လောင်းလုံးမြို့အနီး တိုက်ပွဲဖြစ်ပြီး တိုက်လေယာဉ်ဖြင့် ဗုံးကြဲ
Dawei Watch
December 11, 2025လောင်းလုံးမြို့ နှင့် ကပ်လျက်ရှိသည့် ညင်းမော်ကျေးရွာအနီးတွင် ယနေ့ ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့ အောက်ဘက်သို့ ယနေ့ နံနက်စောစောတွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဘက် တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ “ကျွန်မတို့လည်း အခုပြန်ပြေးနေရပြန်ပြီ။ ဒီမနက်ပဲ ညင်းမော်ဘက်မှာ တိုက်ပွဲဖြစ်နေလို့” ဟု ညင်းမော်ရွာနှင့် ကပ်လျက်ရှိသည့် စစ်ပြဲရွာမှ ဒေသခံတစ်ဦးက ပြောသည်။ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းလူမျိုးများဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကလည် ယနေ့ နံနက် ၁၀ နာရီ ခန့်မှစ၍ လက်နက်များဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများက […]


