ကိုဗစ်ကာလ ဝိုးတဝါးအတွေးများ
diz_admin
October 8, 2020မနက်လင်းတာနဲ့ ပထမဆုံး ဖွင့်ကြည့်မိတာ လူမှုကွန်ရက်ပေါ်က ကိုဗစ် သတင်းတွေဖြစ်သလို ညဘက်အိပ်ရာ ဝင်ချိန်မှာလည်း အဲသည် သတင်းတွေကိုပဲ ဖွင့်ကြည့်ရင်း ရင်ထဲ လေးလေးလံလံ ဖြစ်ပြီးမှ အိပ်ဖြစ်ခဲ့တဲ့ ညတွေ များခဲ့ပါပြီ။ ကမ္ဘာ့ကပ်ဘေး ဖြစ်နေတဲ့ ကိုးလကျော် သက်တမ်းမှာ ကိုဗစ်ဟာ ကျွန်တော်တို့ရဲ့ အနီးကပ်ဆုံးအထိ ထိုးဖောက် လာနိုင်ခဲ့တယ်။ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစု ၊ ကိုယ့်ရပ် ကိုယ့်ရွာရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ တစ်ပါတည်း ခြိမ်းခြောက်နေပြီး ဝမ်းစာရေးသာမက ကိုယ့်အသက်ရှင် ရပ်တည်နေထိုင်မှု၊ ကျန်းမာရေးအတွက်ပါ ခြိမ်းခြောက်မှုတွေနဲ့ ပြဿနာတွေ ပေးလာတာ အထင်အရှားပါပဲ။ ကိုဗစ် အလွန်ကာလမှာ ကိုယ်တွေအတွက် အနာဂတ်ဆိုတာ ရှိနိုင်ပါ့ဦးမလားဆိုတဲ့ အတွေးတွေအထိ တွေးမိသလို အဲသည်အတွက် အဖြေကလည်း ဝိုးတဝါးပါပဲ။ လမြးတှေ […]


