ကံပေါက်အနီးနားကျေးရွာအချို့ တပ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စတင်တာဝန်ယူ
diz_admin
March 9, 2021ပြည်သူအများစုက လက်ခံခြင်း မရှိသော်လည်း ရေဖြူမြို့နယ် ကံပေါက် ဒေသအနီးနားရှိ ကျေးရွာအချို့တွင် တပ်ကောင်စီက ခန့်အပ်သည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ စတင်တာဝန်ယူ နေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ ကံပေါက်၊ ဖောင်းတော၊ ဟိန္ဒာရာဇာ၊ နတ်ကြီးစဉ်၊ ဇာဒီ စသည့်ကျေးရွာအုပ်များ ထံ မတ်လ ၅ ရက်က ဆက်သွယ်မေးမြန်း ခဲ့ရာ ဇာဒီနှင့် နတ်ကြီးစင်ရွာတွင် တပ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတို့ ပြီးခဲ့သည့် ရက်ပိုင်းက စတင်တာဝန်ယူနေကြောင်း ပြောဆိုကြသည်။ “အခုခန့်လိုက်တဲ့သူကိုတော့ တစ်ရွာလုံးကကိုမလိုချင်ကြဘူး။ ကျွန်တော်တို့လည်း အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဆန္ဒထုတ်ဖော်မယ်ဆိုပြီးတော့စဉ်းစားထားကြတယ်” ဟု နတ်ကြီးစင် ရွာသား တစ်ဦးက ဆိုသည်။ ဇာဒီကျေးရွာတွင်မူ ရွာသားများ ရွေးချယ်ပေးလိုက်သည့် အုပ်ချုပ်ရေးမှူးကို မြို့နယ်ကပယ်ချလိုက်ပြီး ၎င်းတို့ရွေး ချယ်ပေးသူတစ်ဦးကခန့်အပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဖောင်းတောကျေးရွာတွင်မူ မြို့နယ်မှ […]


