ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ နာမည်ကြီး အင်္ဂလန်တို့ ထိပ်တိုက်တွေ့ပြီ
diz_admin
December 5, 2022ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ နာမည်ကြီး အင်္ဂလန်တို့ကို နိုင်ပွဲတွေရယူပြီး ကွာတားဖိုင်နယ်အဆင့်ဆီကို တက်လှမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ပြင်သစ်ဟာ ပိုလန်ကို သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နာမည်ကြီး အင်္ဂလန်ကတော့ အာဖရိကနိုင်ငံများဖလား လက်ရှိချန်ပိယံ ဆီနီဂေါကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ပြင်သစ်နဲ့ ပိုလန်တို့ရဲ့ပွဲစဉ်မှာ ပိုလန်က ဂိုးကံခေတာမျိုးတွေ ရှိခဲ့ပါတယ်။ ပြင်သစ်ဟာ အဖွင့်ဂိုး မသွင်းယူနိုင်ခင်အထိ အနည်းငယ် ရုန်းကန်ခဲ့ရပြီး ပထမပိုင်း ပွဲကစားချိန် ၄၄ မိနစ်ဆီအရောက်မှာ အဖွင့်ဂိုး ရရှိလိုက်ပြီးတဲ့နောက် ပွဲကို ပြင်သစ်က စိတ်ကြိုက်စိုးမိုးသွားနိုင်ခဲ့ပါတော့တယ်။ ပြင်သစ်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သူ ဂျီရုဒ်ဟာ လက်ရွေးစင်သွင်းဂိုး ၅၂ ဂိုး ရယူလိုက်နိုင်ခြင်းနဲ့အတူ အွန်နရီတင်ထားတဲ့စံချိန်ကို ချိုးဖျက်ကျော်ဖြတ်ပြီး […]