BREAKING
July 27, 2024
EN MM

ဘဝနေနည်း

အိမ်တွင်းတံမြက်စည်းလုပ်ငန်းများကိုလည်း ကိုဗစ်အလွတ်မပေးပါ

diz_admin

June 15, 2020

ကိုဗစ်နိုင်တင်းကြောင့် တစ်နိုင်တစ်ပိုင်အိမ်တွင်း တံမြက်စည်းလုပ်ငန်းငယ်များ ဝင်ငွေထိုးကျနေသည်မှာ သုံးလခန့်ရှိနေပြီဖြစ်သည်။ အိမ်တွင်းတံမြက်စည်းလုပ်ငန်းများကို မြိတ်တစ်ဖက်ကမ်း အိမ်ခြေငါးရာ နီးပါးခန့်ရှိသည့် ပထော်ကျေးရွာတွင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ပထော်ကျေးရွာနေထိုင်သူအချို့သည် ဥယျာဉ်ခြံမြေလုပ်ငန်းလုပ်ကိုင်ကြပြီး အများစုမှာ တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။ ယင်းအပြင် အိမ်တွင်းမိရိုးဖလာ တံမြက်စည်းပြုလုပ်သည့်လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုသည့် အိမ်ထောင်စု အနည်းဆုံးငါးဆယ်ခန့်ရှိနေကြောင်း ရွာသူရွာသားများထံမှ သိရသည်။ “အဒေါ်တို့ မပေါက်ဖွားခင် မိဘဘိုးဘွားတွေ လက်ထက်ကတည်းက တစ်ရွာလုံးနီးပါးလုပ်လာကြတဲ့ အလုပ်ပေါ့” ဟု အသက် ၆၂ နှစ်ရှိ တံမြက်စည်းလုပ်သူ ဒေါ်သန်းမြင့်က ပြောပြသည်။ ပထော်ရွာမှပြုလုပ်သည့် တံမြက်စည်းများအား မြိတ်ဒေသတွင်း အသုံးပြုသူများသလို မြိတ်ရှိဖောက်သည်များမှ မောတောင်လမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့လည်း တင်ပို့ရောင်းချနေကြကြောင်း တံမြက်စည်းလုပ်ကိုင်သူများက ပြောပြသည်။ ယခုတော့ ကမ္ဘာ့ကပ်ဘေးကိုဗစ်ကြောင့် ပြည်တွင်းယာဉ်အသွားအလာမရှိတော့ဘဲ အိမ်သုံးပစ္စည်းအရောင်းဆိုင်အချို့လည်း ပိတ်ထားရသည်။ ထိုင်းနိုင်ငံသို့ […]

တိရစ္ဆာန်စွန့်ပစ်ပစ္စည်း မစင်များဖြင့် မြေသြဇာဖျော်ရည် ပြုလုပ်သုံးစွဲနည်း

diz_admin

January 9, 2020

တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမစင်များဖြင့် ပြုလုပ်ထားသော မြေဩဇာဖျော်ရည်သည် စိုက်ပျိုးရာသီအတွင်း အပင်များအတွက် လိုအပ်သော အာဟာရဓာတ်များကို လျင်မြန်စွာ ထောက်ပံ့ပေးနိုင်သော သဘာဝမှရသည့် အပင်အာဟာရဓာတ် ရင်းမြစ် တစ်ခု (Natural plant food) ဖြစ်ပါ သည်။ သဘာ၀ မြေဩဇာရည်သည် စနစ် တကျ အသုံးပြုပါက အပင်၏အရွက်များပေါ်မှပင်ဖျန်းပက် အသုံးပြုနိုင်သည်။ အလွန်အကျိုးကျေးဇူးများသော သဘာ၀ မြေဩဇာ ဖြစ်သည်။ ၎င်းတွင် ပါဝင်သော နိုက်ထရိုဂျင်ဓာတ်သည် သီးနှံပင်များအတွက် ပင်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု နှင့် အသီးတင်မှုနှုန်းကို အားပေးပါသည်။ ၎င်းမြေဩဇာရည်ကို ဟင်းသီးဟင်းရွက်များ၊ ပြောင်းနှင့် အခြားနှံစားသီးနှံပင်များတွင် အသုံးပြုနိုင်ပါသည်။ ကိုင်တွယ် အသုံးပြုရ လွယ်ကူ၍ တိရစ္ဆာန်များကိုလည်း အန္တရာယ်မဖြစ်စေပါ။ သဘာ၀ မြေဩဇာဖျော်ရည် အသုံးပြုရခြင်း၏ ကောင်းကျိုးများ နိုက်ထရိုဂျင်ဓာတ်ကို ထောက်ပံ့ရရှိ စေသောကြောင့် […]

ပြာကို မြေသြဇာအဖြစ် အသုံးပြုခြင်း

diz_admin

January 3, 2020

(၁) သစ်သားပြာများကို ခြောက်သွေ့သောရာသီ အပင်များမစိုက်မီကာလတွင် မြေဆီအဖြစ် ထည့်သွင်းပေးခြင်း အားဖြင့် သုံးနိုင်ပါတယ်။ ပိုတက်ရှ်ပါဝင်မှု နှင့် အခြားသော အာဟာရများကြောင့် အပင်များ ကောင်းမွန်စေပါတယ်။ မြေချဉ်တာကိုလည်း ပြင်ဆင်ပေး နိုင်တာကြောင့် သစ်သားပြာများက အသုံးဝင်သော ပစ္စည်း တစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့် မြေချဉ်တာကို မကြိုက်တတ်တဲ့ အပင်တွေ (ဘလူးဘယ်ရီလို၊ တောင် ဇလပ်ပန်းလိုမျိုး) တွေမှာ သုံးပေးနိုင်ရင် အကောင်းဆုံးရလဒ်ကို ရနိုင်တာဖြစ်ပါတယ်။ (၂) ပေ ၃၀ ပတ်လည် (၁၀၀၀ စတုရန်းပေ သို့ ၉၃ စတုရန်းမီတာ သို့ ၁၀ မီတာ ပတ်လည်) လောက်မှာဆိုရင် သစ်သားပြာ ပေါင် ၂၀ (၉ ကီလိုဂရမ်)ကို သုံးပေးရမှာပါ။ သတိထားရမှာက အပုံလိုက် သုံးရမှာမဟုတ်ဘဲ […]