ဖေဖော်ဝါရီလ ၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch
February 2, 2026သဲဖြူရွာအနီးရှိ စစ်ရှောင်အချို့ အရေပြားရောဂါအဖြစ်များလာပြီး ဆေးဝါးတွေလိုအပ်
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါသဲဖြူရွာအနီးရှိ စစ်ရှောင်အချို့ အရေပြားရောဂါအဖြစ်များလာပြီး ဆေးဝါးတွေလိုအပ်
ရေဖြူမြို့နယ် နဘုလယ်တိုက်နယ်နှင့် ကံပေါက်တိုက်နယ်ကြားရှိ ကျေးရွာချင်းဆက် ကားလမ်းမပေါ်က ကွန်ကရစ် တံတားတစ်စင်းအနီး စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီးချကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၀ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ဒိုက်တကော်ရွာနှင့် ခရင်းချောင်းရွာအကြားရှိ တံတားအနီး ဗုံးတစ်လုံး ချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဗုံးမချမီ ဇာဒီရွာအနီးရှိ ပင်လယ်ပြင်တွင် စစ်သင်္ဘောရောက်ရှိနေသလို စစ်အာဏာရှင်တပ်သားအချို့လည်း ခြေလျင် စစ်ကြောင်းဖြင့် ဇာဒီရွာ၊ ဆင်သတ် (ခြံစု) ရပ်ကွက်သို့ ရောက်ရှိနေကြောင်း ဇာဒီရွာသားတစ်ဦးက ဆိုသည်။ စစ်အာဏာရှင်တပ်သားများ ရောက်ရှိနေသည့် ဇာဒီရွာသို့ တော်လှန်ရေးတပ်များ ရောက်ရှိမလာနိုင်စေရန် ဇာဒီရွာနှင့် တစ်ရွာကျော်တွင် တည်ရှိသည့် ဒိုက်တကော်ရွာအဝင် တံတားကို စစ်အာဏာရှင်တပ်က ကြိုတင် ဗုံးချခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ “ဆင်သတ် (ရပ်ကွက်) ကို […]
ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ရေထွက်ကုန်ဈေးနှုန်းများ ကျဆင်းသွားပြီး ကြက်သွန်ဖြူဈေးနှုန်းမှာမူ မြင့်တက်နေသည်။ ပြီးခဲ့သည့်သီတင်းပတ် ဇန်နဝါရီလ ၁၁ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ရေထွက်ပစ္စည်းအချို့ဖြစ်သည့် ပါတူး (ခေါ်) ငါးလုံးတစ်ပိဿာလျှင် ၁၄,၀၀၀ ကျပ် ရှိခဲ့ရာမှ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ၁၂,၀၀၀ ကျပ်သို့လည်းကောင်း၊ ငါးကွန်းရှပ်ကြီးတစ်ပိဿာ ၃၀,၀၀၀ ကျပ်မှ ၂၇,၀၀၀ ကျပ်သို့လည်းကောင်း၊ ငါးမဲလုံးတစ်ပိဿာ ၁၁,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်သို့လည်းကောင်း၊ ပုစွန်ချောကြီးတစ်ပိဿာ ၅၀,၀၀၀ ကျပ်မှ ၄၅,၀၀၀ ကျပ်သို့လည်းကောင်း အသီးသီး ဈေးနှုန်းကျဆင်းသွားသည်။ တစ်ပတ်အတွင်း ပါတူး (ခေါ်) ငါးလုံးတစ်ပိဿာလျှင် ၂,၀၀၀ ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာ ၃,၀၀၀ ကျပ်၊ ငါးမဲလုံးတစ်ပိဿာ ၃,၀၀၀ ကျပ်နှင့် ပုစွန်ချောကြီးတစ်ပိဿာ ၅,၀၀၀ ကျပ် […]
မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပြေးဆွဲနေသည့် ပဲ့ချိတ်များ ပြေးဆွဲမှု ယာယီရပ်နားထား ကြောင့် ပဲ့ချိတ်သမားအချို့နှင့် ဒေသခံအချို့ထံမှ သိရသည်။ နယ်စပ်ဖြတ်သန်းမည့် ခရီးသည်များကိုတင်ဆောင်ပြေးဆွဲနေသည့် မြန်မာနိုင်ငံသား ပဲ့ချိတ်မောင်းသမားများကို ရနောင်းဆိပ်ကမ်းရှိ ထိုင်းရဲအပါအဝင် အာဏာပိုင်များက စစ်ဆေးမှုတင်းကျပ်ပြီး မကြာခဏဖမ်းဆီးနေသည့်အတွက် ပြေးဆွဲမှုရပ်နားထားခြင်းဖြစ်ကြောင်း ပဲ့ချိတ်သမားအချို့က ဆိုသည်။ ဇန်နဝါရီလ ၁၅ ရက် နေ့လယ်မှစကာ ရပ်နားထားခြင်းဖြစ်ပြီး ၁၆ ရက်နေ့တွင် ပြေးဆွဲသည့် ပဲ့ချိတ်လှေ မရှိကြောင်း ရနောင်းမြို့နေ မြန်မာအချို့ထံမှ သိရသည်။ ရနောင်းဆိပ်ကမ်း(စဖန်ပလား)တွင် ပဲ့ချိတ်မောင်းနေသည့် မြန်မာနိုင်ငံသားများကို မူးယစ်ဆေးဝါးသုံးစွဲထားခြင်းရှိ မရှိ ဆီးစစ်ခြင်း၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(ထိုင်းအခေါ်-တောမော)စစ်ဆေးခြင်းများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြောင်း ပဲ့ချိတ်မောင်းသူတစ်ဦးက ပြောသည်။ ထိုသို့စစ်ဆေးချိန် အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခြင်းများလုပ်ဆောင်နေသည့်အတွက် ပဲ့ချိတ်လှေများ ပြေးဆွဲမှုကို ယာယီရပ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ […]
မောရဝတီရေတပ်စခန်းဌာနချုပ်တည်ရှိရာ ကံပေါက်ဒေသတွင် စစ်အာဏာရှင်တပ်သားများကိုယ်တိုင် မဲစာရင်း လိုက်စစ်နေပြီး မဖြစ်မနေ မဲလာပေးရန်လည်း အိမ်တိုင်ရာရောက် လိုက်လံဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ဇန်နဝါရီလ ၅ရက်၊ ၆ရက် နှင့် ၇ရက် သုံးရက်ဆက်တိုက် ကံပေါက်ကျေးရွာအုပ်စုအတွင်းရှိ ရပ်ကွက်များသို့ စစ်အာဏာရှင်တပ်သားများ ကားသုံးစီးဖြင့် ရောက်လာပြီး မဲစာရင်းစစ်ကြောင်း ဒေသခံများက ဆိုသည်။ အရက်ဆိုင်၊ ရပ်ကွက်ဓမ္မာရုံ စသည့်နေရာတို့တွင် ပထမနှစ်ရက်၌ စုရပ်လုပ်ကာ မဲစာရင်းလာစစ်ခိုင်းပြီး နောက်တစ်ရက်တွင် မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ရှိမရှိ အိမ်တိုင်ရာရောက် ထပ်မံလိုက်စစ်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ “ပထမရက်မှာက ညဘက်ကြီး အရက်ဆိုင်မှာ မဲစာရင်းလာစစ်ဖို့ခေါ်လို့ သွားစစ်ရတယ်။ နောက်တစ်ရက်က အခြားရပ်ကွက်က ဓမ္မာရုံတွေမှာ စုရပ်လုပ်ပြီး စာရင်း ထပ်ကောက်တယ်။ […]
ရွေးကောက်ပွဲရက်နီးလာသဖြင့် မြိတ်-ကော့သောင်း ကားလမ်းကြောင်း တစ်လျှောက်ရှိ လမ်းပိုင်းများ ဖြတ်သန်းခွင့် ပိတ်ထားသည်ဟု ယာဉ်လိုင်းလုပ်ငန်းရှင်များနှင့်ကုန်ကားသမားအချို့က ပြောသည်။ ရန်ကုန်မှ ထားဝယ်-ပလောက်အထိ ပုံမှန်တိုင်းသွားလာရသော်လည်း ပုလော-ပလောက်-ပလမှ မြိတ်-ကော့သောင်းအထိ လမ်းကြောင်းမှာ ပြတ်တောက်ပိတ်ဆို့မှုများရှိသည်ဟု ၎င်းတို့ကပြောသည်။ ပုလော-ပလောက်-ပလ-မြိတ်လမ်းကြောင်းကို ဒီဇင်ဘာ ၂၆ ရက်နေ့မှစကာ စစ်အာဏာရှင်တပ် ဂိတ်များက ဖြတ်သန်းခွင့် ပိတ်လိုက်သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF အဖွဲ့များ၏ စစ်ဆေးရေးဂိတ်များကလည်း ပိတ်ထားကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူများနှင့် ကားသမားအချို့က ပြောသည်။ “ကျွန်တော်တို့ကားတွေကတော့ မနေ့တည်းက ပုလောမှာပိတ်မိနေတယ်၊ လမ်းကြောင်းကတော့ ဘယ်အချိန်ပြန်ဖွင့်မလဲမသိဘူး၊ ပိတ်တာကတော့ နှစ်ဖက်စလုံးက ပိတ်ထားတာ” ဟု ကုန်ကားသမားတစ်ဦးက ပြောသည်။ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်သဖြင့် ရန်ကုန်၊ထားဝယ်၊မြိတ်၊ ကော့သောင်းအထိ အမှတ် ၈ ပြည်ထောင်စုကားလမ်းတစ်လျောက်တွင် စစ်အာဏာရှင်တပ်က လုံခြုံရေးယူထားပြီး […]
စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံဘဲ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း KNU-NUG (တပ်မဟာ ၄ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့) – BCT-4 နှင့် သဘောတူထောက်ခံသည့် တနင်္သာရီတိုင်းအတွင်းရှိ နိုင်ငံရေး၊ တော်လှန်ရေး အင်အားစု ၁၅ ခုက ဒီဇင်ဘာလ ၂၃ ရက်တွင် ပူးတွဲထုတ်ပြန်သည်။ စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှု ကင်းမဲ့နေသည့်အပြင် ပြည်သူလူထုလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီ အနှစ်သာရမရှိသည့်အတွက် လက်မခံခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ KNU-NUG (တပ်မဟာ ၄ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့) – BCT-4 ကို တနင်္သာရီတိုင်းအတွင်း စစ်ရေး၊ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရန်အတွက် KNU တပ်မဟာ (၄) တာဝန်ရှိသူများနှင့် NUG လက်အောက်ခံ တနင်္သာရီစစ်ဒေသ တာဝန်ရှိသူများ ပူးပေါင်းဖွဲ့စည်းထားကြောင်း အဆိုပါအဖွဲ့ထံမှ […]
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သော သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ဒရုန်း ပျံသန်းမှုနှင့် ဆက်စပ်ပြီး ရှာဖွေရာမှ မြန်မာနိုင်ငံသားလေးဦးကို ယနေ့ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၂၁ ရက်က သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းပျံသန်းမှု စစ်ဆေးတွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က တပ်ဖြန့်ရှာဖွေ စစ်ဆေးစဉ် မြန်မာနိုင်ငံသားလေးဦး ဒရုန်းများနှင့်အတူ ဖမ်းဆီးခံရခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားလေးဦးကို ဘန်ကောက်မြို့ လတ်ကရန်ဘန်နယ်မြေ Grand BS Airport ဟိုတယ်တွင် DJI အမျိုးအစား ဒရုန်း ၁၀ စင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၂၃ မှ ၃၄ နှစ်အရွယ် ကိုဇွဲထက်အောင်၊ ကိုစနေလင်းထက်၊ ကိုကျော်ဇင်ဟိန်းနှင့် ကိုသိန်းဇော် တို့ ဖြစ်ကြသည်။ ကယ်ဗင်ဇူးအမည်ရှိ မြန်မာနိုင်ငံသားက […]