ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

ဖေဖေမဖြေနိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့မေးခွန်း

diz_admin

February 17, 2021

၁၉၈၈ ခုနှစ်ရဲ့ မနက်ခင်း တစ်ခုမှာ ကျွန်တော်ဟာ ဖေဖေ့ကို သံတိုင်တွေ နောက်မှာ သွားတွေ့ခဲ့ပါတယ်။ ရှစ်လေးလုံး အထွေထွေသပိတ်ကြီးရဲ့ နောက်ဆက်တွဲ ဂယက်အဖြစ် ဝန်ထမ်း တစ်ဦးဖြစ်တဲ့ ဖေဖေ့ကို ဖမ်းဆီး ချုပ်နှောင်ခဲ့တာပါ။ ရဲစခန်းအချုပ်ထဲမှာ ဖေဖေဟာ သူ့ရဲ့ တည်ငြိမ်တဲ့အပြုံးနဲ့ ကျွန်တော့်ကို ကြိုဆိုခဲ့တယ်။ ကျွန်တော့်လက်ထဲမှာတော့ သူ့အတွက် နေ့လယ်စာ ထမင်းချိုင့် ပါပါတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်တော်ဟာ မြန်မာ့နိုင်ငံရေးရဲ့ အရေးအကြီးဆုံး သင်ခန်းစာတစ်ခုကို နားထောင်ခွင့်ရ တော့မယ်ဆိုတာကို မသိခဲ့ပါဘူး။ ကျွန်တော်က ဖေဖေ့ကို မေးခဲ့ပါတယ်။ “ခုရင်ဆိုင်နေရတဲ့ နိုင်ငံရေးပြဿနာ က ဘယ်တော့ပြီးမယ်လို့ ဖေဖေထင်လဲ”လူငယ်တစ်ဦးဖြစ်တဲ့ ကျွန်တော့်အတွက်တော့ ဖေဖေဟာ ပညာရှိသုခမိန်ပါပဲ။ သူဟာ မေးခွန်းတွေအတွက် အဖြေတွေရှိသူလို့ ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ သူခဏစဉ်းစားတယ်။ သူ့သား […]

ဇက်မျိုးဆက်များ (Generation Z)

diz_admin

February 17, 2021

ဇက်မျိုးဆက်များဆိုသည်မှာ Generation Z (Gen Z) များကို ခေါ်ဆိုခြင်းဖြစ်သည်။ တစ်နည်းပြောရလျှင် ယနေ့ခေတ်လူငယ်များကို ဇက် (Z) မျိုးဆက်များဟု ခေါ်ဆိုရမည်။ ၁၉၉၆ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း မွေးဖွားခဲ့သော မျိုးဆက်များကို ဇက်မျိုး ဆက်များဟုခေါ်သည်။ သူတို့အသက်တွေက ၂၀ ဝန်းကျင်အရွယ်တွေ ဖြစ်နေသည်။ အကြီးဆုံး ဇက်တွေပင် လုပ်ငန်း ခွင်ဝင်ရောက်သူတွေ ဖြစ်နေလောက်ပြီ။ တက်ကြွအားမာန်နှင့် စွမ်းအားပြည့် လူငယ်တွေကို ဇက်တွေဟုခေါ်ပါသည်။ အမေရိကန်ပြည်ထောင်စုမှာပင် ဇက်တွေ ၆၅ သန်းမျှရှိသည်။ နိုင်ငံလူဦး ရေ၏ လေးပုံတစ်ပုံခန့်ဖြစ်သည်။ လာမည့် ၂၀၂၀ ဆိုလျှင် ဇက်ဦးရေက စာသုံး သူအရေအတွက်၏ ၄၀ ရာခိုင်နှုန်းခန့် ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ ဇက်တွေကို မည်သို့ပိုင်းခြားသတ် မှတ်နိုင်ပါသနည်း။ မီဒီယာများက […]

ယနေ့ အခြေခံလိုအပ်ချက်

diz_admin

February 16, 2021

လူတွေက များများစားစား မတောင်းဆိုလှပါ။ အထူးသဖြင့် အခုခေတ် လူငယ်တွေ ဖြစ်သည်။ လူငယ်တွေသည် အမြဲတစေပင် လွတ်လပ်မှုနှင့် တွဲပါသည်။ သူတို့သည် ကမ္ဘာကြီးအကြောင်း အတော်အတန်သိမြင်သော မျိုးဆက်များဖြစ်သည်။ ကမ္ဘာကြီးနှင့် အတော်အတန် ချိတ်ဆက်မိနေပြီ ဖြစ်သော မျိုးဆက်ဖြစ်သည်။ သူတို့တွင် အိပ်မက်တွေရှိသည်။ စွန့်စားခန်းထုတ်လိုသော မှန်းရည်ချက်တွေ ရှိသည်။အခြားတစ်ဖက်တွင်လည်း ယခင်မျိုးဆက်ထံမှ ခေတ်ဆိုးအကြောင်းကို သညာအသိ ရှိသည်။ စားကောင်းခြင်း မစားရ၊ သွားကောင်းခြင်း မသွားရ။ လွတ်လပ်မှုကို ချုပ်ချယ်သော ခေတ်အကြောင်း၊ ကျီးလန့်စာစား နေခဲ့ရသော ခေတ်အကြောင်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့် သင်ယူခဲ့ရသည်။ အလင်းခေတ်တွင် ကြီးပြင်းခဲ့ရသူတို့အတွက် ဖေဖော်ဝါရီ ၁ ရက်နေ့ ဖြစ်ရပ် သည် သူတို့အတွက် ရုတ်တရက် နားမလည်နိုင်သော၊ ကြက်သေသေ သွားစေသော ရက်စွဲတစ်ခု […]

အိပ်မက်တွေ ချန်မထားပါနဲ့

diz_admin

February 10, 2021

ကံပေါက်၊ ကံပေါက်ဆိုသည်မှာ ထားဝယ်ခရိုင် လေးမြို့နယ်မှာ နာမည် ကြီးဆိုတာ အမှန်ပါပဲ။ ယနေ့လက်ရှိ အချိန် ကံပေါက်ကိုတော့ တိုးတက်မှုမှာ ဒီဒေသတစ်ဝိုက်မှာ ဘယ်ရွာ၊ ဘယ်ဒေသမှ လိုက်မီမယ်မထင်ပါ။ ၁၉၉၅-၁၉၉၆ နောက်ပိုင်း၊ ကံပေါက်ရွာရဲ့ ပြောင်းလဲမှုဟာ တစ်ရှိန်ထိုး ဖြစ်လာတာ ယနေ့ ယခုတိုင်ပါပဲ။ ကံပေါက်ရွာ၊ ကံပေါက်ဒေသကို မှီခို အားထားနေရတဲ့ အုန်းပင်ကွင်း၊ ဇာဒီ၊ ဖောင်းတောလိုရွာကြီးတွေ၊ ပင်လယ်ရေကြောင်းက ရွာကြီးတွေ အတွက်လည်း စားနပ်ရိက္ခာအတွက် မှီခိုအားထားနေရတဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။ ယနေ့ ကံပေါက်ရွာဆိုလား၊ ကံပေါက် ဒေသဆိုလား မသိသေးဘူး။ အမည်နာမတော့တပ်ပေးပြီး မရေမရာ မသေမချာတဲ့ အဆင့်မှာပဲ ရှိနေခဲ့တယ်။ ရွာဧရိယာဟာ သတ္တုမြေဆိုပြီး ဒေသခံတွေကို ဘယ်လို ပိုင်ဆိုင်မှု မြေယာ အထောက်အထားမှ အစိုးရက မပေးထားပါဘူး။ […]

မြေဇာပင် မြန်မာ့နိုင်ငံရေး ပြည်သူကို မျက်နှာမူကြပါ

diz_admin

February 5, 2021

ဇန်နဝါရီလ ၂၆ ရက်က တပ်မတော်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ရမလား” ဟု သတင်းထောက်တစ်ဦး၏ မေးခွန်းကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “မရပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။ ၎င်းအပြင် ဇန်နဝါရီလ ၂၇ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဖွဲစည်းပုံအခြေခံဥပဒေကို မလိုက်နာလျှင်ဖျက်ပစ်မည်ဟု ကာကွယ်ရေး တက္ကသိုလ်သို့ မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ယင်းသို့သောပြောဆိုချက်များထွက်ပေါ်လာပြီးနောက်တွင် တပ်မတော်က အာဏာသိမ်းမည်လောဟူသည့် စိုးရိမ်သူများရှိလာကြသည်။ လတ်တလောအခြေအနေနှင့်ပတ်သက်၍ ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည့် မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ ပြောဆိုချက်များကို စုစည်းဖော်ပြလိုက်ပါသည်။ တိုင်းပြည်မှာအရေးအကြီးဆုံးက နောက်လွှတ်တော်သက်တမ်း ပြန်စပြီး အစိုးရသစ်ရွေးဖို့ပဲဗျ။ ဟုတ်ပြီ၊ အဲဒီဟာက ဘာနဲ့သွားရလဲဆိုတော့ ရွေးကောက်ပွဲရလဒ်နဲ့ သွားရတာ၊ ကျွန်တော်က အဲဒီဟာကို မျက်ခြည်မပြတ်စေချင်ဘူး။ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ချင်တာလား၊ လက်မခံဘူးလား၊ လက်ခံလား အဲဒီမေးခွန်းက အရေးအကြီးဆုံးပဲ။ […]

ရော်ဘာအရေး အသိဉာဏ်မြင့်မှ ရေရှည်စီးပွားဖြစ်မည်

diz_admin

February 5, 2021

ထားဝယ်ကို ညွှန်မှူးအဖြစ်နဲ့ ပြန်ရောက်လာတဲ့ ကျွန်တော့်ဆရာတစ်ယောက်ကို ပြီးခဲ့တဲ့အပတ် စနေနေ့က သွားတွေ့ဖြစ်ခဲ့တယ်။ သူထားဝယ် ပြန်ရောက်နေတာက ကိုဗစ်ပထမလှိုင်း စဖြစ်ကတည်းကနဲ့တူပါတယ်။ ကျွန်တော့်အနေနဲ့ ဆရာ့ကို သူ့ရုံးမှာ တစ်ခေါက်လောက် သွားတွေ့ပြီး ကတည်းက ထပ်မသွားဖြစ်တော့ဘူး။ ပြီးခဲ့တဲ့ စနေနေ့ ကတော့ လက်ဖက်ရည်ဆိုင်ထိုင်ဖို့သွား ကြတာ ပကာရီရွာက ကျားခုန်အိုင်အထိ ရောက်သွားခဲ့တော့တယ်။ ဝန်ကြီးအိမ်ရာရှေ့က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ကြတယ်။ ပြီးတော့ ဆရာ့ရဲ့တပည့် ကျွန်တော့်ညီ ရှိရာ သဗျာရွာနားက ခရမ့်ရော်ဘာစက်ရုံကို သွားကြတယ်။ အဲဒီနောက်မှာတော့ ကျွန်တော့်သူငယ်ချင်းရှိရာ ထားဝယ် ရွှေပြည် ရော်ဘာစက်ရုံကို ဆက်သွားဖြစ်တယ်။ အဲဒီကတစ်ဆင့် ပကာရီရွာက ကျားခုန်အိုင်ဆီ ရောက်သွားတော့တယ်။ ခရမ့်ရော်ဘာစက်ရုံဆိုတာက ကော်ချီး (ရော်ဘာတုံး) တွေကို ပြန်လည် သန့်စင်ပြီး ရော်ဘာကျိတ်တုံးပြန်လုပ်တဲ့ စက်ရုံပါ။ ထားဝယ်ရွှေပြည်ကတော့ […]

အိပ်မက်သက်တန့်

diz_admin

January 29, 2021

မျှော်လင့်ချက်များဖြင့် ရှင်သန်ရသော လူ့ဘဝကြီးတွင် မျှော်လင့်ချက်များက ဈေးကြီးနေတတ်ကြသည်။ ကူးလူး ပြေးလွှားနေရသည့် နာရီလက်တံအပေါ် လောဘတွေ များခဲ့ကြမည်။ ဒေါသနဲ့ သောကတွေ ဒွန်တွဲပါနေလိမ့်မည်။ တစ်ထွာသာသာ ဝမ်းရေးက မျက်နှာပေါ် က အပြုံးရိပ်ကို ပေါ်အောင်ပျောက်အောင် လုပ်နိုင်စွမ်းရှိသည်။ “အစ်မရယ်… နှစ်ထောင်လောက်တော့ ပိုပေးပါလားဟင်” Covid 19 ၏ သတ်မှတ်ချက်ကြောင့် ဟိုတစ်စ သည်တစ်စ လျော့ရဲရဲ ချည်တားထားသော ကြိုးတစ်ပင်၏ အပြင်ဘက်မှနေ၍ အပေါင်ဆိုင်အတွင်း ရှိအပေါင်ပစ္စည်း တန်ဖိုးဖြတ်သူကို လှမ်းပြောနေသော အသံတစ်ခု။ မျှော်လင့်ထားသည့် အပေါင်တန်ကြေးရငွေကို မီနိုင်ရေး တောင်းဆိုသံကြားတော့ ဝရန်တာ ပေါ်မှကျွန်တော် လှမ်းကြည့်မိသည်။ ကြံရင်းသေသူနဲ့ ပျံရင်းသေသူတွေအထဲ လူသားတို့သည် ဘဝရဲ့အိပ်မက်တွေကို တည်ဆောက်ရန်ကြံရင်း သက္ကရာဇ်တွေကို ခုတုံးလုပ်နေကြတဲ့ အခိုက် ဇီဝိန်ချုပ်ခဲ့ကြရသည်။ မိသားစုအတွက် […]

ကိုဗစ် ၁၉ ကာကွယ်ဆေးနဲ့ မရှိတောင့်တ၊ ရှိကြောင့်ကြနေကြရတဲ့ ကမ္ဘာ

diz_admin

January 29, 2021

“မရှိတောင့်တ၊ ရှိကြောင့်ကြ” ဆိုရိုးသည် အလကား ဆိုကြသည်တော့ မဟုတ်။ မရှိ၊ မပြည့်စုံသည့် ကျွန်တော်တို့ နိုင်ငံတွေမှာတော့ ကိုဗစ်ကာကွယ်ဆေးအတွက် ငွေတွေ အလှူခံ ကြ၊ ကိုဗစ် ကာကွယ်ဆေးအတွက် မျှော်နေကြသည့် အချိန်မှာ အချို့ ပြီးပြည့်စုံသည့်အနောက် နိုင်ငံတွေနဲ့ အချို့ အာရှနိုင်ငံတွေမှာ ကိုဗစ် ကာကွယ်ဆေးတွေ စပြီး ထိုးနှံ နေကြပြီး ကြောင့်ကြစိုးရိမ်မှုတွေ ရှိနေကြတယ်။ ကိုယ့်နိုင်ငံတွေက အဲသည် ကိုဗစ် ၁၉ ကာကွယ်ဆေးသာ ရလာခဲ့လျှင် အနိုင်တိုက်နိုင်ပြီလို့ ထင်ပြီး သူရဲကောင်း မျှော်နေကြသလို ကာကွယ်ဆေး အခမဲ့ လာထိုးပေးရင် ငါတို့ ကိုဗစ်ကို မမှုရ တော့ဟု အတွေးတွေနဲ့ ကာကွယ်ဆေးတွေကို တောင့်တနေကြချိန်မှာ ကာကွယ်ဆေးတွေ စပြီးထိုးနှံပေးနေသည့် နိုင်ငံတွေမှာ ကြောင့်ကြပူပန် စိုးရွံ့မှုတွေနဲ့ […]