ဦးမြင့်မောင်အား ဘေးစီမံဥပဒေဖြင့် ထပ်တရားစွဲ
diz_admin
April 29, 2021တပ်အာဏာသိမ်းပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အား ဘေးစီမံဥပဒေပုဒ်မဖြင့် ထပ်မံတရားစွဲထားပြီး ဧပြီလ ၂၉ ရက်နေ့ ရုံးချိန်းကို မစစ်ဆေးဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။ ဦးမြင့်မောင်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅ ဖြင့် ကော့သောင်းမြို့နယ် တရားရုံးတွင် တရားစွဲထားကြောင်း ၎င်းက ဆိုသည်။ ထိုကဲ့သို့ စွဲဆိုထားသည့်အတွက် တရားလိုဘက်မှ ထားဝယ်မြို့နယ်တရားရုံးသို့ ပြောင်းရွေ့စစ်ဆေးရန် လျှောက်ထားသည်ဟု အထက်ပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။ တရားစွဲအဖွဲ့အစည်းမှ တိုင်းတရားလွှတ်တော်ထံ ရုံးပြောင်းလျှောက်ထားခြင်းဖြစ်ပြီး ယင်းအမှုကိုကြားနာရန် လက်ရှိ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုအား မစစ်ဆေးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ထားဝယ်မြို့နယ်တရားရုံးမှာ လက်ရှိရှိနေတဲ့အမှုကို တောင်းခေါ်လိုက်တယ် တိုင်းဒေသကြီးတရားလွှတ်တော်မှာ ကြားနာပြီးမှ အမှုဆက်ပြီးတော့ စစ်ဆေးမှာ ဖြစ်တဲ့အတွက် မေလ […]


