ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား

ဥရောပ ဘောလုံးကြယ်ပွင့် ဖြစ်လာတဲ့ ဒုက္ခသည်စခန်းမှ ကချင်တိုင်းရင်းသူလေး

Dawei Watch

January 30, 2026

ဒုက္ခသည်စခန်းက ဖုန်တထောင်းထောင်ကြားမှာ ဘောလုံးကစားနေတဲ့ ကချင်တိုင်းရင်းသူလေးဟာ အခုတော့ ဥရောပဘောလုံးစင်မြင့်ထက်မှာ ကြယ်ပွင့်တစ်ဦး ဖြစ်နေပါပြီ။ သူကတော့ ရိုမေးနီးယားရဲ့ နာမည်ကြီး ရက်ပစ်ဘူခါရက် (Rapid București) အသင်းမှာ တိုက်စစ်နဲ့ ကွင်းလယ် နှစ်နေရာလုံး ပိုင်ပိုင်နိုင်နိုင် ကစားပြနေသူ ဘောမ်လုံ ဂလောင်း (Bawm Lung Galau) ပါပဲ။ သူမရဲ့ ဘဝဖြတ်သန်းမှုက ကြမ်းတမ်းလွန်းပါတယ်။ အသက် ၂ နှစ်အရွယ်လောက်ကတည်းက စစ်ပွဲတွေကြားကနေ မလေးရှားကို တိမ်းရှောင်ခဲ့ရသလို၊ အဲဒီကနေတစ်ဆင့် ရိုမေးနီးယားနဲ့ ဒိန်းမတ်နိုင်ငံတွေဆီ ဒုက္ခသည်အဖြစ် အဆင့်ဆင့် ကူးပြောင်းရောက်ရှိသွားခဲ့ပါတယ်။ ဒုက္ခသည်စခန်းတွေဟာ ဘောမ်လုံ ဂလောင်းအတွက်တော့ ငယ်ဘဝရဲ့ ကစားကွင်းတွေပါပဲ။ ကျပ်တည်းလွန်းတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ရှင်သန်နေထိုင်ခဲ့ရပေမဲ့ ဘောမ်လုံ ဂလောင်းဟာ ဘောလုံးသမားဖြစ်ချင်တဲ့ သူမရဲ့ စိတ်ကူးကို မစွန့်လွှတ်ခဲ့ပါဘူး။ […]

လုမ္ပဏီစင်မြင့်ထက်မှာ တောက်ပလာသည့် မြန်မာဖိုက်တာ ကျော်စွာဝင်း

Dawei Watch

January 26, 2026

နှစ်ပေါင်းများစွာတိုင်အောင် မြန်မာ Fight ဝါသနာရှင်များ စုစည်းအားပေးရန်အတွက် မျက်နှာတစ်ခုတည်းသာ ရှိခဲ့ဖူးသည်။ ထိုသည်ကား အနားယူသွားခဲ့ပြီဖြစ်သော ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးဖိုက်တာကြီး အောင်လအန်ဆန်း ဖြစ်ပေ၏။ ယခုမူ ထိုစာရင်းမှာ တစ်စထက်တစ်စ ကြီးထွားရှင်သန်လာခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့် သောကြာနေ့ညက ဘန်ကောက်မြို့၊ လုမ္ပဏီအားကစားကွင်းအတွင်း ကျင်းပခဲ့သော ONE Friday Fights 139 ပြိုင်ပွဲကြီးသည် သာမန် အပတ်စဉ်ကျင်းပမြဲ ပြိုင်ပွဲတစ်ခုထက်ပို၍ မြန်မာနိုင်ငံအတွက် လက်ဆင့်ကမ်းအမွေ လွှဲပြောင်းပေးလိုက်သည့် အခိုက်အတန့်တစ်ခုနှင့် ပို၍ ဆင်တူနေခဲ့လေသည်။ သောင်းသောင်းဖျဖျ အားပေးသံများ၏အလယ်ဗဟိုတွင် ကျော်စွာဝင်းသည် တည်ငြိမ်စွာဖြင့် မားမားရပ်နေခဲ့ပြီး ပုံမှန်အားဖြင့် “ရော့ခ်စတား”များသာ ရရှိလေ့ရှိသော ကြိုဆိုဂုဏ်ပြုမှုမျိုးကို ပိုင်ဆိုင်ခွင့်ရရှိသွားခဲ့လေသည်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်သော ကျော်စွာဝင်းသည် ၎င်း၏ ONE Championship ပွဲဦးထွက်ကို […]

ဂျပန်က ခြေစမ်းပွဲ ၃ ပွဲကို ၂ ပွဲနိုင်၊ ၁ ပွဲသရေ ကစားပြပြီး ရှုံးပွဲလုံးဝမရှိခဲ့တဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်း

Dawei Watch

October 27, 2025

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကတော့ မြန်မာပရိသတ်တွေကို အမြဲလိုလိုပဲ မျက်နှာပန်းလှပစေခဲ့ပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲအကြို ဂျပန်နိုင်ငံဆီကို သွားရောက်လေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းဟာ ဂျပန်ခရီးစဉ်ထဲမှာ ခြေစမ်းပွဲ ၃ ပွဲ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အဲ့ဒီခြေစမ်းပွဲ ၃ ပွဲမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက ရှုံးပွဲ လုံးဝမရှိခဲ့ဘဲ ၂ ပွဲနိုင်၊ ၁ ပွဲသရေရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။ အောက်တိုဘာလ ၂၁ ရက်နေ့မှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက ပထမဆုံးခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားခဲ့ပြီး အဲ့ဒီပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက IGK ကူနွိုက်ချ်အသင်းကို တစ်ဂိုးစီ သရေကစားခဲ့ပါတယ်။ ဒီပွဲမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် နှင်းပွင့်အေးက ဂိုးသွင်းယူပေးခဲ့ပါတယ်။ အောက်တိုဘာလ ၂၃ ရက်နဲ့ အောက်တိုဘာလ ၂၅ ရက်တွေမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက အိုဆာကာတက္ကသိုလ်၊ ကန်ဆိုင်းတက္ကသိုလ်အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး ဒီနှစ်ပွဲလုံးကို မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက တစ်ဂိုး […]

“တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတဲ့မန်ယူကို မြင်တွေ့ရလိမ့်မယ်”လို့ နည်းပြ အေမိုရင် ပြော

Dawei Watch

October 27, 2025

မန်ယူနည်းပြ အေမိုရင်က သူ့အသင်းဟာ တစ်ပွဲထက်တစ်ပွဲ ပိုပြီး ကောင်းလာတာကို မြင်တွေ့ရလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် အနိုင်ရလိုက်ပေမယ့် လိုချင်တဲ့အနေအထားတစ်ရပ်ဆီကို ရောက်လာဖို့ကတော့ အချိန်တစ်ခု စောင့်ရဦးမှာကို ပရိသတ်တွေ သဘောပေါက်နားလည်ရလိမ့်မယ်လို့လည်း နည်းပြ အေမိုရင်က အသိပေးသွားခဲ့ပါတယ်။ “အသင်းက နိုင်ပွဲတွေ ဆက်တိုက်ရရှိလာတာကို ကျွန်တော်နဲ့ အသင်းသားတွေ၊ အသင်းတာဝန်ရှိသူတွေ ကျေနပ်အားရသလို အသင်းပရိသတ်တွေလည်း ပျော်ရွှင်နေပါလိမ့်မယ်။ ဒါပေမဲ့ အသင်းဟာ ပြီးပြည့်စုံတဲ့အဆင့်တစ်ခုဆီကိုရောက်ဖို့ လိုအပ်ချက်တချို့ ရှိနေဆဲပါပဲ။ တစ်ပွဲချင်းအလိုက် အာရုံစူးစိုက်သွားဖို့ကိုပဲ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ တစ်ပွဲထက်တစ်ပွဲ ပိုပြီး အားရစရာကောင်းလာတဲ့ မန်ယူကို မြင်တွေ့ကြရပါလိမ့်မယ်”လို့ နည်းပြ အေမိုရင်က ပြောသွားခဲ့ပါတယ်။ မန်ယူဟာ ဘရိုက်တန်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရလိုက်ပြီးတဲ့နောက် အမှတ်ပေးဇယားရဲ့ထိပ်ပိုင်းဆီ […]

မြန်မာအမျိုးသမီးဘောလုံးအသင်း ဆီးဂိမ်းစ်အုပ်စုပွဲကစားရမယ့် နေ့နဲ့အချိန်ထွက်ပြီ

Dawei Watch

October 23, 2025

မြန်မာအမျိုးသမီးဘောလုံးအသင်းအတွက် ဆီးဂိမ်းစ်ပြိုင်ပွဲ အချိန်ဇယားထွက်ပေါ်လာခဲ့ပါပြီ။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ ဒီဇင်ဘာလ ၅ ရက်နေ့ကိုရောက်ရင် အုပ်စုအဖွင့်ပွဲစဉ် စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်ကို ဖိလစ်ပိုင်နဲ့ ကစားရမှာပါ။ ဒီဇင်ဘာလ ၅ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ မြန်မာအမျိုးသမီးအသင်းအတွက် ဒီပွဲဟာ နောက်တစ်ဆင့်တက်ရောက်နိုင်ရေး အဆုံးအဖြတ်ပွဲစဉ်ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတုန်းကလည်း ဖိလစ်ပိုင်ကို အသည်းအသန်ကစားခဲ့ရပြီး တစ်ဂိုးစီသရေရလဒ်သာ ရယူနိုင်ခဲ့ပါတယ်။ အာရှဖလားခြေစစ်ပွဲ ကျရှုံးခဲ့ပြီး အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ဒုတိယနဲ့သာကျေနပ်လိုက်ရတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကို ဆီးဂိမ်းစ်မှာ ရလဒ်ကောင်း ရယူနိုင်ရေးအတွက် စုဖွဲ့လေ့ကျင့်ပြင်ဆင်နေပါတယ်။ လက်ရှိမှာဆိုရင်လည်း ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မယ့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကို ဂျပန်နိုင်ငံမှာ စခန်းသွင်းလေ့ကျင့်ပေးနေပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဆီးဂိမ်းပြိုင်ပွဲရဲ့အုပ်စုအဖွင့်ပွဲစဉ်ကို ဖိလစ်ပိုင်နဲ့ ယှဉ်ပြိုင်ပြီးရင် အုပ်စုဒုတိယပွဲစဉ်အဖြစ် မလေးရှားကို ရင်ဆိုင်ရပါလိမ့်မယ်။ […]

မွေထိုင်းဘက်ကို ပြန်လာမယ်၊ ဗရော်နီကာနဲ့ ပွဲထိုးချင်တယ်လို့ နောက်တစ်ကြိမ် ထပ်ပြောလိုက်တဲ့ စတမ့်ဖဲတက်

Dawei Watch

October 23, 2025

စတမ့်ဖဲတက် ဟာ လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ONE 173 ပြိုင်ပွဲကြီးရဲ့ပွဲစဉ်အတွက် အင်တာဗျူးဖြေကြားချိန်မှာလည်း ဗရော်နီကာနဲ့ ထိုးခွင့်ရချင်တယ်ဆိုတာကို ထပ်ပြောသွားခဲ့ပါတယ်။ အခုမတိုင်ခင်ကလည်း စတမ့်ဖဲတက်ဟာ သူ့အနေနဲ့ တစ်နေ့နေ့ရောက်ရင် ဗရော်နီကာနဲ့ ထိုးခွင့်ရဖို့ မျှော်လင့်မိတဲ့အကြောင်း မီဒီယာတွေကို တစ်ကြိမ်ဖြေခဲ့ဖူးပြီးပါပြီ။ တိုက်စစ်ကို ရဲရဲတင်းတင်းဖွင့်ပြီး ကစားတတ်တဲ့ ဗရော်နီကာရဲ့ပုံစံကို သူ အရမ်းပဲ သဘောကျတယ်လို့လည်း စတမ့်ဖဲတက်က အသိပေးထားပါတယ်။ စတမ့်ဖဲတက်ဟာ ဒဏ်ရာပြဿနာကြောင့် ပွဲတွေမထိုးဘဲ အနားယူနေခဲ့ရတာ ၂ နှစ်ကျော်လာခဲ့ပါပြီ။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က တောင်ကိုရီးယား ဖိုက်တာမလေး ဟမ်ဆိုဟီး ကို အနိုင်ကစားပြီးတဲ့နောက် စတမ့်ဖဲတက်က ဒဏ်ရာပြဿနာကြောင့် ပွဲဆက်ပြတ်တောက်သွားခဲ့တာပါ။ MMA နဲ့ ကစ်ဘောက်ဆင်ဘက်တွေမှာသာ ပွဲတွေထိုးနေခဲ့တဲ့ […]

မန်ယူဟာ အသင်းဝိညာဉ် ပျောက်ဆုံးသွားပြီလို့ ပြောလိုက်တဲ့ ရူနီ

Dawei Watch

October 14, 2025

မန်ယူတိုက်စစ်မှူးဟောင်း ရူနီက မန်ယူ အကြီးမားဆုံး ဆုံးရှုံးသွားတာဟာ အသင်းရဲ့ဝိညာဉ်ပဲဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကစားသမားဘဝမှာ အောင်မြင်ခဲ့ပေမယ့် နည်းပြဘဝဆီကို ကူးပြောင်းလိုက်ပြီးတဲ့နောက် ကျရှုံးမှုတွေသာ ရင်ဆိုင်နေရတဲ့ ရူနီက မန်ယူဟာ အခုအတိုင်း ရှေ့ဆက်ရင် ထူးထူးခြားခြား ဘာတစ်မှဖြစ်လာဖို့ မရှိဘူးလို့လည်း ထပ်လောင်း အသိပေးသွားခဲ့ပါတယ်။ အသင်းဟာ တစ်နေရာချင်းအလိုက် လိုအပ်ချက်တွေ များလွန်းနေပြီး အသင်းကစားသမားတွေနဲ့ အံဝင်တဲ့ကစားကွက်တစ်ခုကို မဖော်ဆောင်နိုင်သေးတာက အသင်းကို ပိုပြီး အထိနာစေတယ်လို့ ရူနီက ပြောထားပါတယ်။ ဖာဂူဆန် အနားယူသွားပြီးတဲ့နောက်ပိုင်း အဆိုးဆုံးကာလကို ရင်ဆိုင်ဖြတ်သန်းနေရတဲ့မန်ယူအတွက် အကြီးမားဆုံးလိုအပ်ချက်က အသင်းအတွက် ပေးဆပ်မှုအပြည့်နဲ့ ကစားပေးချင်တဲ့ကစားသမားတွေ၊ ဘာမဆို ထိပ်တိုက်ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့ နည်းပြဦးဆောင်မှုတွေဖြစ်တယ်လို့ ရူနီက ထောက်ပြသွားခဲ့ပါတယ်။ “မန်ယူဟာ မန်ယူရဲ့ဝိညာဉ် ပျောက်ဆုံးသွားပါပြီ။ ဒါကြောင့်ပဲ အသင်းက တစ်ဆင့်ချင်းအလိုက် ပြိုကျပျက်စီးသွားတာပါ။ […]

အောင်လအန်ဆန်းကို ONE က Hall of Fame မှာ ထည့်သွင်းဂုဏ်ပြုလိုက်ပြီ၊ Hall of Fame ဆုနဲ့ ဂုဏ်ပြုခံရတဲ့ တတိယမြောက်ဖိုက်တာဖြစ်လာ

Dawei Watch

October 4, 2025

ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးဖိုက်တာကြီး အောင်လအန်ဆန်းကို ONE က Hall of Fame မှာ ထည့်သွင်းဂုဏ်ပြုလိုက်ပါပြီ။ ကာဒီစတမ်ကို အလဲထိုးနဲ့ အနိုင်ယူပြလိုက်အပြီးမှာ အောင်လအန်ဆန်းကို ဘောနပ်စ်ဆု အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ချီးမြှင့်ပေးအပ်ကြောင်း ကြေညာပြီးတဲ့နောက် Hall of Fame ဂုဏ်ပြုဖိုက်တာစာရင်းမှာပဲ အောင်လအန်ဆန်း ပါဝင်သွားခဲ့ပြီဖြစ်ကြောင်း ဆက်လက် ကြေညာသွားခဲ့တာပဲဖြစ်ပါတယ်။ ONE Championship ရဲ့ Hall of Fame ဆိုတာက ONE Championship ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အထူးချွန်ဆုံးနဲ့ ဂန္ထဝင်အဆင့်လို့ သတ်မှတ်လိုက်တဲ့ ဖိုက်တာတွေနဲ့ အဖွဲ့အစည်းအပေါ် အကျိုးပြုသူတွေကို ဂုဏ်ပြုတဲ့ အမြင့်ဆုံးဆုဖြစ်ပါတယ်။ ONE Championship အတွက် ကာလရှည်ကြာ ပြိုင်ပွဲတွေ တစိုက်မတ်မတ် ယှဉ်ပြိုင်ပေးခဲ့ပြီး ပြိုင်ပွဲစည်းမျဉ်းတွေ၊ ကစားပုံစံတွေကို တဆစ်ချိုးပြောင်းလဲပေးနိုင်ခဲ့တဲ့ […]