“ကျန်းမာရေးရော၊ စားရေးသောက်ရေးပါ ဆိုးဆိုးဝါးဝါးပါပဲ”
Dawei Watch
July 21, 2023ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာက စစ်ဘေးရှောင်တစ်ဦးနှင့် တွေ့ဆုံခြင်း ထားဝယ်အထူးစီးပွားရေးဇုန်တည်ရှိသည့် ရေဖြူမြို့နယ် နဘုလယ်ဒေသသို့ စစ်ကောင်စီတပ်က ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာသည်။ ယင်းနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ဒေသခံအချို့ ထိခိုက်သေဆုံးခြင်း၊ ဖမ်းဆီးခံရခြင်းများ ရှိလာသည်။ ထို့ကြောင့် ဒေသခံများမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ကြရသည်။ တောထဲ တောင်ထဲ တိမ်းရှောင်နေကြရ သဖြင့် နေရေး၊ စားရေး အခက်အခဲဖြစ်နေကြသလို ကျန်းမာရေးပြဿနာလည်း အကြီးအကျယ် ကြုံတွေ့နေကြရသည်။ စားနပ်ရိက္ခာ ပြတ်လပ်လာသည့်အပြင် ကလေးငယ်များ သွေးလွန်တုပ်ကွေးအပါအဝင် ဖျားနာခြင်း၊ သက်ကြီးရွယ်အိုများ ကျန်းမာရေးမကောင်းခြင်းတို့ ဖြစ်နေကြသည်။ သို့သော် ဆေးဝါးရှားပါးခြင်းနှင့် ကုသပေးသူမရှိသည့်အတွက် အခက်အခဲများနှင့်လည်း ကြုံတွေ့နေရသည်။ ယင်းအခြေအနေများကို သိရှိနိုင်စေရန် တောတောင်အတွင်း တိမ်းရှောင်နေသည့် ဧကနိရွာမှ စစ်ဘေးရှောင်တစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်း၍ […]