မြန်မာ့ဖက်ဒရယ်ပညာရေးအတွက် သတိပြုစရာ
Dawei Watch
May 18, 2025ပြီးခဲ့တဲ့လမှာ အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီဟာ တမီးလ်နာဒူးပြည်နယ်က လူထုဟောပြောပွဲတစ်ခုမှာ ပြည်နယ်ခေါင်းဆောင်တွေကို လှောင်ပြောင်လိုက်ပါတယ်။ “တမီးလ်နာဒူးပြည်နယ်ရဲ့ အစိုးရဝန်ကြီးမင်းများဟာ သူတို့ရဲ့ တမီးလ်ဘာသာစကားကို ဂုဏ်ယူတယ်ဆိုပြီး ပြောလေ့ရှိကြတယ်။ ဒါပေမဲ့ သူတို့တွေ ကျွန်တော့်ဆီကို စာရေးတဲ့အချိန်တိုင်း အင်္ဂလိပ်လိုပဲ ရေးပြီး အင်္ဂလိပ်လိုပဲ လက်မှတ်ထိုးကြတယ်။ တမီးလ်စကားကို သူတို့ ဘာလို့ မသုံးကြတာလဲ” မိုဒီက မေးခွန်းထုတ်ပါတယ်။ “သူတို့ရဲ့ တမီးလ်မာနက ဘယ်ရောက်သွားတာလဲ” ဒါဟာ မိုဒီဦးဆောင်တဲ့ အိန္ဒိယဗဟိုအစိုးရနဲ့ တမီးလ်နာဒူးပြည်နယ်အစိုးရအကြား တောက်လောင်နေတဲ့ ဘာသာစကားပဋိပက္ခတစ်ခုကို လှစ်ဟပြနေတဲ့ စကားလုံးတွေပဲ ဖြစ်ပါတယ်။ အိန္ဒိယဟာ မြန်မာပြည်အတွက် အတုယူစရာ ဖက်ဒရယ်မော်ဒယ်တစ်ခု ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလင့်တနာက ညွှန်းဆိုခဲ့ဖူးပါတယ်။ အိန္ဒိယရဲ့ ဖက်ဒရယ်ပညာရေးကဏ္ဍမှာ တိုင်းရင်းသားဘာသာစကားသင်ကြားရေးနဲ့ ပတ်သက်လို့ သမိုင်းကြောင်းနဲ့ချီ ဖြစ်ပေါ်လာတဲ့ […]