ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရ၊ ၄ ရက်ကြာမှ အလောင်းတွေ့

Dawei Watch

September 9, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဘောဒေသတွင် လွန်ခဲ့သော ၄ ရက်ခန့်က အသတ်ခံထားရသည့် မြန်မာအမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စက်တင်ဘာလ ၇ ရက်နေ့ ညက ဘန်ဘောဒေသ အေကချိုင်လမ်းရှိ ၈ ထပ်တိုက်အဆောက်အအုံ၏ အခန်းထဲတွင် သွေးအိုင်ထဲ၌ သေဆုံးနေသော အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၃၉ နှစ်အရွယ် မစိုးသန္တာငယ်အမည်ရှိ မြန်မာအမျိုးသမီးဖြစ်ပြီး အလောင်းဘေးတွင် သွေးပေနေသော တူတစ်လက်ကိုလည်း တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ လွန်ခဲ့သော ၃ – ၄ ရက်ခန့်က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ အခန်းထဲက အနံ့ထွက်လာသဖြင့် ဘေးအခန်းတွင် နေထိုင်သူများက တိုက်ပိုင်ရှင်နှင့် စစ်ဆေးရာ အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ယင်းအခန်းထဲတွင် သေဆုံးသူအမျိုးသမီးနှင့် […]

မြိတ်တွင် လျှပ်စစ်မီတာ စျေးထပ်တက်၊ တစ်ယူနစ် ၁၆၀၀ ကျပ်ခန့်ရောက်ရှိ

Dawei Watch

September 9, 2024

မြိတ်မြို့နယ်အတွင်း ဩဂုတ်လအတွက် လျှပ်စစ်မီတာခဈေးနှုန်းမှာ တစ်ယူနစ်လျှင် ကျပ်သုံးရာကျော် ထပ်တက်သွားရာ ၁၆၀၀ ကျပ်ခန့်ရောက်ရှိသွားပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ မြိတ်မြို့နယ်အတွင်း လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးနေသည့် Petro & Trans ကုမ္ပဏီက လျှပ်စစ်တစ်ယူနစ်လျှင် ၁၅၉၈ ကျပ် သတ်မှတ်ကောက်ခံလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လကမူ လျှပ်စစ်တစ်ယူနစ်လျှင် ၁၂၈၅ ကျပ်ကောက်ခံနေသည့်အတွက် ၃၁၃ ကျပ် တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ မြိတ်မြို့နယ်အတွင်းသုံးစွဲမည့် လျှပ်စစ်ကို Petro & Trans ကုမ္ပဏီက ဒီဇယ်စက်ကြီးများဖြင့် ထုတ်လုပ်ဖြန့်ဖြူး နေခြင်းဖြစ်ပြီး ဒီဇယ်ဆီဈေးနှုန်းကို တွက်ချက်ကောက်ခံနေခြင်းဖြစ်ကြောင်း ကုမ္ပဏီဘက်က ပြောဆိုခဲ့ဖူးသည်။ တစ်ယူနစ်လျှင် ၁၂၈၅ ကျပ် ကောက်ခံစဉ်က မြိတ်ဈေးကွက်အတွင်း ဒီဇယ်တစ်ပီပါလျှင် ကိုးသိန်းလေးသောင်းကျပ် ဝန်းကျင် ပေါက်ဈေးရှိပြီး လက်ရှိယူနစ်ဈေးတိုးမြင့်ကောက်ခံချိန်တွင် ကျပ်ကိုးသိန်းဝန်းကျင်သာ ပေါက်ဈေးရှိသည်။ အာဏာသိမ်းပြီး […]

လောင်းလုံး၊ ကျောက်နီမော် ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ် ဝင်တိုက်

Dawei Watch

September 9, 2024

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ ပျူစောထီး(ခေါ်)ပြည်သူစစ် အခြေပြုစခန်းကို ယနေ့ (စက်တင်ဘာ ၉) နေ့လယ်ပိုင်းတွင် တော်လှန်ရေး ပူးပေါင်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့မွန်းလွဲ ၁ နာရီ ကျော်မှ ညနေ ၄ နာရီ ကျော်အထိ ၃ နာရီကျော်ကြာ လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “အခုဝင်တိုက်တဲ့ နေရာအထိ တစ်ခါမှ ဝင်မလာဖူးဘူး။ အခုက တိုင်ပွဲပြင်းပြင်းထန်ထန်ကို ဖြစ်ကြတာ”ဟု ဒေသခံကပြောသည်။ တိုက်ပွဲဖြစ်ပွားနေချိန်တွင် ကျောက်နီမော်ရွာ ဘုရားတောင်ရှိ စစ်ကောင်စီတပ်နှင့် ရွာ၏အရှေ့ဘက်ပင်လယ်မှ ရေတပ်တို့က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ၎င်းကပြောသည်။ “အဲဒီလက်နက်ကြီး တွေကြောင့် ရွာထဲက နေအိမ်တွေ ထိမှန်ပျက်စီးတာတွေရှိတယ် ဘယ်လောက်ပျက်စီးတယ်ဆိုတာတော့ မသိရဘူး” ဟု၎င်းကပြောဆိုသည်။ နှစ်ဖက်ပစ်ခတ်မှုတွင် ပျူစောထီး‌ […]

ကြာအင်းဆိပ်ကြီးတွင် လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ကလေးငယ်တစ်ဦးနှင့် သက်ကြီးပိုင်းတစ်ဦးဒဏ်ရာရ

Dawei Watch

September 9, 2024

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ (၆) ရှိ ကျုံခဝန်ကျေးရွာထဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တစ်ဦးနှင့် သက်ကြီးပိုင်းတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျုံခဝန်ကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့သလို အသက် ၆၀ ဝန်းကျင်အမျိုးသားတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒေသခံတို့က ဆိုသည်။ “လူတွေ အိပ်ကြတဲ့ချိန်မှာ လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ ဘာတိုက်ပွဲမှလည်း မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ နံနက်ပိုင်းတွင်လည်း ကျုံခဝန်ကျေးရွာနှင့် အနီးနားတဝိုက်တွင် […]

ပကာရီရွာက လက်နက်ကြီးကျည်စထိမှန်သည့်လူငယ် ရန်ကုန်ဆေးရုံတွင်သေဆုံး

Dawei Watch

September 9, 2024

ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှုခံယူနေသည့် ထားဝယ်အရှေ့တောဒေသ ပကာရီကျေးရွာက လက်နက်ကြီး ကျည်စထိမှန်သည့် လူငယ်သည် စက်တင်ဘာလ ၈ ရက်တွင် သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ စက်တင်ဘာ ၅ ရက်က ပကာရီရွာထိပ် ကျောက်စေတီလမ်းဆုံကနေ ပကာရီ ရဲကင်းစခန်းကို ကော်သူးလေတပ်မတော်-KTLA တပ်ဖွဲ့က လက်နက်ဖြင့် တစ်ကြိမ် ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့်တစ်ကြိမ် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတိုထံမှ သိရသည်။ ပကာရီရဲကင်းစခန်းကို KTLA က လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ပြန်လည်ထွက်ခွာသွားပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် စစ်ကောင်စီတပ်က ပကာရီရွာထဲကို လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခြင်းဖြစ်ပြီး အဆိုပါလက်နက်ကြီးကျည်မှာ ရွာထဲရှိ ဖုန်းဆိုင်ပေါ်ကို ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် အသက် ၂၅ […]

တနင်္သာရီတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချမှုကြောင့် အရပ်သားခြောက်ဦးဒဏ်ရာရ

Dawei Watch

September 9, 2024

စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုအတွင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများကြောင့် အရပ်သားခြောက်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၆ ရက်မှ ၉ ရက်နေ့အထိ လေးရက်တာကာလအတွင်း အမျိုးသမီးများ အပါအဝင် အရပ်သား ခြောက်ဦးဒဏ်ရာရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စက်တင်ဘာလ ၇ရက် ညနေ ၅နာရီခွဲခန့်တွင် ဘန်လင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် အသက် ၄၄နှစ်အရွယ် ကိုသားပု ဒဏ်ရာရကြောင်း ဒေသခံများက ပြောဆိုသည်။ ဘန်လင်ကျေးရွာသည် ဘန်လောကျေးရွာအုပ်စုတွင်ပါဝင်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေသည့် ဘန်လောကျေးရွာနှင့် တစ်ဆက်တည်း တည်ရှိသည်။ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲကာ စစ်ကြောင်းထိုးလာသည့်အတွက် စက်တင်ဘာလ ၄ရက်နေ့ကစပြီး စက်တင်ဘာ ၉ရက်နေ့အထိ တနင်္သာရီမြိုနယ် ဘန်လောကျေးရွာအုပ်စုရှိ ကျေးရွာများတွင် တိုက်ပွဲများပြင်းထန်နေသည်။ စက်တင်ဘာ […]

စစ်ကြောင်းရောက်နေ၍ ပုလောမြို့နယ် ခန္တီကျေးရွာအုပ်စုမှ ဒေသခံများ နေရပ်စွန့်ခွာ

Dawei Watch

September 9, 2024

စစ်ကောင်စီစစ်ကြောင်း ရောက်နေပြီး တိုက်ပွဲဖြစ်ပွားလာမည်စိုး၍ ပုလောမြို့နယ် ပလောက်မြို့အနီးရှိ ခန္တီကျေးရွာအုပ်စုမှ ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြကြောင်း ဒေသခံအချို့က ပြောသည်။ ခန္တီကျေးရွာအုပ်စုသည် ပုလောမြို့နယ်၊ ပလောက်မြို့နယ်ခွဲအတွင်းက ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိပြီး ခန္တီရွာ၊ ကုလားမခေါင်းရွာ၊ တောင်ခေါင်းလောင်းရွာ၊ ပြင်ကြီးရွာများဖြင့် ဖွဲ့စည်းထားသည့် ကျေးရွာအုပ်စုဖြစ်သည်။ စက်တင်ဘာ ၇ ရက်ညပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ KNLA (ကရင်အမျိုးသား လွတ်မြောက်ရေးတပ်)နှင့် PDF မဟာမိတ် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်း ခန္တီရွာကိုရောက်လာကြောင်း ၎င်းက ဆိုသည်။ “အခုလက်ရှိ စကစတပ်တွေ ခန္တီရွာထဲကိုရောက်နေတယ်။ တိုက်ပွဲထပ်ဖြစ်မှာစိုးလို့ ရွာကလူတွေကတော့ နေရာရွေ့ပြောင်းနေကြတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ စစ်ကောင်စီတပ်ကို […]

ထိုင်းတွင် ဖမ်းဆီးခံရသောမြန်မာတစ်ဦး စစ်မှုထမ်းရန် ပြန်ပို့ခံရမည်စိုးရိမ်သဖြင့် အချုပ်ကားပေါ်က ထွက်ပြေး

Dawei Watch

September 9, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း လန်ဖွန်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားတစ်ဦးသည် စစ်မှုထမ်းရန် ပြန်ပို့ခံရမည်ကို စိုးရိမ်သဖြင့် စက်တင်ဘာလ ၇ ရက်နေ့က အချုပ်ကားပေါ်က ထွက်ပြေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၃၈ နှစ်အရွယ် ကိုဌေးပိုသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမှုဖြင့် လဖွန်ခရိုင်ရှိ နိခုံးရဲစခန်း (မြောက်ပိုင်းစက်မှုဇုန်ရဲစခန်း) အချုပ်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူဖြစ်ကြောင်း ဖော်ပြသည်။ စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ၎င်းသည် အချုပ်ထဲရှိနေစဉ် အဝတ်အစားများ လျှော်ဖွတ်လိုသဖြင့် ဆပ်ပြာရည် တောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ မြန်မာနိုင်ငံသားသည် ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်တို့ကို ပါးစပ်ထဲ လောင်းထည့်ခဲ့သဖြင့် ပါးစပ်ထဲက အမြုပ်များ ထွက်လာရာ ဟရီဖူချိုင်းဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ရကြောင်း သတင်းများတွင် ရေးသားထားသည်။ ဆေးရုံတွင် တစ်နာရီခန့်အကြာ […]