ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖူးခက်မြေပြိုမှုတွင် သေဆုံးသော ထားဝယ်ဒေသခံများ၏အလောင်းများကို ဘုန်းကြီးကျောင်းများသို့ပြောင်းရွှေ့

Dawei Watch

August 27, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ မြေပြိုမှုတွင် သေဆုံးခဲ့သော ထားဝယ်ဒေသခံရှစ်ဦး၏ ရုပ်အလောင်းတို့ကို ဩဂုတ်လ ၂၆ ရက် ညနေပိုင်းတွင် ဆေးရုံမှထုတ်ယူပြီး ဘုန်းကြီးကျောင်း ငါးကျောင်းသို့ ပြောင်းရွှေ့ထားပြီဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသော ထားဝယ်ဒေသခံများထံမှ သိရသည်။ ရုပ်အလောင်းများကို မိသားစုဝင်များက ဆေးရုံမှ ထုတ်ယူခဲ့ပြီး သက်ဆိုင်ရာဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့၍ သင်္ဂြိုဟ် မည့်ကိစ္စများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသော ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။ “မိသားစုဝင်တွေကနေ နေ့တွေသတ်မှတ်ပြီး သင်္ဂြိုဟ်ကိစ္စတွေ စီစဉ်ကြလိမ့်မယ်” ဟု ၎င်းက ပြောဆိုသည်။ သေဆုံးသူ ထားဝယ်ဒေသခံရှစ်ဦးအနက် ကိုကျော်လွင်၏ ရုပ်အလောင်းကို ဝပ်တိုင်းဘုန်းကြီးကျောင်း၊ ကိုရာဇာထက်နှင့် မချိုယဉ်သန်းတို့၏ ရုပ်အလောင်းတို့ကို ကတဘုန်းကြီးကျောင်းများတွင် ထားရှိထားပြီး လာမည့် ဗုဒ္ဓဟူးနေ့တွင် သင်္ဂြိုဟ်ရန် စီစဉ်ထားကြောင်း ကူညီဆောင်ရွက်နေသူတို့ထံမှ သိရသည်။ မအိအိဖြိုးလှိုင်၏ ရုပ်အလောင်းကို ကော့စေလီဘုန်းကြီးကျောင်းတွင်ထားရှိပြီး […]

တနင်္သာရီက လယ်သစ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

Dawei Watch

August 26, 2024

တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဩဂုတ်လ ၂၄ရက်နေ့ ညနေ ၄နာရီခွဲခန့်က ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၅၈ တပ်ရင်းက လယ်သစ်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ ယင်းသို့ပစ်ခတ်ပြီးနောက် ညနေ ၆နာရီခန့်တွင် ကျွန်းစုမြို့နယ် ဂျိုးတောင်ရွာဘက်မှ လယ်သစ်ကျေးရွာကို လက်နက်ကြီးဖြင့်ထပ်မံ ပစ်ခတ်ခဲ့ကြောင်း လယ်သစ်ကျေးရွာ အနီးအနားတွင်နေသည့် ဒေသခံတစ်ဦးက ဆိုသည်။ “တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ပစ်တာမျိုးပါ။ နှစ်ခု(ကြိမ်)ပေါင်းဆိုရင်တော့ အချက် နှစ်ဆယ် ဝန်းကျင်လောက်ရှိမယ်။ ရွာကသူတွေက ပြီးခဲ့တဲ့လ တိုက်ပွဲနဲ့ ရေဘေးကတည်းက ရှောင်နေကြတော့ ထိခိုက်မှုတော့မရှိခဲ့ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ လယ်သစ်ကျေးရွာမှာ တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်အစပ်တွင်တည်ရှိပြီး ဇူလိုင်လနှောင်းပိုင်းကဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံကာလတွင် စစ်ကြောင်းထိုးမှု၊ […]

လောင်းလုံး ပြင်းထိန်ရွာကို စစ်ကောင်စီတပ် ညဘက်ဝင်ပြီး ဖုန်းနှင့် ငွေ များယူဆောင်

Dawei Watch

August 26, 2024

လောင်းလုံးမြို့နယ် ပြင်းထိန်ရွာကို စစ်ကောင်စီတပ်က မနေ့ ည ၂ နာရီခန့်တွင် ဝင်ရောက်လာပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးကာ ဖုန်းနှင့် ငွေသားများ ယူဆောင်သွားကြောင်း ဒေသခံများ ကပြောသည်။ အင်အား ၃၀ ခန့်ပါသည့် စစ်ကောင်စီတပ်က ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၂ နာရီ (မနေ့ည) တွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီတွင် တစ်ကြိမ် ဝင်ရောက်လာသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ညဖက်တစ်ခါမှ မဝင်ဖူးဘူး။ ဒီလို ဝင်မှန်းတောင်မသိဘူး။ အခု ဒီညထပ်လာမှပဲ ကြောက်နေရတယ်” ဟု ဒေသခံကပြောသည်။ စစ်ကောင်စီတပ်က ပြင်းထိန်ရွာကို ညဘက်ဝင်ရောက် စစ်ဆေးချိန် နေအိမ် ဆယ်လုံးကျော်ကို စစ်ဆေးပြီး ဖုန်း ၈ လုံး ခန့်ကို သိမ်းယူသွားသလို […]

ရေဖြူ ဇာဒီရွာနှင့် ပယရွာအကြားရှိ ရှားကုန်းဂိတ်တွင် ပစ်ခတ်မှုဖြစ်

Dawei Watch

August 26, 2024

ရေဖြူမြို့နယ် ဇာဒီရွာနှင့် ပယရွာအကြားရှိ ရှားကုန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ယနေ့ ဩဂုတ်လ ၂၆ ရက် နံနက် အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားကြောင်း ရွာသားများက ပြောသည်။ “မျက်စိလင်းချိန် (နံနက်စောစော ၆ နာရီဝန်းကျင်) ကတည်းက ပစ်ကြတာပဲ။ လက်နက်ငယ်သံ သက်သက် မိနစ်၄ဝ လောက်ကြားတယ်။ ပြီးမှ လက်နက်ကြီးထုတယ်” ဟု ဇာဒီရွာသားတစ်ဦးက ဆိုသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် ပယရွာအနီး ထွက်ဝရွာ ပင်လယ်ပြင်တွင် ရှိနေသည့် ရေတပ်သင်္ဘောက လက်နက်ကြီးဖြင့် ငါးချက် ပစ်ခတ်ကြောင်း ရွာသားများက ပြောဆိုသည်။ ညနေပိုင်းတွင်မူ အခြေအနေပြန်လည်ငြိမ်နေပြီး ပစ်ခတ်သံများ မကြားရတော့ကြောင်း ရွာသားများထံမှ သိရသည်။ ရှားကုန်းဂိတ်ကို မည်သည့်အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်နှင့် ထိခိုက်မှု ရှိ မရှိတို့ကို စုံစမ်းနေဆဲဖြစ်သည်။ စစ်ကောင်စီတပ်သည် အင်အား ၂ဝဝ […]

တနင်္သာရီရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်တို့ တိုက်ခိုက်ခံရ

Dawei Watch

August 26, 2024

တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို တစ်ရက်အတွင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှသိရသည်။ ဩဂုတ်လ ၂၄ရက် နံနက် ၈နာရီခွဲခန့်တွင် အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၅၇ တပ်ရင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နံနက် ၉နာရီခန့်တွင် တနင်္သာရီမြို့အဝင်ရှိ တံတားစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။ ခမရ (၅၅၇) တိုက်ခိုက်မှုတွင် ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုတွင် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ညနေ ၃ နာရီခွဲခန့်တွင် တနင်္သာရီမြို့အဝင် ဗိုလ်ချုပ်ကြေးရုပ်အရှေ့ တောင်ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ရာ မိနစ်၂၀ခန့် တိုက်ပွဲဖြစ်ပွားကြောင်း […]

လောင်းလုံး ကျေးရွာအချို့တွင် ကာလရှည်အရေပြားရောဂါဖြစ်

Dawei Watch

August 26, 2024

လောင်းလုံးမြို့နယ်ရှိ အောက်ကျောက်ဝပ်၊ ညောပြင်ကျေးရွာအပါအဝင် အနီးအနား ကျေးရွာတို့တွင် အရေပြားရောဂါ ကူးစက်မှုဖြစ်ပွားနေကြောင်း ဒေသခံတို့က ပြောသည်။ ဇွန်လကတည်းက အရေပြားတွင် အပူဖုလိုမျိုး ထွက်ရာကနေ အရေပြားယားယံလာပြီး သုံးလခန့်အကြာ ယနေ့ အချိန်အထိ ရောဂါဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ အဆိုပါအရေပြားရောဂါအဖြစ်အများဆုံးမှာ အောက်ကျောက်ဝပ်နှင့် ညောပြင်ကျေးရွာတို့တွင်ဖြစ်ပြီး ကလေး၊ လူကြီး အားလုံးနီးပါးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ “စဖြစ်ဖြစ်ချင်းတုန်းကဆိုရင် (ရွာမှာ) အားလုံးနီးပါးမှာကိုဖြစ်တာ။ ၈၅ ရာခိုင်နှုန်းလောက်ရှိတယ်။ ကျွန်တော်အိမ်မှာတောင် လူခြောက်ယောက်ရှိတာ ငါးယောက်ဖြစ်တယ်” ဟု အောက်ကျောက်ဝပ်ရွာသားတစ်ဦးက ပြောသည်။ အရေပြားယားနာနှင့်အတူ တုပ်ကွေးရောဂါလည်း ကူးစက်ပျံ့နှံ့နေကြောင်း ဒေသခံတို့က ဆိုသည်။ အရေပြားနှင့် တုပ်ကွေးရောဂါကို ဒေသတွင်းတော်လှန်ရေးအဖွဲ့ရှိ ဆေးအဖွဲ့တို့က လာရောက်ကုသပေးသဖြင့် သက်သာသူ အချို့ရှိနေပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ရောဂါမသက်သာသေးသူများ ကျန်နေသေးကြောင်း […]

မြေအောက်ရထားလမ်းပြိုကျမှုတွင် ပိတ်မိနေသည့် မြန်မာတစ်ဦးအပါအဝင်သုံးဦး အသက်ရှင်နေကြောင်း လက္ခဏာတွေ့

Dawei Watch

August 26, 2024

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ဆောက်လက်စမြေအောက်ရထားလမ်းပြိုကျမှုကြောင့် ပိတ်မိနေသော မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် သုံးဦးကို ရှာဖွေကယ်ဆယ်နေရာ ယနေ့ နံနက်ပိုင်းတွင် အသက်ရှင်နေသေးသည်ဟု ယုံကြည်ရသော လက္ခဏာ (vital signs) ကို စစ်ဆေးတွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၂၄ ရက် ည ၁၁ နာရီခွဲခန့်က မြေအောက်ရထားလမ်းလုပ်ငန်းခွင် ပြိုကျခဲ့ခြင်းဖြစ်သည်။ မြေအောက်ရထားလမ်းပြိုကျမှုကြောင့် ပိတ်မိသွားသော အလုပ်သမားသုံးဦးကို မြေတူးစက်များဖြင့် ရှာဖွေကယ်ဆယ်နေရာ တစ်ရက်ကျော်အကြာ ယနေ့ ဩဂုတ်လ ၂၆ရက် နံနက် ၄ နာရီခွဲခန့်က အသက်ရှင်နေသေးသော လက္ခဏာများကို ရေဒါက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အထဲပိတ်မိနေသူများကို ရေဒါစနစ်ဖြင့် ရှာဖွေနေရာ ရေဒါတွင် ပိတ်မိနေသူ သုံးဦးစလုံး အသက်ရှင်နေသေးသည်ကို စစ်ဆေးတွေ့ရှိထားကြောင်း သတင်းများတွင် ဖော်ပြသည်။ လက်ရှိတွင် ရေဒါတွင် […]

မြိတ်တွင် စိတ်ကြွရူးသွပ်ဆေး ‌ကျပ်သိန်း ၁၂၀၀ကျော်ဖိုးဖမ်းမိ

Dawei Watch

August 25, 2024

မြိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား လေးသောင်းကျော် တန်ဖိုးအားဖြင့် ကျပ်သိန်း ၁၂၆၀ဖိုး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ၏ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ထုတ်ပြန် သည်။ မြိတ်မြို့နယ် ဆင်ဝင်းကျေးရွာအနီး ဩဂုတ်လ ၂၂ ရက် ညနေ ၄နာရီခန့်တွင် သတင်းအရ အမျိုးသားနှစ်ဦးစီးလာသည့် ဆိုင်ကယ်ကို မူယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာရာ စိတ်ကြွရူးသွပ်ဆေးပြား နှစ်ထောင် ဖမ်းမိကြောင်း ဖော်ပြသည်။ ဆိုင်ကယ်ကို ဦးသက်နိုင်ဦး (ခေါ်) ဦးတင့်နိုင်ဦး မောင်းနှင်လာကာ ဦးကြည်လွင် (ခေါ်) ဦးငွေဆန်းလိုက်ပါလာပြီး ၎င်းတို့ နှစ်ဦးကို စစ်ဆေးချက်အရ ယင်းနေ့ ညနေ ၅နာရီခွဲတွင်လည်း နောက်ထပ်အမျိုးသားနှစ်ဦးကို မူးယစ်ဆေးများဖြင့် ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဆိုင်ကယ်စီးလာသည့် ဦးသက်ဝေနှင့် ဦးထွန်းဝင်း (ခေါ်) […]