BREAKING
May 1, 2025

အားကစား/ဖျော်ဖြေရေး

ပွဲချီ တစ်ချီတည်းဖြင့် အောင်လအန်ဆန်း ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူ

diz_admin

November 19, 2022

ကချင်တိုင်းရင်းသား အောင်လအန်ဆန်းဟာ ဒီကနေ့ ကျင်းပတဲ့ One Championship ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပွဲစဉ်မှာ ပြိုင်ဘက်ဖြစ်တဲ့ ဂျပန်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ယူရှင်း အိုကာမီကို ပထမအချီမှာပဲ ဒိုင်ပွဲရပ်ရလဒ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ယူရှင်း အိုကာမီ ဟာ ပွဲစတာနဲ့ အောင်လအန်ဆန်းရဲ့ခြေထောက်ကို ချုပ်ကာ ဆွဲလှဲခဲ့ပြီး အောင်လအန်ဆန်းကို ချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ချုပ်ကွက်မှာ နာမည်ကြီးတဲ့ မြန်မာ့စပါးအုံး အောင်လအန်ဆန်းက ယူရှင်း အိုကာမီရဲ့ချုပ်ကွက်တွေကို ဖောက်ထွက်နိုင်ခဲ့ပြီး အဲဒီနောက်မှာတော့ တရစပ်ဆိုသလိုပဲ တိုက်စစ်အားပြုတဲ့ ထိုးသတ်ချက်တွေကို စတင်နိုင်ခဲ့ပါတယ်။ အောင်လအန်ဆန်းရဲ့လက်သီးချက်တွေက ယူရှင်း အိုကာမီရဲ့ဦးခေါင်းနဲ့ မျက်နှာဆီကို မိုးသီးပေါက်ရွာကျသလို တရစပ် ရောက်ရှိလာခဲ့အပြီးမှာတော့ ဒိုင်လူကြီးက ပွဲကို ရပ်နားလိုက်ပြီး အောင်လအန်ဆန်းကို အနိုင်အဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။ အထူးသဖြင့် အောင်လအန်ဆန်းရဲ့ဒူးတစ်ချက် ထိလိုက်တာဟာ ယူရှင်း အိုကာမီကို အထိနာသွားစေခဲ့ပြီး […]

ကြက်တောင်အားကစား ပိုဖွံ့ ဖြိုးဖို့

diz_admin

January 31, 2021

သက်ထားသူဇာနှင့်အတူ ကြက်တောင် အားကစားကို မြန်မာနိုင်ငံတွင် လူပိုစိတ်ဝင်စားလာသည်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်လည်း ကြက်တောင်အားကစားနှင့် ပတ်သက်၍ အစဉ်အလာ ရှိပြီး နိုင်ငံကိုယ်စားပြု၊ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားကောင်းများ မွေးထုတ် ပေးနိုင်ခဲ့သည်။ သဟာယကြက်တောင် အသင်းကို ၁၉၅၃ ခုနှစ်ခန့်ကပင် ဖွဲ့စည်း ခဲ့သည်ကိုတွေ့ရသည်။ သဟာယကြက်တောင် အသင်းအား မြိတ်မြို့၊ ဈေးတန်း ရပ်ကွက်၊ ပုလဲလမ်းမကြီးနှင့် သဟာယလမ်းထောင့်တွင် ဖွင့်လှစ် ထားပြီး ၂၀၁၇ ခုနှစ်တွင် ယခင် အားကစား ရုံဟောင်းအားဖျက်၍ နှစ်ထပ်မိုးလုံ လေလုံအဆောက်အအုံအဖြစ် ပြန်လည် ဆောက်လုပ်ခဲ့သည်။ တစ်ခေတ်တစ်ခါက သဟာယ ကြက်တောင်အသင်း၏ အထင်ကရ ကြက်တောင်အားကစားသမားများ ဖြစ်ကြသည့် ဦးဘွန်ဝါ၊ ဦးစံမြင့်၊ ဦးလှတင့်၊ ဒုတိယဗိုလ်မှူးကြီး လှမြင့်သိန်း၊ ဦးစုံပင် (ခ) ဦးဇုံမင်းဝေ စသည့်အားကစားသမား […]

လူငယ်များ မဲပေးရေးအတွက် သီချင်းဆိုပြိုင်ပွဲ

diz_admin

September 22, 2020

လူငယ်များ မဲလာပေးရေးအတွက် ဦးတည်တဲ့ သီချင်းဆိုပြိုင်ပွဲကို စက်တင်ဘာလ ၁၆ ရက်ကနေ နောက်လ အောက်တိုဘာ ၉ ရက်နေ့အထိ ကျင်းပဖို့ ရှိနေပါတယ်။ The International Foundation for Electoral Systems(IFES) က ဦးဆောင်ကျင်းပနေတာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အတွင်း မြန်မာနိုင်ငံတစ်ဝန်းက မည်သူမဆို ဝင်ပြိုင်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်သံစဉ်သီချင်းဖြစ်ဖို့တော့ လိုပါမယ်။ ဂီတအမျိုးအစားမျိုးစုံ ပါဝင်ယှဉ်ပြိုင် ခွင့်ရှိပါတယ်။ တစ်ခုရှိတာက လာမယ့်ရွေးကောက်ပွဲမှာ လူငယ်တွေ မဲသွားပေးဖို့ အားပေးတာနဲ့ ဒီမိုကရေစီစနစ်မှာ လူငယ်တွေရဲ့ ဆန္ဒမဲဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာတွေကို သီချင်းစာသားထဲမှာ ပေါ်လွင်အောင် ထည့်သွင်းရေးဖွဲ့ဖို့ လိုတယ်လို့ အစီအစဉ်ကို ဦးဆောင်သူတွေက စည်းကမ်းသတ်မှတ် ထားပါတယ်။ […]

သင်္ဘောသားနဲ့ ပင်လယ်ခုနှစ်စင်း

diz_admin

August 15, 2020

ကိုအောင်းမျိုးက ထားဝယ်မြို့ ပိန္နဲတောနဲ့ ပုံကျွန်းရပ်ကွက်တွေမှာနေခဲ့တာပါ။ ကိုးတန်းအောင်ပြီးတော့မှ ရန်ကုန်ကို ပြောင်းသွားလိုက်ပြီးတော့ အဲဒီမှာပဲ ဆယ်တန်းစာမေးပွဲအောင်မြင်ပြီး ရေကြောင်းတက္ကသိုလ်ကျောင်းသားဖြစ်လာခဲ့တာပါ။ ရေကြောင်းတက္ကသိုလ်ကျောင်းသားဘဝက ဝါသနာတူသူငယ်ချင်းတွေပေါင်းပြီး ဆိုတီးကြရင်းနဲ့ အခု ၂၀၂၀ ပြည့်နှစ်ထဲရောက်တော့မှ သူ့ရဲ့ပထမဆုံး ပင်လယ်ခုနှစ်စင်းကို အခွေအဖြင့်နဲ့ ပရိတ်သတ်ဆီအရောက်ပို့နိုင်ခဲ့တာလို့ ဆိုပါတယ်။ “စပြီးသီးချင်းတွေလုပ်နေတာကကြာပြီ ၂၀ဝ၈ ကတည်းက စတာကို။ အခုမှ အခွေအဖြင့် ပင်လယ်ခုနှစ်စင်းဆိုပြီး ဖြစ်လာတာ” ဟု ကိုအောင်မျိုးက ဆိုသည်။

ထားဝယ်သားရဲ့ ပင်လယ်ခုနစ်စင်း

diz_admin

August 11, 2020

ကျောင်းခန်းထဲမှာ သီချင်းဆိုလို့ အရိုက်ခံခဲ့ရတဲ့အဆိုတော်လို့ ပြောရင် ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ကြီး လွှမ်းမိုးကိုပဲ ပြေးမြင်ကြပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း အရိုက်ခံခဲ့ရတာဟာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူ့လိုပဲ အဆိုတော်ဖြစ်ဖို့ ဝါသနာကြီးလွန်းတဲ့ လူငယ်တွေများစွာ ရှိခဲ့ကြ ပါလိမ့်မယ်။ ကွမ်းသမားနှင့် ကိုဗစ် အဲဒီထဲမှာ ထားဝယ်သား ကိုအောင်မျိုးလည်း ပါဝင်ပါတယ်။ အခုဆိုရင် ကိုအောင်မျိုးဟာလည်း ဂီတရပ်ဝန်းထဲမှာ သူ့ရဲ့ပထမဆုံးမှတ်တိုင်ကို စိုက်ထူဖို့ အသင့်ဖြစ်နေပါပြီ။ သူရဲ့ တီးဝိုင်းဖြစ်တဲ့ Chaos နဲ့အတူ ဖန်တီးပုံ ဖော်ထားတဲ့ “ပင်လယ်ခုနစ်စင်း” သီချင်းခွေဟာ ဒီတစ်ပတ်ထဲမှာ ထွက်လာတော့မှာပါ။ The Sun Music ကနေ သြဂုတ်လ ၁၆ ရက်မှာ စဖြန့်မှာဖြစ်ပါတယ်။ လူနှင့်လမ်း၊ ပင်လယ်ခုနစ်စင်း၊ ခရီးရှည်၊ နေရာအမှား၊ တခုတ်တရအိမ်မက်များ၊ စတဲ့သီချင်းတွေ […]

ကျူ ဝင်နေသူများကို အကဖြင့် ဖျော်ဖြေမည်

diz_admin

May 19, 2020

ထားဝယ်မြို့ပေါ်တွင် ၂၁ ရက် အသွားအလာကန့်သတ်စောင့်ကြည့် စခန်းဝင်နေသူများကို မြူးကြွသည့် တေးသီချင်းဖြင့်သီဆိုကာ ကိုယ်လက်လှုပ်ရှား အားကစားတစ်မျိုးဖြစ်သော Physical Fitness Dance ဖြင့် လိုက်လံဖျော်ဖြေမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ယင်းအစီအစဉ်ကို ထားဝယ်မြို့ပေါ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများတွင် တစ်လတာ အလှည့်ကျစနစ်ဖြင့် လိုက်လံဖျော်ဖြေမည်ဖြစ်ကြောင်း အထက်ပါဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က ပြောသည်။ “ဒီအထဲမှာ ၂၁ ရက်လုံး နေနေတဲ့သူတွေဆိုတော့ သူတို့ရဲ့ စိတ်ပျော်ရွင်မှုအတွက် ကိုယ်လက်လှုပ်ရှားမှုဖြစ်အောင်ဆိုပြီးတော့ လိုက်လုပ်ပေးတာ။ စိတ်လက်ပျော်ရွှင်ပြီး ခန္ဓာကိုယ် လန်းလန်းဆန်းဆန်းဖြစ်အောင် လုပ်ပေးတဲ့သဘောပေါ့” ဟု ဦးမောင်မောင်မြင့်က ပြောသည်။ မေလ ၁၃ ရက်က ထားဝယ်တက္ကသိုလ်တွင် အသွားအလာကန့်သတ်ထားသူများကို ဖျော်ဖြေခဲ့ပြီး မေလ ၁၄ ရက်တွင် သီတဂူဆေးရုံတွင်ဖျော်ဖြေခဲ့ကြောင်း ၎င်းကပြောသည်။ တိုင်းအတွင်းရှိ အသွားအလာကန့်သတ် […]

ဘောလုံးနည်းပြသင်တန်း ကော့သောင်းတွင် ပြုလုပ်မည်

diz_admin

March 13, 2020

ယခုနှစ်တွင် ပြုလုပ်မည့် ဘောလုံး နည်းပြ (စီလိုင်စင်) သင်တန်းကို ကော့သောင်းမြို့တွင် ဧပြီလ ၂၅ ရက်မှ ၃၀ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီး ဌာနထံမှ သိရသည်။ ယင်းသင်တန်းကို ထားဝယ်နှင့် မြိတ်မြို့တို့ တစ်ကြိမ်စီ ကျင်းပပြီးဖြစ် သောကြောင့် ယခုနှစ် ကော့သောင်းမြို့ တွင် ကျင်းပခြင်းဖြစ်ကြောင်း အထက်ပါ ဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ယင်းသင်တန်းတွင် လက်ရှိ ဘောလုံး အားကစားသမား(သို့) ဘောလုံးအား ကစားသမားဟောင်း အသက် ၁၈ နှစ်မှ ၆၀ အထိ ရှိသူများ လျှောက်ထားနိုင် ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။ သင်တန်းတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ အေလိုင်စင်ရရှိထားသည့် နည်းပြနှစ်ဦးက […]

တနင်္သာရီတိုင်း အမျိုးသမီးဘောလုံးအသင်း အောင်မြင်ရေးအတွက် အစီအစဉ်

diz_admin

March 13, 2020

ယခုနှစ် တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ပြိုင်ပွဲတွင် အဆင့်လေး သာရရှိခဲ့သော တနင်္သာရီတိုင်းအသင်း လာမည့်နှစ်တွင် အောင်မြင်မူရရှိရေး တိုင်းအားကစားနှင့် ကာယပညာဦးစီး ဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တနင်္သာရီအသင်းသည် ကစားသမား အင်အား ၁၄ ဦးတည်းဖြင့် အကြို ဗိုလ်လုပွဲကို ဧရာဝတီအသင်းနှင့် ကစား ခဲ့ရပြီး ယင်းပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ တတိယနေရာလုပွဲတွင်လည်း မွန်ပြည် နယ်အသင်းကို ပင်နယ်တီဖြင့် အရှုံးပေး ခဲ့ရသဖြင့် အဆင့်လေးနေရာကိုသာ ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲကို ယမန်နှစ် ဒီဇင်ဘာ လကပြုလုပ်သည့် ကျောင်းသား အားကစားပွဲတော်တွင် ပထမရသည့် အသင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး အဆင့် လေးရရှိလာခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ယင်းသည် တနင်္သာရီတိုင်း […]