ညင်းမော်ရွာ သပိတ်
diz_admin
June 4, 2021လောင်းလုံးမြို့နယ် ညင်းမော်ရွာမှာ ဇွန်လ ၄ ရက်နေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါလောင်းလုံးမြို့နယ် ညင်းမော်ရွာမှာ ဇွန်လ ၄ ရက်နေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ထဲက ပန်းဒလဲ၊စစ်ပြဲ ကျေးရွာတွေမှာ ဇွန်လ ၃ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်
လောင်းလုံးမြို့နယ်ထဲက ဝေဒီ၊ဂေါ့အင်း၊ရေဖြူ၊ကဒက်ကြီးစတဲ့ကျေးရွာတွေမှာ ဇွန်လ ၄ ရက်နေ့ ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
လောင်းလုံးမြိုနယ်ထဲက ညင်းမော် ကျေးရွာတွင် ဇွန်လ ၃ ရက်နေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ အဲဒီမြို့နယ်ထဲကပင်လယ်ကမ်းခြေတစ်ခုမှာလည်း World Bicycle Day(Revolution youth. Campaign) ပြုလုပ်ခဲ့ပါတယ်။
လောင်းလုံးမြိုနယ်ထဲက ကညုံကျွန်း၊ဂေါ့အင်း၊ ရေဖြူ၊ ကဒက်ကြီး၊အောက်ကျောက်ဝပ် စတဲ့ကျေးရွာတွေမှာ ဇွန်လ ၂ ရက် ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
မြိတ်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည့် DVB သတင်းထောက် ကိုအောင်ကျော်နှင့် မဇ္ဈိမ အလွတ်တန်းသတင်းထောက်ဖြစ်သူ ကိုဇော်ဇော် တို့ အား ဇွန်လ ၂ ရက်နေ့ နေ့လယ်တွင် တစ်ဉီးကို၂ နှစ်စီအမိန့်ချလိုက်ကြောင်း ကာယကံရှင် မိသားစုထံမှသိရသည်။ DVB သတင်းထောက် ကိုအောင်ကျော် ကို မတ်လ ၁ ရက်နေ့က တပ်ကောင်စီကဖမ်းဆီးခဲ့ပြီး ထောင်တွင်းယာယီတရားရုံး၌ ရုံးချိန်း ၇ ကြိမ် ခေါ်ယူပြီးနောက် ယနေ့တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။ “သူတို့လုပ်ရပ်တွေ သတင်းအမှောင်ချချင်လို့ မီဒီယာတွေကို မတရားဖမ်းဆီးတာလို့မြင်တယ်။ လက်ရှိတရားဉပဒေစိုးမိုးမှုကို သူရော၊ ကျွန်မပါမယုံကြည်တဲ့အတွက် ဆက်လက်ပြီးအယူခံဝင်သွားဖို့ ဆန္ဒလည်းမရှိပါဘူး”ဟု ကိုအောင်ကျော်၏ဇနီးဖြစ်သူ မနေခြည်မိုးထက် ကပြောသည်။ အလားတူ ဧပြီလ ၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည် မဇ္ဈိမ သတင်းဌာန၏ အလွတ်တန်းသတင်းထောက် ကိုဇော်ဇော် ကိုလည်း […]
မွန်ပြည်နယ် သံဖြူဇရပ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဆောင်တစ်ခုအတွင်း ဇွန်လ ၃ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က လက်လုပ်ချိန်ကိုက်မိုင်း ၃ လုံး တွေ့ရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။ ချိန်ကိုက်မိုင်းများကို ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်တစ်ခု၏ အမှိုက်ပုံးနေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ အချိန်မီလာရောက် ရှင်းလင်းခဲ့သည်ဟုလည်း သိရသည်။ အလားတူ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ရေးမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်းတစ်ခုတွင်လည်း မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထိုကဲ့သို့ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းအချို့တို့တွင် ဗုံးတွေ့ရှိမှု ဆက်တိုက်ရှိလာသည့်အတွက် ကျောင်းသူ ကျောင်းသားမိဘများအကြား စိုးရိမ်ထိန့်လန့်စရာဖြစ်လာသည်။ “အခုက ကျောင်းဖွင့်နေပြီးလေ ကျောင်းမတက်ကြတာရှိသလို ကျောင်းတက်နေတဲ့ ကလေးတွေလည်း ရှိတယ်၊ ဒီကလေးတွေအတွက် […]
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် သော့ကြာပြင်ကျေးရွာတွင် မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံလိုက်ရသော ကိုချစ်သိန်း အား တရားမစွဲမီ ကိုဗစ် စင်တာသို့ ပို့ဆောင်ထားကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးထံမှ သိရသည်။ ကိုချစ်သိန်းအား မောင်းမကန်နယ်မြေရဲတပ်ဖွဲ့စခန်းမှ မေးမြန်းစရာ ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲမည်ဟု သိထားကြောင်း ၎င်းကဆိုသည်။ ခေတ္တခေါ်ယူပြီး ပြန်လွှတ်ပေးမည်ဟုဆိုသော်လည်း ဇွန်လ ၃ ရက်နေ့အထိ ပြန်လွှတ်ပေးခြင်း မရှိကြောင်း သူက ဆိုသည်။ “ကျွန်မအနေနဲ့ မထင်ထားဘူး အရမ်းခံစားရတယ်”ဟု ဆွေမျိုးတော်စပ်သူအမျိုးသမီး ကဆိုသည်။ ကိုချစ်သိန်းသည် ကျေးရွာအတွင်း ပရဟိတလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ကူညီတတ်သူတစ်ဦးဖြစ်ပြီး သမီးသုံးဦးရှိသည်။