တောင်ပိုင်းက စက်သုံးဆီ အကျပ်အတည်း
Dawei Watch
March 7, 2026တနင်္သာရီတိုင်းအတွင်း စက်သုံးဆီပြတ်လပ်မှုနှင့် ဈေးနှုန်းအဆမတန် မြင့်တက်မှုဒဏ်ကို ဒေသခံများ ပြင်းထန်စွာ ခံစားနေရသည်။ ယခင်က တစ်ဂါလန်လျှင် ၁၅,၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့သော ဓာတ်ဆီဈေးမှာ ယခုအခါ ၂၀,၀၀၀ ကျပ်အထက်သို့ ခုန်တက်သွားပြီး ဝယ်ယူရန်ပင် ခက်ခဲနေသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။ ပင်လယ်ငါးဖမ်းလုပ်ငန်းကို အဓိကအားထားနေရသည့် ကမ်းရိုးတန်းဒေသတွင် စက်သုံးဆီပြတ်လပ်မှုသည် အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်လာသည်။ ဆီဈေးမြင့်တက်သော်လည်း ငါးဈေးမကောင်းသဖြင့် ငါးဖမ်းလုပ်ငန်းမှာ အရှုံးပြနေပြီး ဆီမရပါက လှေများအားလုံး နားရတော့မည့် အခြေအနေတွင် ရှိနေသည်။ လျှပ်စစ်မီး ဖြတ်တောက်ခံထားရသည့် ဒေသများတွင် စက်သုံးဆီသည် အသက်သွေးကြောသဖွယ် အရေးပါသည်။ မီးစက်မောင်းရန် ဆီဝယ်မရတော့သဖြင့် ဒေသခံများမှာ ဖုန်းအားသွင်းရန်နှင့် ရေစုပ်ရန်အတွက်ပင် ခက်ခဲလာသည်။ စက်သုံးဆီပြတ်လပ်မှုသည် သယ်ယူပို့ဆောင်ရေးကို ရပ်တန့်စေပြီး အခြေခံစားသောက်ကုန်များဖြစ်သော အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို […]


