တိုင်းအစိုးရအဖွဲ့ဝင်များ နေအိမ်အကျယ်ချုပ်မှ လွတ်
diz_admin
February 22, 2021တပ်မတော်အာဏာသိမ်းပြီးနောက် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားရသည့် တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း မိသားစုဝင် အချို့ထံမှသိရသည်။ အာဏာသိမ်းပြီးနောက် တိုင်းလွှတ် တော်ဥက္ကဋ္ဌ အပါအဝင် တိုင်းအစိုးရ အဖွဲ့ဝင်ဝန်ကြီးအချို့ကို တပ်စခန်းများ တွင်ဖမ်းဆီးထားခဲ့သည်။ ထိုနောက် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ၎င်းတို့ကို တိုင်းအစိုးရအဖွဲ့ဝန် ကြီးများအိမ်ရာဝင်းအတွင်း နေအိမ် အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ ရွေးကော်ဥက္ကဋ္ဌများ ကိုးရက်ကြာသည်အထိ ပြန်မလွတ်သေး ဖေဖော်ဝါရီလ ၁၇ ရက်နံနက်ပိုင်း တွင် တိုင်းစီမံအုပ်ချုပ်ရေးကောင်စီအ ဖွဲ့ဝင်(ယခင်လုံနယ်ဝန်ကြီး) ဗိုလ်မှူးကြီး ကျော်ဇေယျက မိမိတို့နေအိမ်များသို့ ပြန်နိုင်ပြီဟု လာပြောခဲ့ကြောင်း ဝန်ကြီး ဦးဟိုပင်၏ ဇနီး ဒေါ်မာမာလွင်က Dawei Watch သို့ ပြောသည်။ ဝန်ကြီးများအိမ်ရာဝင်းအတွင်း ဦးဟိုပင် အပါအဝင် စုစုပေါင်း […]


