ဥရောပ ဘောလုံးကြယ်ပွင့် ဖြစ်လာတဲ့ ဒုက္ခသည်စခန်းမှ ကချင်တိုင်းရင်းသူလေး
Dawei Watch
January 30, 2026ဒုက္ခသည်စခန်းက ဖုန်တထောင်းထောင်ကြားမှာ ဘောလုံးကစားနေတဲ့ ကချင်တိုင်းရင်းသူလေးဟာ အခုတော့ ဥရောပဘောလုံးစင်မြင့်ထက်မှာ ကြယ်ပွင့်တစ်ဦး ဖြစ်နေပါပြီ။ သူကတော့ ရိုမေးနီးယားရဲ့ နာမည်ကြီး ရက်ပစ်ဘူခါရက် (Rapid București) အသင်းမှာ တိုက်စစ်နဲ့ ကွင်းလယ် နှစ်နေရာလုံး ပိုင်ပိုင်နိုင်နိုင် ကစားပြနေသူ ဘောမ်လုံ ဂလောင်း (Bawm Lung Galau) ပါပဲ။ သူမရဲ့ ဘဝဖြတ်သန်းမှုက ကြမ်းတမ်းလွန်းပါတယ်။ အသက် ၂ နှစ်အရွယ်လောက်ကတည်းက စစ်ပွဲတွေကြားကနေ မလေးရှားကို တိမ်းရှောင်ခဲ့ရသလို၊ အဲဒီကနေတစ်ဆင့် ရိုမေးနီးယားနဲ့ ဒိန်းမတ်နိုင်ငံတွေဆီ ဒုက္ခသည်အဖြစ် အဆင့်ဆင့် ကူးပြောင်းရောက်ရှိသွားခဲ့ပါတယ်။ ဒုက္ခသည်စခန်းတွေဟာ ဘောမ်လုံ ဂလောင်းအတွက်တော့ ငယ်ဘဝရဲ့ ကစားကွင်းတွေပါပဲ။ ကျပ်တည်းလွန်းတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ရှင်သန်နေထိုင်ခဲ့ရပေမဲ့ ဘောမ်လုံ ဂလောင်းဟာ ဘောလုံးသမားဖြစ်ချင်တဲ့ သူမရဲ့ စိတ်ကူးကို မစွန့်လွှတ်ခဲ့ပါဘူး။ […]


