လူနာပို့ရင်း အဖမ်းခံရသည့် ပရဟိတဝန်ထမ်း နှစ်ဦး ထောင်တစ်လစီ ချမှတ်ခံရ
diz_admin
March 18, 2021မော်လမြိုင် တပ်မတော် ဆေးရုံသို့ သို့ လူနာပို့ပြီး အပြန် ညပိုင်းတွင် ဖမ်းဆီးခံရသည့် ကျိုက်ခမီမြို့မှ ပရဟိတစေတနာ့ဝန်ထမ်း နှစ်ဦးအား ပုဒ်မ ၁၈၈ ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်တစ်လစီ ချမှတ်ခံရသည်။ ကျိုက်ခမီမြို့ ဟိတကာရီ ဗုဒ္ဓဘာသာလူငယ်များအသင်းမှ ပရဟိတစေတနာ့ဝန်ထမ်း နှစ်ဦးသည် မတ်လ ၁၀ ရက်နေ့ညက ပိုးထိ အရေးပေါ်လူနာကို မော်လမြိုင် ကုတင် ၃၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ပြီး အပြန် ကျိုက်ခမီမြို့အဝင် ရာမာန်ဆီဆိုင်တွင် ဖမ်းဆီခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ စေတနာ့ဝန်ထမ်း ၂ ဦးကို ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခဲ့ပြီး မတ်လ ၁၆ ရက်နေ့က သံဖြူဇရပ်မြို့နယ်တရားရုံမှ ထောင်ဒဏ်တစ်လ ကျခံစေရန် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ “လူနာပို့ပြီးအပြန် ကျိုက်ခမီမြို့အဝင်မှာ ဖမ်းဆီးခံရတာပါ […]


