရက်နေ့က စိတ်ကြွဆေးပြား တစ်သောင်းခွဲနီးပါးအားဖမ်းမိခဲ့ကြောင်း တနင်္သာရီမြို့နယ် မြို့မရဲစခန်းထံမှ သိရသည်။ တနင်္သာရီမြို့နယ် ချောင်းငယ်ရပ်ကွက် စေတနာလမ်းသို့ ဝင်ရောက်လာသည့် ဆိုင်ကယ်တစ်စီးအား သတင်းအရ ရပ်တန့်စစ်ဆေးခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူမှာ ထွက်ပြေးသွားသဖြင့်...

အသက်ငါးဆယ်ကျော် အမျိုးသမီးထံမှ စိတ်ကြွဆေးပြား သုံးထောင်ကျော် ဖမ်းမိ

ကော့သောင်းမြို့နယ်တွင် အသက်ငါးဆယ်ကျော် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးပြား သုံးထောင်ကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ကော့သောင်းမြို့နယ်၊ ထုံပရိကျေးရွာအနီးရှိ အထက်ပါ အမျိုးသမီးနေထိုင်သည့်အိမ်ကို မေလ ၁၉ ရက်နေ့က မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းအရ...

သားရှိနွားမကြီးအား ခိုးယူသတ်စားသူများကို ဖမ်းမိ

ရေဖြူမြို့နယ်တွင် သားပေါက်ရှိသည့်နွားမကြီးကို ခိုးယူပြီး သတ်ဖြတ်စားသောက်သူ လေးဦးကို ဖမ်းဆီးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထက်ပါမြို့နယ် ကျောက်ထောင့်ကျေးရွာ ဥယျာဉ်ခြံအတွင်းရှိ နွားတင်းကုပ်တွင် အသက် ၁ နှစ်အရွယ် နွားသားပေါက်နှင့် မိခင်နွားမကို ချည်နှောင်ထားခဲ့ကြောင်း...

ဆန်းချီလမ်းဆုံ ဆိုင်ကယ်တိုက်မှု အမျိုးသားနှစ်ဦး ပွဲချင်းပြီးသေ

အမျိုးသားနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည့် ဆိုင်ကယ်တိုက်မှုတစ်ခု ထားဝယ်မြို့၊ ဆန်းချီလမ်းဆုံအနီး ကမြောကင်းလမ်းတွင် မေလ ၂၁ ရက်ညက ဖြစ်ပွားခဲ့သည်။ တိုက်မိသည့် ဆိုင်ကယ်နှစ်စီးစလုံးမှာ ဆိုးရွားစွာပျက်စီးသွားပြီး မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးလည်း ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က...

၁၄ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်သူကို အလုပ်နှင့် ထောင်ဒဏ် ၂၇ နှစ် အမိန့်ချ

ထားဝယ်မြို့တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား မုဒိမ်းကျင့်ခဲ့သည့် အသက် ၅၄ နှစ်အရွယ်ရှိ အမျိုးသားကို အလုပ်နှင့် ထောင်ဒဏ် ၂၇ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း ထားဝယ်ခရိုင်တရားရုံးထံမှ သိရသည်။ ယမန်နှစ် ဇူလိုင်လတွင်...

မြိတ်တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၊ တစ်ဦးသေဆုံး

မြိတ်မြို့ လေယာဉ်ကွင်းလမ်းမကြီးတွင် မေလ ၃ ရက်နေ့က အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။ မော်တော်ယာဉ်မှာ ပုလဲမွန်လမ်းဆုံဘက်မှ လေယာဉ်ကွင်းဘက်သို့ မောင်းနှင်လာပြီး လမ်းခုလတ်တွင် ယာဉ်လမ်းအလယ်ကြောမှ ပြန်လှည့်ရန်ပြုလုပ်နေစဉ် နောက်မှလိုက်လာသည့်...

ဆယ်မိုင်တွင် စိတ်ကြွဆေးပြား သုံးရာကျော် ဖမ်းမိ

ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာတွင် ဧပြီလ ၂၀ ရက်က စိတ်ကြွဆေးပြားသုံးရာကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထက်ပါကျေးရွာအုပ်စုရှိ ပါဆယ်ပါညန်းကျေးရွာနေ အသက် ၃၀ နှစ် အရွယ် အမျိုးသား၏နေအိမ်ကို မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း...