BREAKING
July 27, 2024
EN MM

လမ်းညွှန်

ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် Booster ထိုးပေးမည့်သူများကို စာရင်းကောက်

diz_admin

January 11, 2022

ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးပြီးသူများကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းအားဖြည့် Booster ဆေး ထပ်မံထိုးပေးရန် စာရင်းကောက်ယူနေကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ထံက သိရသည်။ အစိုးရဌာနများတွင် အသက် ၅၀ နှစ်အထက်ရှိ ဝန်ထမ်းများနှင့် အရပ်သားပြည်သူတွင် အသက် ၆၅ နှစ် အထက် သက်ကြီးများကို တတိယအကြိမ် ထပ်မံထိုးပေးရန် စာရင်းကောက်ယူနေပြီဖြစ်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်လုံး အပြည့်ထိုးထားပြီး ၆ လ ပြည့်သောသူများကိုသာ ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် ထိုးပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ခြောက်လပြည့်ပြီးသူ ကျန်းမာရေးဝန်ထမ်း အများစုကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးပေးနေပြီး ကျန်းမာရေးဝန်ထမ်းအများစုက ကာကွယ်ဆေး သုံးကြိမ်စလုံး […]

ဆံပင်ကျွတ် ကိုယ်အလေးချိန်တက်-ကိုဗစ် ရောဂန္တရကပ်တွင်းက ပြောင်းသွားသော ကိုယ်ခန္ဓာ

diz_admin

December 8, 2021

အေမီ ဖလီးမင်း | ဆံပင်ကျွတ်၊ မျက်လုံး၊ သွား၊ နှလုံး၊ ဗိုက်၊ အရေပြား၊ ခြေထောက်၊ အစားအသောက်ပုံစံနဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု စတဲ့ ကိုဗစ် ကပ်ဘေးထိပြီး ကိုယ်ခန္ဓာ အပြောင်းအလဲ ဖြစ်တာတွေ အကြောင်းကို ရှင်းပြထားပါတယ်။ အလွတ်တန်း စာရေး ဆရာမ အေမီဖလီးမင်း၏ The Guardian ပါ ဆောင်းပါး ဘာသာပြန်ဆိုထားပါသည်| ဒဏ်ရာအနာတရတွေ၊ မျက်စေ့မှုန်လာပြီ၊ သွားတွေဆွေးမြေ့လာပြီ ခြေထောက်တွေလည်း မသန်တော့ဘူးလေ။ ပုံမှန်မဟုတ်တဲ့ ခက်ခဲလှတဲ့ ကိုဗစ်ကပ်ထဲကနှစ်တွေ ကျွန်မတို့ရဲ့ အထွေထွေကျန်းမာရေးကို မမျှော်လင့်ဘဲ အကျိုးသက်ရောက်ခဲ့ပေါ့။ ဒီနှစ် အပြင်တွေ သိပ်မထွက်ရဘဲနဲ့များ ကျွန်မရဲ့ ဘယ်ဖနှောင့်ဟာ စပြီး နာလာတယ်။ ဒါဟာ အချို့အရာတွေ ယိုယွင်းလာတဲ့ အစကနဦး အခြေအနေပေါ့။ ဇရာရဲ့ […]

တစ်ညတာ အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုး

diz_admin

July 20, 2021

လေ့လာတွေ့ရှိချက်အသစ်အရ တစ်ညလောက် အိပ်ရေးပျက်ခြင်းက လူတွေရဲ့နေ့စဉ်စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ သုခချမ်းသာ ကို အနှောင့်အယှက်ဖြစ်စေဖို့ လုံလောက်မှုရှိပါတယ်။ အိပ်ရေးပျက်တာဟာ နေ့စဉ်ရက်ဆက်ဖြစ်လာပြီဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေ မြင့်တက်လာမှာ ဖြစ်ပါတယ်။ “အိပ်ရေးပျက်တာ များလာတာနဲ့အမျှ အပြုသဘောဆောင်တဲ့ အကောင်းမြင်စိတ်ခံစားမှုတွေ ယုတ်လျော့လာပြီး၊ အဆိုးမြင်စိတ်ခံစားမှုတွေ တိုးလာနိုင်တယ်။ နောက်ပြီး ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ပိုမိုဆိုးရွားပြင်းထန်လာနိုင်တယ်”လို့ Soomi Lee က ဆိုပါတယ်။ Lee ဟာ the University of South Florida’s School of Aging Studies မှ တွဲဖက်ပါမောက္ခတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်စက်ခြင်း၊ ဖိစီးမှုနဲ့ ကျန်းမာရေးဆိုင်ရာ သုတေသနခန်း ရဲ့ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ အိပ်စက်ခြင်းနဲ့ […]

တစ်ပတ်စာ ဗေဒင် (၈- – ၂၀၂၁ မှ ၁၄- ၃-၂၀၂၁ ထိ)

diz_admin

March 8, 2021

တနင်္ဂနွေအမွေအနှစ်များ ရရှိတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ ပန်ကာ၊ လေအေးပေးစက် တစ်ခုခုဝင်မည်။ သင်သည် လူငယ်တစ်ယောက်ဖြစ်က လုပ်ငန်းအခွင့် အလမ်းများ ရရှိမည်။ ငွေကြေးကတော့ ဝင်သလောက်မမြဲဘဲ ဖြစ်နေတတ်သည်။ ဆုံးဖြတ်ချက်ချ မှားတတ်သည်မို့ ဂရုပြုပါ။ မျက်စိ၊ အာရုံကြော ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား အိပ်၍မပျော်သည့် ညတစ်ညဖြတ်သန်းရတတ်သည်။အကျိုးပေးသော အရောင် ။ ။ ပြောက်ကျား၊ အဖြူရောင်အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ အဖြူရောင်အကျိုးပေးသော ဂဏန်းများ ။ ။ ဝ၊ ၁၊ ၂၊ ၇ ပါသော ဂဏန်းများယတြာ ။ ။ ဗောဓိညောင်ပင်ကို သက်စေ့ရေလောင်းပါ။ တနင်္လာစိတ်ကူးအကြံများ လွဲတတ်သည်။ ဘာလုပ်လုပ် လုပ်ငန်းများ အောင်မြင်မည်။ ခရီးတစ်ခု သွားရမည်။ တီဗွီ […]

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ်နဲ့ ကျော်ဖြတ်ပါ

diz_admin

March 5, 2021

မျှဝေခံစားလိုစိတ်ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ အမူအကျင့် တစ်ခုပါ။ တစ်ဖက်သားကို နားလည် ပေးတယ်၊ သဘောပေါက်ပေးတယ်၊ လက်ခံပေးတယ်ဆိုတဲ့ ကိစ္စဟာ အမူအကျင့်ကောင်းလို့ ဆိုရမယ်မဟုတ်လား။ အခြေခံအားဖြင့် ဒီကနေ့ခေတ်မှာ လူတိုင်းဟာ သတင်းကို စားသုံးကြတယ်။ သတင်းဆိုတာမျိုးကလည်း သတင်း ဌာနကတွေက ပြောဆိုတာတွေကို ချည်းဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့် ပတ်ဝန်းကျင် ကိုယ့်အသိုင်းအဝိုင်း ကိုယ့်အနီးအနားက အဖြစ်အပျက်တိုင်း က သတင်းလို့ဆိုပါတယ်။ ဒီလို သတင်းကို စားသုံးကြတဲ့ လူသားတွေဟာ ပတ်ဝန်းကျင်က ကြားရမြင်ရသမျှ သတင်းတွေ၊ အဖြစ်အပျက် တွေကြောင့်ပဲ စိတ်ပျော်ရွှင်မှု၊ ဝမ်းသာ၊ ဝမ်းနည်း၊ ဒေါသထွက်တာတွေနဲ့ စိတ်ဖိစီးမှုကို အမျိုးမျိုးအဖုံဖုံခံစားကြရပါတယ်။ ဒါက လူ့သဘောပါပဲ။ စစ်ဖြစ်၊ ဆန္ဒပြ၊ ဗုံးကွဲ၊ ကိုဗစ်ကပ်ဘေးစတဲ့ ဖြစ်ပျက်လာသမျှ အဖြစ်အပျက်တွေ တိုင်းကြောင့် လူတိုင်းစိတ်ခံစားမှု […]

တစ်ပတ်စာ ဗေဒင် (၁- ၃- ၂၀၂၁ မှ ၇- ၃-၂၀၂၁ ထိ)

diz_admin

March 1, 2021

တနင်္ဂနွေကား မဝယ်သင့်သေးပါ။ သင့်လုပ်ငန်းများ အဆင်ပြေလာပါမည်။ ဆိုင်ဖွင့်ခြင်းကိစ္စများ ကောင်းသည်။ ငွေကြေးများစွာ ဝင်လာမည်။ ခရီးသွားမည့်ကိစ္စများ အခက်အခဲ ဖြစ်တတ်သည်။ အိမ်တွင်းရေးအနည်းငယ်သောက ရောက်ရတတ်သည်။ ကျန်းမာရေးစိုးရိမ်စရာ မရှိပါ။ မေတ္တာရေးသည်ကား ရံဖန်ရံခါ ခရောင်းတောလမ်းကို ကျော်ဖြတ်နေရတတ်သည်။ ။အကျိုးပေးသော အရောင် ။ ။ နို့နှစ်ရောင်၊ အနီရောင်အကျိုးမပေးသော အရောင် ။ ။ အဝါရောင်၊ ကြက်သွေးရောင်မစားသင့်သော အစားအစာ ။ ။ မု့န်ဟင်းခါး၊ ရွှေဖရုံသီးယတြာ ။ ။ ဘုန်းကြီးကျောင်းသို့ မုန့်ဟင်းခါးတစ်ချိုင့်လှူပါ။ တနင်္လာနေရာဌာန ပြောင်းရွှေ့ရတတ်သည်။ လုပ်ငန်းများ အောင်မြင်မည်။ အိမ်ဝယ်ခြင်းကိစ္စများ ကောင်းပါသည်။ အမွေအနှစ်များ ရရှိတတ်သည်။ ပြဿနာတစ်ခု ကြုံရတတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ ငွေကတော့ဝင်သလောက်မမြဲဘဲ ဖြစ်နေတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် […]