စစ်ပြဲတွင် ဘုရားမီးပူဇော်ရာမှ နေအိမ်မီးလောင်

0
298

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာ (နောက်ပိုင်း) ဘောလုံးကွင်းအနီးရှိ နေအိမ်တစ်ဆောင်သည် ဇွန်လ ၁၂ ရက် ည ၈ နာရီခန့်တွင် ဘုရားစင်တွင်ပူဇော်ထားသည့် ဖယောင်းတိုင်မီးမှ မီးကူးစက်ပြီး နေအိမ်မီးလောင်းကျွမ်းခဲ့ကြောင်း လောင်းလုံးမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။


မီးလောင်မူကြောင့် ပျဉ်ထောင်နှစ်ထပ်အိမ်အပေါ်ထပ် မီလောင်ဆုံးရှုံးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာမရရှိကြောင်း အထက်ပါဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူက ပြောသည်။


“ဘုရားစင်မှာ ဖယောင်းတိုင်မီးပူဇော်ပြီးတော့ အိမ်ရှင်အဖွားက သူ့သမီးအိမ်မှာ သွားနေတာ။ အဲကနေပြီးတော့ စတင်လောင်တာပါ” ဟု ဦးစိုးကျော်သူက ပြောသည်။


အိမ်ရှင်အား မီးပေါ့ဆမှုဖြင့် လောင်းလုံးမြို့နယ်တရားရုံးတွင် တရားစွဲတင်ထားကြောင်း သိရသည်။

ကျော်သူစိုး