သမီးအရင်းကို သားမယားပြုကျင့်သည်ဟု တိုင်ကြားခံရသူဖမ်းမိ

0
510

သမီးအရင်းကိုသားမယားပြုကျင့်သည်ဟု တိုင်ကြားခံရသည့်အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့မရဲ စခန်းထံမှသိရသည်။

ဇွန်လ ၁၀ရက်နေ့က ဖမ်းဆီးခံရသူ၏ဇနီးက လာရောက်တိုင်ကြားခဲ့ပြီး ဇွန်လ ၁၁ရက်နေ့နံနက်တွင် ကော့သောင်းမြို့ နယ်၊ ပုလုံးတုံတုံးကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာတွင် ကော့သောင်းရဲတပ်ဖွဲ့မှဖမ်းဆီးလိုက်သည်ဟု မြိတ်မြို့မရဲ စခန်းမှစခန်းမှူး ဒုရဲမှူးချိုလွင်က ပြော သည်။

“ဒီကအကြောင်းကြားတော့ဟိုက ဖမ်းလိုက်တာပေါ့။ မနက်ဖြန်မြိတ်ကို ခေါ်လာမယ်” ဟု ၎င်းက ပြောသည်။

မြိတ်မြို့ရှိ သတ္တမတန်းကျောင်းသူတစ်ဦးမှာ ဇွန်လ ၄ ရက်က နေအိမ်၌မူးဝေကာ သတိမေ့လဲကျသည့်အတွက် မြိတ်ကလေးဆေးရုံသို့ တင်ပို့ခဲ့သည်။

အဆိုပါမိန်းကလေးတွင် သားအိမ်ပုပ်ပြီးပြည်တည်နေသဖြင့် ခွဲစိတ်ကုသမှုခံခဲ့ရသည်။

အကြောင်းရင်းကိုမိခင်ကမေးမြန်းရာ ဖခင်ဖြစ်သူမှအဓမ္မပြုကျင့်သည့်အတွက် ယခုလိုဖြစ်ရပြီး ဓမ္မတာမလာသည်မှာလည်း သုံးလခန့်ရှိနေပြီဖြစ်ကြောင်း ပြောဆိုသည့်အတွက် ရဲစ ခန်းတွင်လာရောက်အမှုဖွင့်ခဲ့ကြောင်း မြိတ်မြို့မရဲစခန်းမှတ်တမ်းအရ သိရသည်။

အဆိုပါမိန်းကလေးသည် လွန်ခဲ့သည့်တစ်ပတ်က ကိုယ်ဝန်ပျက်ကျကာ ဆေးရုံသို့ရောက်ရှိလာခြင်းဖြစ်ပြီး အကြောင်းအရင်းကိုမူမသိရှိရကြောင်း ကလေးဆေးရုံမှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မုဒိမ်းကျင့်သည်ဟု စွပ်စွဲခံထားရသော ဖခင်ဖြစ်သူသည်မြိတ်မြို့နှင့် ကျေးရွာများတွင်ဘေးတွဲဆိုင်ကယ်ဖြင့်အိမ်သုံး ပစ္စည်းများလိုက်လံရောင်းချနေသူဖြစ်ပြီး ဇွန်လ၁၁ရက်နေ့ နံနက်ပိုင်းတွင် ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီးအမှု မှန်ကိုစုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဒုရဲမှူးချိုလွင်က ပြောသည်။

ကိုဆန်း