BREAKING
November 10, 2025

သတင်း

ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၂ဦး ဖမ်းဆီးခံရ

Dawei Watch

November 9, 2023

ထိုင်းနိုင်ငံအလယ်ပိုင်း စူဖန်ဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၂ ဦးကို နိုဝင်ဘာလ ၈ရက်နေ့ ညပိုင်းတွင် အဝေးပြေးရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဒန်ချန်းဒေသရှိ အမှတ် ၃၃၃ အဝေးပြေးလမ်းမပေါ်တွင် အလေးချိန်ပိုမိုတင်ဆောင်လာသော ပစ်ကပ်ကားတစ်စီး မောင်းနှင်လာသည်ကို မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း ရေးသားထားသည်။ သို့သော် ကား မရပ်တန့်ဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရကြောင်း ဖော်ပြသည်။ ကားထဲတွင် မြန်မာအလုပ်သမား ၁၂ ဦး လိုက်ပါလာသည်ကို စစ်ဆေးတွေ့ရှိရပြီး ထိုင်းနိုင်ငံသား ကားသမားတစ်ဦးကိုလည်း တွေ့ရှိရကြောင်း သတင်းများက ဆိုသည်။ မြန်မာအလုပ်သမားများကို တာခ့်ခရိုင် မဲဆောက်မြို့မှတစ်ဆင့် စူဖန်ဘူရီခရိုင် တစ်နေရာသို့ ပို့ဆောင်ပေးရန် ခေါ်ဆောင်လာခဲ့ကြောင်း ကားသမားက ရဲတပ်ဖွဲ့ထံ ထွက်ဆိုကြောင်း သတင်းများတွင်ဖော်ပြထားသည်။ ယခင် […]

လောင်းလုံးတွင် စိတ်ဝေဒနာသည်က ဓားဖြင့်လိုက်ထိုးသဖြင့် အမျိုးသားလေးဦးဒဏ်ရာရ

Dawei Watch

November 9, 2023

လောင်းလုံးမြို့နယ် သောကြာပြင်ရွာလမ်းဆုံအနီးတွင် ‌ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက စိတ်ဝေဒနာသည်တစ်ဦး ဓားဖြင့်လိုက်ထိုးသဖြင့် အမျိုးသားလေးဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဓားဖြင့်ထိုးသူမှာ ကမြောကင်းရွာသား အသက် ၂၀ ကျော်အရွယ်ရှိ ကိုဖြူလင်းကို ဆိုသူဖြစ်ပြီး စိတ်ဝေဒနာခံစားနေရသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူက မူးယစ်ဆေးကြောင်ပြီး စိတ်မနှံဖြစ်လို့ ရန်ကုန်မှာလည်း ဆေးကုခဲ့ပြီးပြီ။ ပြန်ဖောက်လာတာဖြစ်မယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။ ဓားထိုးခံရသောကြောင့် သောကြာပြင်လမ်းဆုံ ဆိုင်ကယ်ကယ်ရီဂိတ်အနီးရှိနေသည့် ကိုနေဇော်လတ်ဆိုသူမှာဝမ်းဗိုက်တွင် အပြင်းအထန် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ထို့နောက် ကိုသန်းနိုင်နှင့် အခြားအမျိုးသား နှစ်ဦး တွင်လည်း ဓားဒဏ်ရာများရပြီး ဒဏ်ရာရသူများကိုထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။ “သူ့ကိုသွားစကြတယ်လို့ပြောတယ်။ အဲဒါကြောင့် ဓါးနဲ့ လိုက်ခုတ်၊ လိုက်ထိုးတာလို့ […]

သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

Dawei Watch

November 9, 2023

သရက်ချောင်းမြို့နယ်၊ စစ်ကောင်စီခန့် ပဲဒက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝေ ယနေ့(နိုင်ဝင်ဘာ ၉) နံနက် ၉ နာရီခန့်တွင် ဆင်စွယ်ချောင်းရွာ၌ ပစ်သတ်ခံရကြောင်း‌ ဒေသခံများထံမှသိရသည်။ ဦးစိုးဝေမှာ ဆင်စွယ်ချောင်းကျေးရွာကို တစ်ဦးတည်း ဆိုင်ကယ်ဖြင့်သွားစဉ်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဆင်စွယ်ချောင်းရွာမှာ ပဲဒက်ကျေးရွာအုပ်စုထဲမှ ရွာတစ်ရွာဖြစ်ပြီး ပဲဒက်ကျေးရွာနှင့်ရွာချင်းကပ်နေကာ သုံးမိုင်ခန့် အကွာအဝေးတွင်တည်ရှိသည်။  “အလောင်းကတော့ အိမ်ပြန်ရောက်လာပြီ” ဟု ၎င်းက ပြောသည်။ အသက် ၅၇ နှစ်ခန့်အရွယ် ဦးစိုးဝေကို ဆိုင်ကယ်စီးလာသည့် လူနှစ်ဦးက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပဲဒက်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်နှစ် မေလ ၁၁ ရက်နေ့ကလည်း ပဲဒက်ကျေးရွာရှိ ပျူစောထီးစခန်းလုပ်ထားသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးကို PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။ ယင်းနေ့က အုပ်ချုပ်ရေးမှူး ဦးစိုးဝေအိမ်နှင့် ပျူအဖွဲ့ဝင် ဦးဥာဏ်လှနေအိမ်၊ မိုင်တဲတာဝါတိုင်တို့ကိုလည်း PDF ပူးပေါင်းတပ်များက […]

ရန်ကုန်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးထပ်တက်၊ ကျပ် ၆ သိန်းနီးပါးဖြစ်လာ

Dawei Watch

November 9, 2023

အာဏာသိမ်းပြီးချိန်မှစတင်ကာ ရန်ကုန်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာပြီး ယခုအခါတွင် လက်မှတ်တစ်ကြောင်းစာ တစ်စောင်ကို ကျပ် ၆ သိန်းနီးပါးအထိ ဖြစ်လာကြောင်း လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။ အာဏာမသိမ်းမီအချိန် ၂၀၂၀ ခုနှစ်က ရန်ကုန်-ကော့သောင်း လေယာဉ်လက်မှတ်တစ်စောင်လျှင် ၉၈၀၀၀ ကျပ်သာရှိပြီး ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှစပြီး တစ်စောင်လျှင် ၅၈၀၅၀၀ ကျပ်ဖြစ်လာသဖြင့် ၅ ဆကျော်အထိ မြင့်တက်လာခြင်း ဖြစ်သည်။ အဆိုပါ ဈေးနှုန်းတို့သည် Air KBZ လေကြောင်းလိုင်း၏ ဈေးနှုန်းများ ဖြစ်ကြသည်။ “ဈေးတွေ မိုးထောင်တက်လာတာ သာမန်လူတန်းစားအတွက်တော့ အရေးပေါ်အခြေအနေမဟုတ်ရင် မစီးကြပါဘူး” ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။ ငွေကြေးတတ်နိုင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ထမ်းများသာ လေယာဉ်ခရီးစဉ်ဖြင့် သွားလာလေ့ရှိကြကြောင်း ၎င်းက ဆိုသည်။ လေယာဉ်လက်မှတ်ဈေးများမှာ အောက်တိုဘာလအတွင်းမှစပြီး ၃၉၉၀၀၀ ကျပ်မှ […]

ထားဝယ်တွင် ပွင့်လင်းရာသီ အလှူဖိတ်စာ ရိုက်သူနည်း

Dawei Watch

November 9, 2023

ထားဝယ်ခရိုင်အတွင်း ယခုနှစ် ပွင့်လင်းရာသီ အလှူပွဲများကျင်းပလာပြီဖြစ်သော်လည်း ဖိတ်စာရိုက်ကူးသည့်ပမာဏ နည်းနေဆဲဖြစ်ကြောင်း ဖိတ်စာနှင့်ပုံနှိပ်လုပ်ငန်း လုပ်ကိုင်သူများကပြောသည်။ “ကိုဗစ်မတိုင်ခင်ကဆို အလှူတစ်ခုကိုဖိတ်စာစောင်ရေတစ်ထောင်အထက် မှာရှိတယ်။ အခုကျတော့ လုပ်ကြတယ်။ အများစုက စောင်ရေ ၂၀၀ ၊၃၀၀လောက်နဲ့ပြီးလိုက်ကြတယ်။ တချို့ကြလည်း ၁၀၀၊ ၁၅၀လောက်နဲ့ပြီးလိုက်ကြတယ် ။ ရိုးရိုးဖိတ်စာလောက်ပဲရိုက်ကြတော့တယ်“ ဟု ထားဝယ်မြို့ က ဖိတ်စာလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောသည်။ ဖိတ်စာရိုက်ကူးမှုမှာ နယ်မြေအနေအထားအပေါ်မူတည်ကြောင်း နယ်မြေမအေးချမ်းသည့် ဒေသများတွင် ပွဲသေးများသာကျင်းပကြပြီး နယ်မြေအေးချမ်းသည့် ထားဝယ်မြို့ပေါ်တွင်မူ ပွဲကြီးများလုပ်‌လေ့ရှိကြောင်း မြို့ပေါ်ပွဲကြီးများတွင်မူ ဖိတ်စာစောင်ရေ ထောင်ဂဏန်းအထိ ရိုက်ကြောင်း ဖိတ်စာလုပ်ငန်းရှင်များက ဆိုသည်။ “လဆန်းကနေ ၁၃ ရက်နေ့အထိ လာဖိတ်ထားတဲ့ အလှူပွဲဖိတ်စာ ၁၈ ခုရှိတယ်။ အလှူပွဲတွေကတော့ ပုံမှန်ပြန်ကျင်းပနေတာပဲ။ အသံချဲ့စက်ဖွင့်မရတာတစ်ခုပဲ။ အလှူလာတဲ့ ပရိသတ်ကတော့ အလှူရှင်က ဖိတ်တဲ့အပေါ်မူတည်ပြီး […]

လောင်းလုံးတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် PDF တို့ တိုက်ပွဲဖြစ်

Dawei Watch

November 9, 2023

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် PDF တပ်ဖွဲ့တို့ ယနေ့(နိုဝင်ဘာ ၉)မနက် ရှစ်နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့မနက် ရှစ်နာရီဝန်းကျင်ခန့်မှစပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။ “မနက်ကတည်းကကြားနေတယ်။ လက်နက်ကြီးသံ ခုဏကဖုန်းဆက်မေးတော့မှာ နှစ်ဖက်ထိတွေမှု ဖြစ်တယ်လို့ သိရတာ”ဟု ၎င်းကပြောသည်။ နှစ်ဖက်ထိတွေ့မှုကြောင့် သဘောဆိပ်၊ပြင်ကြီး၊ကရင်ကြီး၊ကမ်းပနီစသည့် ဒေသများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေ ကြရသည်ဟု သိရသည်။ အဆိုပါစစ်‌ကြောင်းသည် လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု ကို နိုဝင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းကစတင် ရောက်ရှိနေခြင်းဖြစ်ပြီး ကျောက်ဆင်ကျေးရွာ အုပ်စုရှိ ကျောက်ဆင်၊ သဘော့ဆိပ် ၊ပြင်ကြီး၊ကရင်ကြီးနှင့် ကမ်းပနီ ရွာတို့ကို နယ်မြေရှင်းလင်းရန်လာခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ မနေ့ မနက်ပိုင်းက ကျောက်ဆင်ရွာတွင် ဒေသခံ ငါးဦးကို စစ်ဆေးမေးမြန်းဖမ်းဆီးခဲ့ပြီး […]

မုံးကိုးကို သိမ်းယူလိုက်ပြီး စခန်း ၁၅၀ကျော်ကိုလည်းသိမ်းယူထားကြောင်း မြောက်ပိုင်းမဟာမိတ်ပြော

Dawei Watch

November 8, 2023

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုးမြို့ကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ကိုးကန့်တပ် MNDAA က ယနေ့ နိုဝင်ဘာလ ၈ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီတပ်၏ မုံးကိုးဗျူဟာကုန်းကို နိုဝင်ဘာလ ၅ရက်နံနက်မှ စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး သုံးရက်အကြာ နိုဝင်ဘာလ ၇ရက် နေ့လယ်ပိုင်းတွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ MNDAA နှင့် ဒေသလုံခြုံရေးအဖွဲ့တို့သည် မုံးကိုးမြို့၏အုပ်ချုပ်ရေးများကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီ ဖြစ်ပြီး ဒေသခံ ပြည်သူ့စစ်များလည်း ထွက်ပြေးသွားပြီဖြစ်သဖြင့် မုံးကိုးခရိုင်တစ်ခုလုံးကို ပြန်လည်ရရှိပြီဖြစ်ကြောင်းလည်း MNDAA က ဆိုသည်။ သုံးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း MNDAA တပ်ဖွဲ့ဝင်များ အသက်ပေးဆပ်ခဲ့ရကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်တွင် ပါရှိသည်။ ၁၀၂၇ စစ်ဆင်ရေး ၁၂ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာလ ၇ရက်တွင် ကိုးကန့်၊ မုံးကိုး၊ ကွတ်ခိုင်တို့တွင် စစ်ကောင်စီတပ်စခန်းများကို သိမ်းယူနိုင်ခဲ့ကြောင်း MNDAA က […]

တနင်္သာရီတွင် ဖခင်ဖြစ်သူက အိမ်ပေါ်မှပစ်ချသဖြင့် ၂နှစ်အရွယ် ကလေးသေဆုံး

Dawei Watch

November 8, 2023

တနင်္သာရီမြို့နယ်၊ မရင်းကြီးကျေးရွာတွင် ဖခင်ဖြစ်သူက ၂ နှစ်အရွယ်သမီးအား နေအိမ်ပေါ်မှ ပစ်ချသဖြင့် ကလေးဖြစ်သူ လည်ပင်းရိုးကျိုးကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ “ဆေးကြောင်တာလား၊ အရက်ကြောင်တာလားတော့ မသိဘူး။ အိမ်ပေါ်ကနေ ပစ်ချလိုက်လို့ ကလေး သေသွားတာလောက်ပဲ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာလ ၇ရက်နေ့က ဖြစ်ပွားခြင်းဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ယင်းနေ့တစ်ရက်တည်းတွင် တနင်္သာရီမြို့နယ်၌ လူသတ်မှုနှစ်ခုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက်စရစ်ကျေးရွာတွင် လူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဓားခုတ်မှုဖြစ်ပွားသဖြင့် လူငယ်တစ်ဦးတွင် လည်ပင်း၊ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့တွင် ဓားဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် ဓားဖြင့်ခုတ်သတ်ခဲ့သည်ကို […]