ဇီဝသုတေသီတစ်ဦးနှင့် တွေ့ဆုံခြင်း
Dawei Watch
February 16, 2026မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် အပူပိုင်းမိုးသစ်တောကြီးများ တည်ရှိနေသည်အတွက် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအတွက် အလွန်အရေးပါသော နေရာတစ်ခုဖြစ်သည်။ တနင်္သာရီတိုင်းရှိ သစ်တောကြီးများတွင် ရှားပါးသစ်ပင်မျိုးစိတ်ပေါင်းများစွာကို ထိန်းသိမ်းထားသလို တိရစ္ဆာန်မျိုးစိတ်များစွာလည်း မှီတင်းနေထိုင်နေကြသည်။ ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါးဖြစ်နေသော တောရိုင်းတိရစ္ဆာန်များနှင့် ရှားပါးငှက်မျိုးစိတ်များ မှီတင်းနေထိုင်ရာ အရပ်လည်းဖြစ်သည်။ သို့သော် တနင်္သာရီတိုင်းရှိ သစ်တောကြီးများမှာ ပျက်စီးဆုံးရှုံးလာနေပြီး ကာကွယ်တောများတွင်ပါ သစ်တောဆုံးရှုံးမှု မြင့်မားနေကြောင်းတွေ့ရသည်။ တနင်္သာရီတိုင်းတွင် ကာကွယ်တော ဧက ၅.၂ သန်းကျော်ရှိသဖြင့် ဧက ၅.၈ သန်းခန့်ရှိသော ကချင်ပြည်နယ်ပြီးလျှင် ဒုတိယအများဆုံးဖြစ်သည်။ သို့သော်လည်း ၂၀၁၁ ခုနှစ်မှစ၍ တနင်္သာရီတိုင်းရှိ ကာကွယ်တောများ၏ သစ်တောဆုံးရှုံးမှုမှာ ကချင်ပြည်နယ်တွင် ဆုံးရှုံးသည်ထက် နှစ်ဆပိုများနေသည်။ ယင်းကြောင့် သစ်တောကြီးများအတွင်း မှီတင်းနေထိုင်ကြသည့် တောရိုင်းတိရစ္ဆာန်များနှင့် ရှားပါးငှက်မျိုးစိတ်များလည်း ပျက်စီးဆုံးရှုံးလာနေသည်။ ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် […]


