ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီပုံရိပ်

ဗြောက်ကြားမှာ အသက်ငင်နေသည့် ကမ်းနီးရေလုပ်ငန်း

Dawei Watch

January 10, 2026

ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သော တနင်္သာရီတိုင်းမှ ဒေသခံအများစုမှာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသူများ ဖြစ်သည်။ အာဏာမသိမ်းမီက စီးပွားရေး ချောင်လည်ခဲ့ကြသော ကမ်းနီးရေလုပ်သားများသည် ယခုအခါ အခက်အခဲ အကျပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။ စက်သုံးဆီဈေးနှုန်းနှင့် စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် လှေထွက်စရိတ်နှင့် ရရှိသည့်အမြတ် မမျှတတော့ဘဲ အရှုံးပေါ်သည့်ရက်များ များပြားလာနေသည်။ လမ်းပိတ်ဆို့မှုများကြောင့် ထိုင်းနိုင်ငံသို့ ငါးတင်ပို့ရန် ခက်ခဲလာပြီး ငါးဈေးနှုန်းများလည်း ကျဆင်းနေသည်။ အချို့နေရာများတွင် ညဘက်ငါးဖမ်းထွက်ပါက စစ်အာဏာရှင်ရေတပ်က ရမ်းသမ်းပစ်ခတ်မှုများ ရှိနေသလို၊ နေ့ဘက်တွင်လည်း စစ်သင်္ဘောများ၏ ဖမ်းဆီးစစ်ဆေးခြင်း၊ ငါးများကို အဓမ္မတောင်းခံခြင်းနှင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းများကို ကမ်းနီးရေလုပ်သားများ ကြုံတွေ့နေရသည်။ ရေလုပ်သားများသည် ဝမ်းစာရှာဖွေနိုင်ရန်အတွက် စစ်အာဏာရှင်တပ် အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးကို ငွေကြေးပေးဆောင်ပြီးမှ ငါးဖမ်းထွက်နေကြရခြင်း ဖြစ်သည်။ ထို့ပြင် ကမ်းဝေးငါးဖမ်းလှေများ၏ စည်းကမ်းမဲ့ ကျူးကျော်ငါးဖမ်းဆီးမှုဒဏ်ကိုလည်း ကမ်းနီးလှေငယ်သမားများ […]

မူကြိုတဲ့လား …. အသက်ရှင်ဖို့ ပိုအရေးကြီးတယ်..

Dawei Watch

December 31, 2025

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများ၏ဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသည့် ဒေသများထဲတွင် တနင်္သာရီတိုင်းလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ပဋိပက္ခများကြောင့် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အစစအရာရာ ပြိုကျပျက်စီးခဲ့ပြီး အဆိုးဆုံးမှာ ကျေးလက်ဒေသများဖြစ်သည်။ မြို့ပြများမှာ ငွေကြေးတတ်နိုင်ပါက အဆင်ပြေနိုင်သေးသော်လည်း ကျေးလက်များတွင်မူ ပညာရေး၊ကျန်းမာရေး ဆိုးဆိုးရွားရွား ပြိုကျပျက်စီးမှုဒဏ်ကို ကြုံတွေ့နေကြရသည်။ ယင်းတို့တွင် ပဋိပက္ခဒေသများရှိ ကျေးလက်နေ ကလေးများ၏ ပညာရေးမှာ လုံးဝရပ်တန့်သွားပြီဖြစ်၍ ပိုမိုဆိုးရွားသည်ဟု ဆိုရမည်ဖြစ်သည်။ ကျေးရွာအဆင့် မူကြိုကျောင်းများစွာသည် တံခါးပိတ်ထားရသည့်အပြင် အဆောက်အအုံများပါ ပြိုပျက်ယိုယွင်းကာ ခြုံနွယ်များအောက် ရောက်ရှိနေပြီ ဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လူထုအခြေပြု အခြေခံပညာကျောင်းများ တော်လှန်ရေးနယ်မြေအနှံ့တွင် ပေါ်ပေါက်လာခဲ့သော်လည်း မူကြိုကျောင်းများမှာ ယနေ့ထက်တိုင် ကွက်လပ်ကြီးတစ်ခုဖြစ်နေဆဲပင်။ ကလေးတစ်ဦး၏ ဦးနှောက်ဖွံ့ဖြိုးမှုမှာ အသက် […]

လှုပ်လေမြုပ်လေ ဖြစ်နေတဲ့ တောင်သူတွေ

Dawei Watch

December 13, 2025

အာဏာသိမ်းပြီး ၅ နှစ်နီးပါးကြာလာချိန်တွင် တနင်္သာရီတိုင်းအတွင်းရှိ တောင်သူလယ်သမားများ၊ ဥယျာဉ်ခြံ လုပ်ကိုင်သူများမှာ လှုပ်လေမြုပ်လေ အခြေအနေမျိုးဖြင့် ရင်ဆိုင်နေကြရသည်။ စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးချိန်တွင် လုပ်လက်စ အလုပ်များပစ်ချကာ နေရပ်စွန့်ခွာ ထွက်ပြေးကြရ ပြီး စစ်ကြောင်းပြန်သွားချိန်မှသာ သက်ဆိုင်ရာ ဥယျာဉ်ခြံများ၊ လယ်ယာလုပ်ငန်းခွင်များကို ဝင်ရောက်လုပ် ကိုင်ကြရပြန်သည်။ လက်ရှိကာလကဲ့သို့ ပွင့်လင်းရာသီ၌ စပါးရိတ်သိမ်းခြင်း၊ ရာဘာခြစ်ခြင်း၊ ကွမ်းသီးခူးခြင်း စသဖြင့် လုပ်ကိုင်နေကြချိန်တွင် စစ်ကြောင်းဝင်လာပါက ဆုံးရှုံးမှုများစွာ ကြုံတွေ့ကြရသည်။ အထွေထွေကုန်စျေးနှုန်း ကြီးမြင့်မှုကြောင့် ဓာတ်ဆီ၊ဒီဇယ်ဆီ၊ဓာတ်မြေသြဇာ၊ပိုးသတ်ဆေး အစရှိသော သွင်းအားစုများ စျေးကြီးပေးဝယ်ကြရသလို လုပ်အားခစျေးမှာလည်း အလွန်မြင့်မားလှသည်။ ယင်းကြောင့် ဥယျာဉ်ခြံရှင်များ၊ လယ်ယာရှင်များမှာ ရှိသမျှငွေကြေး စိုက်ထုတ်ကာ လုပ်ကိုင်ကြသော်လည်း ရိတ်သိမ်း၊ဆွတ်ခူးချိန်တွင် စစ်ဘေးကြောင့် ဆုံးရှုံးမှုများ ရင်ဆိုင်ကြရသည်။ ယင်းအပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် အထွက်နှုန်းကျသည်မျိုး ကြုံတွေ့ကြရသလို […]

ပြကွက်ဟောင်းနဲ့ မျက်လှည့်ပွဲ လူတွေစိတ်ဝင်စားရဲ့လား (အပိုင်း – ၂)

Dawei Watch

November 22, 2025

တစ်နိုင်ငံလုံး စစ်မီးတောက်နေပြီး ပြည်သူလူထုမှာ အထွေထွေအကျပ်အတည်း ဆိုက်ရောက်နေချိန်၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး လက်နက်ကိုင်အဖွဲ့အစည်းများအကြား ပြည်သူလူထုမှာ ဘေးကျပ်နံကျပ် ဖြစ်နေချိန် စစ်အာဏာရှင်ကတော့ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပမည်ဟု ပြောဆိုနေသည်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေတွင် တရားမျှတသည့် ပါတီစုံရွေးကောက်ပွဲ ကျင်းပမည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ပြည်တွင်းနေပြည်သူများပင်မက ပြည်ပမှမြန်မာ့အရေး စိတ်ဝင်စားသူ အားလုံးက တညီတညွတ်တည်း ပြောဆိုနေကြသည်။ သို့သော် အာဏာသိမ်းစစ်ခေါင်ဆောင်များက ရွေးကောက်ပွဲကို တက်သုတ်ရိုက် ကျင်းပနိုင်ရေးသာ လုပ်ဆောင်နေသည်။ ရွေးကောက်ပွဲမှာ မြန်မာ့ပဋိပက္ခ၏ ထွက်ပေါက်ဟု အကြောင်းပြနေသော စစ်အာဏာရှင်တစ်စု၏ မူရင်းရည်ရွယ်ချက်မှာ ပြည်တွင်းပြည်ပ ဖိအားများမှ သက်သာစေရန် နိုင်ငံတကာကို မျက်လှည့်ပြရန် လုပ်ဆောင်နေခြင်းသာဖြစ်သည်။ သို့သော် ၎င်းတို့၏ မျက်လှည့်ပွဲတွင် ပြသမည့် ပြကွက်မှာ ဖန်တစ်ရာတေနေသာ ပြကွက်ဟောင်းသာ ဖြစ်သဖြင့် ပြည်သူလူထုနှင့် […]

ပြကွက်ဟောင်းနဲ့မျက်လှည့်ပွဲ လူတွေစိတ်ဝင်စားရဲ့လား (အပိုင်း – ၁)

ယူကြဦးမလား . . . ဟောဒီက . . . သတင်းပူပူလေး (အပိုင်း – ၂)

Dawei Watch

November 13, 2025

စစ်အာဏာသိမ်းပြီးချိန်မှစပြီး မြန်မာပြည်အထက်ပိုင်း ဒေသများနည်းတူ တနင်္သာရီတိုင်းရှိ ဒေသအချို့တွင်လည်း အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ အထူးသဖြင့် တော်လှန်ရေးအားကောင်းပြီး တိုက်ပွဲပြင်းထန်နေသည့် ဒေသများတွင်ဖြစ်သည်။ ယင်းဒေသများရှိ ပြည်သူများမှာ သတင်းအချက်အလက် ရရန်ခက်ခဲနေပြီး ကောလာဟလ သတင်းများသာ လွှမ်းမိုးနေသဖြင့် လူထုမှာ မည်သည်ကိုယုံကြည်ရမည်မသိ ဖြစ်နေကြသည်။ ယင်းအပြင် ဒေသတွင်း ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများ၊ တိုက်ပွဲနှင့်ပဋိပက္ခများ၊ စစ်ဘေးရှောင် အခြေအနေများကို မသိရှိကြဘဲ မိမိဒေသမှအခြေအနေလောက်သာ သိရှိကြသဖြင့် ပြည်သူများမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများလည်း ကြုံတွေ့နေကြရသည်။ တနင်္သာရီတိုင်းတွင် ထားဝယ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်များရှိ ကျေးရွာအများအပြားကို စစ်ကော်မရှင်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ကာလရှည်ဖြတ်တောက်ထားသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးအားကောင်းသည့် ဒေသများထဲမှ ကျေးရွာပေါင်း ၄၀ ကျော်မှာ နှစ်ချီကြာအောင် အင်တာနက်ဖြတ်တောက်ခံထားရသည်။ အာဏာရှင်များမှာ ၎င်းတို့ဝါဒဖြန့်ချိမှုများအတွင်း […]

ယူကြဦးမလား . . . ဟောဒီက . . . သတင်းပူပူလေး (အပိုင်း – ၁)

Dawei Watch

November 8, 2025

နေသားကျသွားတာလား….. မျိုသိပ်နေရတာလား……..

Dawei Watch

November 1, 2025

မြန်မာနိုင်ငံသားများမှာ အာဏာရှင်၏ အဓမ္မဖိနှိပ်မှု ခံနေရသည်မှာ လေးနှစ်ကျော်လာပြီဖြစ်သည်။ စစ်အာဏာသိမ်းမှုကို လက်မခံနိုင်သည့် ပြည်သူလူထုမှာ အာဏာသိမ်းချိန်မှစ၍ နည်းမျိုးစုံဖြင့် တွန်းလှန်ခဲ့ကြသည်။ စစ်အာဏာရှင်အဖွဲ့ကလည်း ပုံစံမျိုးစုံဖြင့် ဖိနှိပ်လာနေခြင်းကြောင့် ပြည်သူလူထုမှာ လူ့အခွင့်အရေးနှင့် တရားမျှတမှုများ ပျက်သုန်းသွားမှုကို ကြုံတွေ့နေကြရသည်။ ဖိနှိပ်မှုမျိုးစုံ ကြုံတွေ့နေရသည့် ပြည်သူလူထုမှာ ပဋိပက္ခများ၊ တိုက်ပွဲများအကြားတွင် ရှင်သန်နိုင်ရေး ကြိုးစားရုန်းကန်နေကြရပြန်သည်။ အခြားတစ်ဖက်တွင်လည်း ပွဲလမ်းသဘင်များတွင် ပါဝင်ကြသလို ဒေသဆိုင်ရာ ပွဲများလည်း ပြန်လည်ကျင်းပ လာကြပြီး ပါဝင်ဆင်နွှဲနေသည်များလည်း ရှိလာနေသည်။ ယင်းကြောင့် ပြည်သူများမှာ ရှင်သန်ရေးအတွက် နိစ္စဓူဝသွားလာလုပ်ကိုင်ရင်း အမှောင်ခေတ်တွင် နေသားကျသွားပြီဆိုသည့် ဝေဖန်ပြောဆိုမှုများလည်း ရှိလာနေသည်။ ပြည်သူလူထုမှာ အမှောင်ခေတ်တွင် အမှန်တကယ် နေသားကျသွားပြီလား သို့မဟုတ် ရှင်သန်ရေးအတွက် ရုန်းကန်ရင်း မတတ်သာ၍ မျိုသိပ်နေရခြင်းလား ဆိုသည်ကို သိရှိနိုင်ရန်အတွက် ယခုအပတ် […]