ထားဝယ်မြို့အနီး ကသန်းကျေးရွာ ပစ်ခတ်မှု
diz_admin
April 10, 2021ထားဝယ်မြို့အနီး ကျေးရွာတစ်ရွာတွင် ဧပြီလ၁၀ ရက်နေ့ နံနက်ပိုင်းက သေနတ်ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်အတွင်း ကရင်တိုင်းရင်းသားတစ်ဦး သေဆုံးသွားခဲ့ပြီး တပ်ဆေးရုံကမူ ဆိုင်ကယ်လဲသဖြင့် သေဆုံးသည်ဟု ဆိုသည်။ အသက် ၃၉ နှစ်အရွယ်ရှိ စောဆဲနေမူးသည် ဓားသွေးကျောက်ကျေးရွာမှ ထားဝယ်မြို့ဘက်သို့လာစဉ် မြို့အဝင်ဖြစ်သည့် ဗျောတောဝဂိတ်တွင် စစ်ဆေးရန် ရဲနှင့် စစ်တပ်က တားဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ ထိုသို့ တားဆီးသည်ကို ကရင်အမျိုးသားက ကြောက်လန့်ပြီး လာရာလမ်းအတိုင်း ပြန်မောင်းပြေးခဲ့သည်ဟု ဆိုသည်။ ထိုသူမောင်းပြေးရာနောက်သို့ သေနတ်ကိုင်ထားသည့် အရပ်ဝတ်များက ဆိုင်ကယ်သုံးစီးဖြင့် လိုက်သွားသည်ကို တွေ့ရကြောင်း မြင်တွေ့ခဲ့သည့် အသက် ၄၀ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုနောက် သေနတ်သံခြောက်ချက်ခန့်ကြားရပြီး ဗျောတောဝဂိတ်နှင့် သုံးမိုင်ခန့်အကွာရှိ ကသန်းကျေးရွာတွင် ဆိုင်ကယ်လဲသွားကြောင်း ဒေသခံအချို့က […]


