တောင်းပန်ခြင်း အစအနများ
Dawei Watch
January 3, 2026မနေ့ နေ့လယ်လောက်က ရုံးခန်းထဲ ထိုင်ရင်း ကြည်နူးဖွယ် အခြေအနေလေးတစ်ခု ကောက်ရခဲ့တယ်။ “အမေတို့ နောက်ကျသွားတယ်နော် သမီးလေး။ မေမေ တောင်းပန်ပါတယ်။ အဆင်ပြေတယ်မလား သမီးလေး။ နောက်နေ့ နောက်မကျစေရဘူး” “ဖေဖေလည်းတောင်းပန်တယ်နော် သမီး။ အလုပ်လေး လက်စသတ်မရဘဲဖြစ်နေလို့ ဖေဖေတို့ နောက်ကျသွားတာပါ။ သမီးစိတ်ဆိုးနေတာလား။ ဖေဖေ ဘာလုပ်ပေးရမလဲ။ မနက်ဖြန်တော့ နောက်မကျဘဲ လာကြိုမယ်နော်” “ ဘေဘီချိတ်ချိုးပါဘူး။ ချင်ပြေပါတယ် ဖေဖေ။ ဘေဘီ့ကို အာဘွားတုံးခါပေး” “ ဟား….ရတာပေါ့။ ခုပေးရမှာလား အိမ်ရောက်မှ ပေးရမှာလား” “ ခုပေး ဖေဖေ” “ ကဲဗျာ…ကဲဗျာ….ကဲဗျ….။ သုံးကြိမ်ပြည့်ပြီနော်။ ဖေဖေတို့ ပြန်ကြရအောင် တီချယ်တို့ကို နှုတ်ဆက်လိုက်ပါဦး” “ အိမ်မပြန်ခင် အမေတို့ ဈေးဝယ်စင်တာသွားပြီး သမီးလိုချင်နေတဲ့ ခရစ်စမတ်ဖိုးဖိုး […]


