လူငယ် မွေထိုင်းဖိုက်တာစပိဘုတ်နဲ့ တွေ့ဆုံခြင်း
Dawei Watch
December 31, 2025ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းမှာ ဒီဇင်ဘာ ၂၉ ညကကျင်းပခဲ့တဲ့ လောင်းကြေးအမြင့်ဆုံး လက်ဝှေ့ပွဲမှာ ထားဝယ်သားဖိုက်တာလေး ပြိုင်ဘက်ကို အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။ သူအလဲထိုးခဲ့တာက အတွေ့အကြုံရင့်တဲ့ မွေထိုင်းဖိုက်တာ အသက် ၂၃ နှစ်အရွယ် ဂျာမဏီဖိုက်တာ စူပါဘန့်ခ်ပါ။ အသက် ၁၇ နှစ်အရွယ် ထားဝယ်သားလေးက ဝါရင့်ဖိုက်တာကို အလဲထိုးအနိုင်ယူသွားတာကြောင့် လက်ဝှေ့ဝါသနာရှင်တွေအကြား စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ နာမည်ကလည်း စပိဘုတ်ဆိုတော့ ဆန်းနေသလို အသက်ငယ်တဲ့ ဖိုက်တာတစ်ဦး ဖြစ်တာကြောင့်လည်း ပိုမိုစိတ်ဝင်စားဖွယ် ဖြစ်လာတာပါ။ ပိုင်ဇင်ကိုဆိုတဲ့ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာသားလေးက အခုတော့ စပိဘုတ်ရယ်လို့ လူသိများလာနေပါပြီ။ လက်ဝှေ့စထိုးတာ ၃ နှစ်လောက်မှာ လူသိများထင်ရှားလာတဲ့ စပိဘုတ်ကို Dawei Watch ကတွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။ DW ။ ကော့စမွေမှာ ဒီဇင်ဘာ […]


