ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အင်တာဗျူး

လူငယ် မွေထိုင်းဖိုက်တာစပိဘုတ်နဲ့ တွေ့ဆုံခြင်း

Dawei Watch

December 31, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းမှာ ဒီဇင်ဘာ ၂၉ ညကကျင်းပခဲ့တဲ့ လောင်းကြေးအမြင့်ဆုံး လက်ဝှေ့ပွဲမှာ ထားဝယ်သားဖိုက်တာလေး ပြိုင်ဘက်ကို အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။ သူအလဲထိုးခဲ့တာက အတွေ့အကြုံရင့်တဲ့ မွေထိုင်းဖိုက်တာ အသက် ၂၃ နှစ်အရွယ် ဂျာမဏီဖိုက်တာ စူပါဘန့်ခ်ပါ။ အသက် ၁၇ နှစ်အရွယ် ထားဝယ်သားလေးက ဝါရင့်ဖိုက်တာကို အလဲထိုးအနိုင်ယူသွားတာကြောင့် လက်ဝှေ့ဝါသနာရှင်တွေအကြား စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ နာမည်ကလည်း စပိဘုတ်ဆိုတော့ ဆန်းနေသလို အသက်ငယ်တဲ့ ဖိုက်တာတစ်ဦး ဖြစ်တာကြောင့်လည်း ပိုမိုစိတ်ဝင်စားဖွယ် ဖြစ်လာတာပါ။ ပိုင်ဇင်ကိုဆိုတဲ့ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာသားလေးက အခုတော့ စပိဘုတ်ရယ်လို့ လူသိများလာနေပါပြီ။ လက်ဝှေ့စထိုးတာ ၃ နှစ်လောက်မှာ လူသိများထင်ရှားလာတဲ့ စပိဘုတ်ကို Dawei Watch ကတွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။ DW ။ ကော့စမွေမှာ ဒီဇင်ဘာ […]

NUG ၏ အထူးတိုင်းစစ်ဌာန ဗျူဟာမှူးအပါအဝင် လူငါးဆယ်ခန့် ဖမ်းဆီးထားမှု KNU ဘာပြောလဲ

Dawei Watch

December 18, 2025

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အထူးတိုင်းစစ်ဌာန ဗျူဟာမှူးတစ်ဦးအပါအဝင် ငါးဆယ်ခန့်ကို KNU တပ်မဟာ ၄ တပ်ရင်း ၁၂ က ဖမ်းဆီးထိန်းသိမ်းထားသည်။ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း(T5) တပ်ရင်းမှူး မင်းသားကြီး၊ တနင်္သာရီတိုင်းစစ်ဌာန ဒရုန်းတပ်ရင်း ဒုတပ်ရင်းမှူးဒိုရာ အပါအဝင် စုစုပေါင်း လူငါးဆယ်ခန့်ကို ဖမ်းထားခြင်းဖြစ်သည်။ ၎င်းတို့အား KNU တပ်မဟာ ၄ တပ်ရင်း ၁၂ က ဒီဇင်ဘာ ၁၇ ရက် နံနက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းထား‌ကြောင်း သိရသည်။ ၎င်းတို့အား KNU တပ်မဟာ ၄၊ တပ်ရင်း ၁၂ ၏တပ်ခွဲများဖြစ်သည့် ကစယ်ဒိုကျားတပ်ဖွဲ့၊ ပုတီးတစ်လုံးတပ်ဖွဲ့တို့က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း […]

ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်းကော်မတီ စောကြောမေးခွန်းထုတ်ခြင်း

Dawei Watch

December 13, 2025

စစ်အာဏာသိမ်းထားသည်မှာ ၅ နှစ်နီးပါးကြာလာချိန်တွင် တော်လှန်ရေးကို အင်တိုက်အားတိုက် အားပေးထောက်ခံနေသည့် ပြည်သူလူထုအကြား စိုးရိမ်စိတ်များ၊ အားမလိုအားမရစိတ်များ ရှိလာနေသည်။ ထားဝယ်ဒေသ အပါအဝင် တနင်္သာရီတိုင်းတွင်လည်း အစုအဖွဲ့များစွာ၊ လက်နက်ကိုင်အဖွဲ့များစွာတို့ အားကောင်းမောင်းသန်ရှိသော်လည်း စုစည်းနိုင်ခြင်း မရှိဟုဆိုကာ အားမလိုအားမရ ဖြစ်နေသူများလည်း အများအပြားရှိနေသည်။ ထားဝယ်အင်အားစုများ စုပေါင်းနိုင်ရေး နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေသည်များ ရှိနေသော်လည်း ထိရောက်သည့် စုဖွဲ့မှုမျိုး ပေါ်မလာသည့်အပေါ် ထားဝယ်သူထားဝယ်သားတို့ အားမရဖြစ်ကြရပြန်သည်။ ယင်းသို့သော အခြေအနေတွင် ပြီးခဲ့သည့် ရက်ပိုင်းက ထားဝယ်အမျိုးသားအဆင့် နိုင်ငံရေးပူးပေါင်းကော်မတီ ဟူသည့် အမည်ဖြင့် အစုအဖွဲ့တစ်ရပ်ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ထွက်လာပြန်သည်။ ယင်းကြေညာချက်တွင် တစ်ခုတည်းသော ထားဝယ်တပ် ပေါ်ပေါက်ရေး၊ နိုင်ငံရေးအရ ဦးဆောင်နိုင်သည့် အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်ရေးဆိုသည့် ရည်မှန်းချက်များ ပါဝင်လာကြောင်း တွေ့ရသည်။ ထားဝယ်လူထု မျှော်လင့်နေသည့် ထားဝယ်တပ်၊ […]

“ချန်ပီယံအစစ် မဟုတ်ဘူး”လို့ ပြောနေတဲ့သူတွေကို ဂျိုရှူအာဗန်က ဘယ်လိုတုံ့ပြန်လိုက်သလဲ

Dawei Watch

December 8, 2025

UFC ဖလိုင်းဝိတ်တန်းမှာ စံချိန်မှတ်တမ်းသစ်တွေနဲ့ ချန်ပီယံဖြစ်လာခဲ့တဲ့ ချင်းဖိုက်တာလေး ဂျိုရှူအာဗန်ကို ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတစ်ခုချင်းစီအလိုက်က မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျိုရှူအာဗန်က တစ်လလောက် အနားယူဖို့ ဆုံးဖြတ်ထားပြီး ပန်တိုဂျာနဲ့ သူ့အကြားမှာ စိတ်မကျေပွဲဖြစ်လာဖို့က ကျိန်းသေနေပါတယ်ဆိုတာကိုလည်း အတည်ပြုသွားခဲ့ပါတယ်။ ဒီအင်တာဗျူးတွေကို ကောက်နုတ်ပြီး Dawei Watch ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ မေး ။ သံဇကာထဲမှာ မင်းကိုပေးလိုက်တဲ့ ခါးပတ်အကြီးကို သတင်းစာရှင်းလင်းပွဲဆီ ယူမလာဘဲ ခါးပတ်အသေးနဲ့ ဘာလို့ ရောက်လာတလဲဗျာ။ အကြောင်းတစ်ခုခု ရှိလို့များလား။ ဖြေ ။ (ခါးပတ်အကြီးက) အရမ်းလေးလွန်းလို့ပါဗျာ (ရယ်လျက်)။ မေး ။ မင်းရဲ့အခုခံစားချက်ကို ပြောပြပေးပါလား။ စိတ်နဲ့ ကိုယ်နဲ့ကပ်မှာ မဟုတ်သေးဘူး ထင်တယ်။ ဒီပွဲကစားဖို့ သေချာပြင်ဆင်ထားပြီးမှ အပြည့်မကစားလိုက်ရဘူးလေ။ […]

တွေ့သမျှ နှိပ်ချင်နေတုန်းလား.. မနှိပ်ခင် ဒါအရင်ဖတ်ပါ..

Dawei Watch

November 29, 2025

လူမှုကွန်ရက် ပလက်ဖောင်းမျိုးစုံကို မဖြစ်မနေ အသုံးပြုနေရတဲ့ ဒီနေ့ခေတ်မှာ ရည်ရွယ်ချက်မျိုးစုံနဲ့ အန္တရာယ်ရှိနိုင်တဲ့ လင့်ခ်(Link) တွေဟာ မိမိဆီကို တစ်နေ့မဟုတ် တစ်နေ့ တစ်နည်းနည်းနဲ့ ရောက်ရှိလာနိုင်ပါတယ်။ အဲဒီလို လင့်ခ်တွေရောက်ရှိလာရာကနေ နောက်ဆက်တွဲအနေနဲ့ မိမိအတွက် ဂုဏ်သိက္ခာ ၊ ငွေရေးကြေးရေး ၊ လူမှုရေး စတဲ့ အပိုင်းတွေမှာ ထိခိုက်မှုတွေ ကြုံရနိုင်ပါတယ်။ လက်တွေ့မှာလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ပေးပို့ခံရတဲ့ လင့်ခ်တွေ ကြောင့် လူမှုကွန်ရက် အကောင့်တွေခိုးယူခံရသူတွေရှိနေပြီး နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြေရှင်းနေကြရပါတယ်။ ဒါကြောင့် Myanmar Factchecking Network အဖွဲ့ဝင် ဖြစ်တဲ့ Dawei Watch က ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေး အသိပညာပေးနေတဲ့ နွေဦးလုံခြုံရေးအဖွဲ့ကို ဆက်သွယ်ပြီး ကိုယ့်ဆီရောက်လာနိုင်တဲ့ အန္တရာယ်ရှိနိုင်တဲ့ လင့်ခ်တွေအကြောင်း နဲ့ အဲဒီလင့်ခ်တွေကို […]

ငွေလာလိမ်တာကို ဘယ်လိုသိနိုင်မလဲ

Dawei Watch

November 22, 2025

အွန်လိုင်းလိမ်လည်မှုတွေကို လေ့လာသတိပေးလေ့ရှိသူ ကိုဇင်ဇေလွင်နှင့် ဆက်သွယ်မေးမြန်းခြင်း အာဏာသိမ်းမှုကြောင့် စီးပွားရေးကျပ်တည်းပြီး ပြည်သူတွေ အခက်အခဲဒုက္ခမျိုးစုံကြုံနေရချိန် နည်းမျိုးစုံသုံးပြီး ချွေးနှဲစာကို ဖဲ့ယူနေကြတဲ့ ဝိသမလောဘသားတွေကြောင့်လည်း ဒုက္ခအကြီးအကျယ် ရောက်ကြရပါတယ်။ စစ်အာဏာသိမ်းမှု အကျိုးဆက် စစ်ရေးပဋိပက္ခတွေကြား တရားဥပဒေစိုးမိုးမှု မရှိတော့တာကို အခွင့်ကောင်းယူပြီး ငွေလိမ်သူတွေ ခေါင်းထောင်လာကြပါတယ်။ ပုံစံမျိုးစုံနဲ့ ပေါ်ပေါ်ထင်ထင် ငွေလိမ်ကြပါတယ်။ အွန်လိုင်းပလပ်ဖောင်းကနေ လိမ်တာ၊ ဖုန်းဆက်ပြီး လိမ်တာ၊ လူချင်းတွေ့ မက်လုံးပေး ဆွဲဆောင်ပြီး လိမ်လည်ကြတာ စတာတွေ မျိုးစုံတွေ့ရပါတယ်။ အလွယ်တကူနဲ့ ငွေကြေးအများကြီးရမယ်၊ အချိန်တိုအတွင်း ငွေကြေးအများကြီးရမယ် စတဲ့ မက်လုံးတွေနဲ့ လိမ်ကြသလို အခုနောက်ပိုင်းမှာ လိမ်လည်မှုတွေကလည်း ပိုမိုပီပြင်လာတာကြောင့် ကိုယ့်ချွေးနှဲစာတွေ ပဲ့ပါမသွားအောင် သေသေချာချာ သတိထားရမယ့် အခြေအနေ ဖြစ်လာပါတယ်။ ဒါ့ကြောင့် ကိုယ့်ကို ငွေလိမ်တော့မယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ၊ […]

ထိုင်းဘုရင့်မယ်တော် မိဖုရားကြီးသီရိခေတ် နတ်ရွာစံမှု ဝမ်းနည်းခြင်းကာလမှာ ထိုင်းရောက်မြန်မာတွေ ဘယ်လိုပြုမူသင့်လဲ

Dawei Watch

October 25, 2025

မဟာချိုင်အခြေစိုက် Labour Rights Foundation အဖွဲ့၏ စည်းရုံးရေးတာဝန်ခံ ကိုဇော်နှင့် ဆက်သွယ်မေးမြန်းခြင်း ထိုင်းဘုရင် မဟာ ဝချီရာလောင်ကွန်း၏မယ်တော် မိဖုရားကြီး သီရိခေတ်သည် အောက်တိုဘာလ ၂၄ ရက် ည ၉ နာရီ ၂၁ မိနစ်တွင် ချူလာလောင်ကွန်းဆေးရုံ၌ နတ်ရွာစံသည်။ မိဖုရားကြီး နတ်ရွာစံသည့်အပေါ် ပြည်သူများအနေဖြင့် ဝမ်းနည်းခြင်းကာလကို ရက် ၉၀ သတ်မှတ်ထားပြီး ယင်းကာလ အတွင်း အနက်ရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ကိုသာ ဝတ်ဆင်ကြရန် ထိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံ ပန်ကြားထား သည်။ အစိုးရဝန်ထမ်းနှင့် အရာရှိများအနေဖြင့် တစ်နှစ်ပတ်လုံး ဝမ်းနည်းခြင်း ဝတ်စုံများကိုသာ ဝတ်ဆင်ထားရန် ပန်ကြားထား သည်။ အစိုးရရုံးနှင့် ကျောင်းများတွင်လည်း တစ်လအတွင်း နိုင်ငံတော်အလံကို တစ်ဝက်လွှင့်ထူထားရန် ထိုင်းအစိုးရက ညွှန်ကြားထားသလို […]

ထားဝယ်သွေးလှူရှင်အသင်းများကွန်ရက် ဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း

Dawei Watch

May 26, 2025

ထားဝယ်တွင် သွေးသွင်းကုသရမည့်လူနာများကို ပစ်မှတ်ထားငွေတောင်းသည့် အဖွဲ့တစ်ဖွဲ့ ပေါ်လာပြီးသည့်နောက် ထားဝယ်မြို့ခံ သွေးအလှူရှင်အဖွဲ့ ငါးဖွဲ့ ပူးပေါင်းပြီး သွေးအလှူရှင်အသင်းများကွန်ရက်ကို ဖွဲ့စည်းလိုက်သည်။ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ ရင်ခုန်သံသွေးလှူရှင်နှင့် အရေးပေါ်လူနာတင်ယာဉ်အသင်းတွင် မေလ ၁၆ ရက်က မြို့ခံသွေးအလှူရှင်အဖွဲ့များမှ ဦးဆောင်သူများ ညှိနှိုင်ဆွေးနွေးပြီး စတင်ဖွဲစည်းလိုက်ခြင်းဖြစ်သည်။ သွေးအလှူရှင်အသင်းများကွန်ရက်တွင် ထားဝယ်ခရိုင်အခြေစိုက်သည့် ရင်ခုန်သံ၊ Best Friend၊ ပီတိအပြုံး၊ မုဒိတာနှင့် ကရုဏာမေတ္တာရှင် သွေးလှူရှင်များအဖွဲ့တို့ ပူးပေါင်းပါဝင်ကြောင်း ကွန်ရက်ထံမှ သိရသည်။ ယင်းကြောင့် ထားဝယ်သွေးလှူရှင်အသင်းများကွန်ရက် ဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် တွေ့ဆုံပြီး ကွန်ရက်ဖွဲ့ရသည့် အကြောင်းအရင်း အသေးစိတ်အခြေအနေကို တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ DW ။ ဘာကြောင့် သွေးလှူရှင်အသင်းများ ကွန်ရက်ကို ဖွဲ့စည်းဖြစ်တာလဲ ။ ဖြေ ။ နံပါတ် ၁ […]