BREAKING
November 7, 2025

သတင်း

တနင်္သာရီတွင် စစ်ကောင်စီတပ် လမ်းအသုံးပြုခွင့်ပိတ်ပြီး မိုင်းထောင်သဖြင့် စားသောက်ကုန်များပြတ်

Dawei Watch

December 10, 2024

စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်ရှိ ကားလမ်းအသုံးပြုခွင့်ကန့်သတ်ထားသလို မိုင်းများထောင်ထားသည့်အတွက် ကျေးလက်နေပြည်သူများ အခက်တွေ့နေကြကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၄ရက်နှင့် ၅ရက်တွင် စစ်ကောင်စီတပ်က ဇဝဲလမ်းဆုံမှ တကူကျေးရွာအုပ်စုဘက်သို့သွားသည့် ဇဝဲ-ဖာနီလမ်း တွင် မိုင်းများထောင်ထားသလို ဇဝဲ-ဘန်းလမွတ်ကားလမ်းပေါ်တွင်လည်း မိုင်းထောင်ထားကြောင်း ဒေသခံအချို့ကဆိုသည်။ ထို့အပြင် တနင်္သာရီမြို့မှ တကူ၊ သာရဘွင်နှင့် ဘန်လောကျေးရွာဘက်သို့သွားသည့် မရင်းကြီးရွာလမ်းကိုလည်း ဒီဇင်ဘာ ၉ရက်တွင် စစ်ကောင်စီဘက်က လုံးဝပိတ်ချထားခဲ့ပြီး ဗောဓိကမ်းတံတားမှ ဘန်လော-၆မိုင်ဘက်သွားသည့် လမ်းကိုလည်း ပိတ်ဆို့ထားကြောင်း ၎င်းတို့က ပြောဆိုသည်။ ယင်းသို့ စစ်ကောင်စီတပ်က လမ်းအသုံးပြုခွင့်ကန့်သတ်ထားပြီး မိုင်းထောင်ထားသဖြင့် တကူ၊ သာရဘွင်နှင့် ဘန်လော ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းတင်သွင်းမှု အခက်အခဲကြုံနေရကြောင်း တကူကျေးရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ “ဆန်၊ ဆီတွေကို ဘာမှတင်မရတော့ အစစအရာရာ […]

KNLA တပ်ရင်း ၁၂ က ဒုခွဲမှူးကို ကော်သူးလေတပ်က ပစ်သတ်

Dawei Watch

December 10, 2024

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၂ တပ်ခွဲ ၄ က ဒုတပ်ခွဲမှုးတစ်ဦးကို ကော်သူးလေတပ်မတော်-KTLA တပ်ရင်း ၃ က ဒုတပ်ရင်းမှူးနှင့်အဖွဲ့က ပစ်သတ်လိုက်ဟုဆိုသည်။ ဒီဇင်ဘာ ၈ ရက်တွင် KNLA တပ်ရင်း (၁၂) တပ်ခွဲ ၄ က ဒုတပ်ခွဲမှူး စောဂျိုးသည် ကစယ်ဒိုမြို့နယ်မှ KNU အုပ်ချုပ်ရေးအရာရှိတစ်ဦးကို လယ်ဒိုစိုးမြို့နယ်ကို ဆိုင်ကယ်ဖြင့် သွားပို့ပြီး အပြန် ညနေ ၅ နာရီခန့်တွင် အသတ်ခံရခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “သူက ဆာကဆော တပ်မဟာကလားမသိဘူး၊ ဗိုလ်အယ်ခွီးလက်အောက်ခံ ဒါးကေအဖွဲ့က စောင့်ပစ်လို့ဆုံးသွားတယ်။ သူပြန်တဲ့အချိန်မှာ တစ်ယောက်တည်းပဲဆိုင်ကယ်နဲ့။ အညာဖျားရွာလမ်းထိပ်မှာပဲ စောင့်ပစ်သတ်လိုက်တာ။ ပစ်သတ်ပြီးတော့ သူတို့က အလောင်းကိုသွားမြုပ်ထားတယ်။ ကျွန်တော်တို့လူကသွားပြန်ယူလာတာ” […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

December 10, 2024

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

KNDO တပ်ဖွဲ့ဝင် အသတ်ခံရမှု PDF ရဲဘော်နှစ်ဦးကို စစ်ခုံရုံးဖွဲ့စစ်ဆေး

Dawei Watch

December 9, 2024

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ဖွဲ့ဝင် ရဲဘော်မောင်နိုင် အသတ်ခံရမှုနှင့်ပတ်သက်၍ မြိတ်ခရိုင် တပ်ရင်း (၁) က PDF ရဲဘော်နှစ်ဦးကို စစ်ခုံရုံးဖွဲ့စစ်ဆေးနေကြောင်း တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော် Star က ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်တွင် KNDO တပ်ရင်း (၇) က ရဲဘော်မောင်နိုင်ကို မြိတ်ခရိုင်တပ်ရင်း (၁) ၊ တပ်ခွဲ (၁) မှ ရဲဘော်များက ကိစ္စရှိသည်ဟုဆိုကာ ခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့သဖြင့် ဖြေရှင်းချက်ပေးရန် KNDO က နိုဝင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။ ယခုဖြစ်စဉ်ကို သိရှိသည့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးကမူ ရဲဘော်မောင်နိုင်အပါအဝင် KNDO တပ်ဖွဲ့ဝင် သုံးဦးသည် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်နှင့်ဆက်သွယ်သည်ဟုဆိုကာ နိုဝင်ဘာလ ၂၄ရက်တွင် […]

လုပ်သားရှားပါးမှုကြောင့် မြိတ်တွင် အနည်းဆုံးတစ်နှစ်စာချုပ်ဖြင့် အလုပ်ခေါ်မှုများလာ

Dawei Watch

December 9, 2024

အလုပ်သမားရှားပါးနေသဖြင့် မြိတ်မြို့ရှိ လုပ်ငန်းရှင်များ အလုပ်ခေါ်ရာတွင် အနည်းဆုံး တစ်နှစ်ကြာ အလုပ်လုပ်ရမည် ဆိုသည့် စာချုပ်ဖြင့် အလုပ်ခေါ်ကြကြောင်း ဒေသခံများနှင့် အလုပ်ရှင်အချို့က ပြောသည်။ စစ်ကောင်စီက စစ်မူထမ်းစနစ်ကို အတင်းအဓမ္မအကောင်အထည်ဖော်နေသည့်အတွက် လူငယ်လူရွယ်များက အိမ်နီးချင်း ထိုင်းနှင့် ပြည်ပနိုင်ငံများအပါအဝင် စစ်မှုထမ်းကင်းလွတ်ရာနေရာသို့ အစုလိုက်အပြုံလိုက် တိမ်းရှောင်သွားကြသည်။ ထိုကြောင့် အလုပ်လုပ်နိုင်သည့် လူငယ်ရှားပါးလာပြီး မြိတ်မြို့ရှိ လုပ်ငန်းအများစုတွင် အနည်းဆုံးတစ်နှစ် အလုပ်လုပ်ရမည် ဆိုသည့်စည်းကမ်းချက်ကို စာချုပ်တွင် ထည့်သွင်းချုပ်ဆိုလာကြကြောင်း မြို့ခံများနှင့် လုပ်ငန်းရှင်အချို့က ဆိုသည်။ “အလုပ်သမားတွေက တစ်လ နှစ်လလောက်လုပ်ပြီး ထွက်သွားကြတာများတော့ တစ်နှစ် စာချုပ်ချုပ်တဲ့ စနစ်ကို သုံးလိုက်တာ” ဟု မြိတ်မြို့ရှိ အထည်ချုပ်လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ ယခင်ကလည်း စည်းမျဉ်းသတ်မှတ်ချက်ဖြင့် စာချုပ်ချုပ်ဆိုပြီးမှ အလုပ်ခန့်သည့် လုပ်ငန်းအချို့ရှိခဲ့သော်လည်း စစ်မှုထမ်းစနစ် […]

အယုဒ္ဓယတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းအာဏာပိုင်များဝင်စစ်၊ မြန်မာ ၄၀ နီးပါး ဖမ်းဆီးခံရ

Dawei Watch

December 9, 2024

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်အထားမရှိသည့် မြန်မာအလုပ်သမား ၄၀ နီးပါးကို ဖမ်းဆီးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းက အယုဒ္ဓယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲရှိ အလုပ်သမားတန်းလျားများကို ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဝင်ရောက်စစ်ဆေးစဉ် အလုပ်သမားများသည် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီး အချို့မှာ ခေါင်မိုးပေါ်အထိ တက်ပြေးခဲ့ကြ ကြောင်း သတင်းတွင် ဖော်ပြသည်။ အလုပ်သမားတန်းလျားများတွင် နေထိုင်နေသော မြန်မာအလုပ်သမား ၁၀၀ဦးကို စစ်ဆေးခဲ့ရာ တရားဝင်နေထိုင် လုပ်ကိုင် ခွင့် အထောက်အထားမရှိသော အမျိုးသား ၂၆ဦး၊ အမျိုးသမီး ၁၁ဦး စုစုပေါင်း ၃၇ဦးကို ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ အဆုပါ မြန်မာနိုင်ငံသားများသည် မယ်ဟောင်စောင်နယ်စပ်ကတစ်ဆင့် တရားမဝင် ဝင်ရောက်လာကြပြီး ခရီးစရိတ် ဘတ် […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

December 9, 2024

အဖြစ်အပျက်များစွာ ဖြစ်ပေါ်နေသည့် ယနေ့ကမ္ဘာ့ရေးရာများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်းဖော်ပြလိုက်ပါသည်။

သရက်ချောင်းတွင် ဥယျာဉ်ခြံများကို တော်လှန်ရေးအဖွဲ့က သိမ်းပြီးသီးစားချနေဟုဆို

Dawei Watch

December 9, 2024

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ ဥယျာဉ်ခြံများကို တော်လှန်ရေး အဖွဲ့အချို့က သိမ်းယူပြီး ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ သီးစားချစားနေကြောင်း သိမ်းခံထားရသည့် ခြံပိုင်ရှင်အချို့ထံမှ သိရသည်။ တောင်ပျောက်တိုက်နယ်ရှိ အလယ်စုရွာနှင့် ဝင်းကဖော်ရွာရှိ ဒေသခံအချို့ပိုင်ဆိုင်သည့် ဥယျာဉ်ခြံများ အများဆုံးအသိမ်းခံရပြီး သီးစားရောင်းချနေခြင်းဖြစ်ကြောင်း ဥယျာဉ်ခြံအသိမ်းခံရသည့် ကာယကံရှင်အချို့က ပြောဆိုသည်။ တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာတစ်ရွာမှ အမည်မဖော်ရဲသည့် မိသားစုတစ်စုက ၎င်းတို့ပိုင် ကွမ်းခြံကို တော်လှန်ရေးအဖွဲ့တစ်ခု သိမ်းယူပြီး လုပ်ကိုင်စားနေဟုဆိုသည်။ မိသားစုဝင်တစ်ဦးကို ဒလန်ဟု သံသယဝင်နေသဖြင့် မနေရဲတော့ဘဲ အခြားမြို့တစ်ခုကို မိသားစုလိုက်တိမ်းရှောင်နေသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းတို့ပိုင်ကွမ်းခြံကို တောင်ပျောက်တိုက်နယ်တွင် အခြေစိုက်သော အမည်မသိ တော်လှန်ရေးအဖွဲ့တစ်ခုက သိမ်းယူလိုက်ပြီး အခြားသူများကို သီးစားချထားကြောင်း ၎င်းကဆိုသည်။ “အာဏာသိမ်းပြီးကတည်းကဆိုရင် ကျွန်မတို့ခြံ(ကွမ်းခြံ)ကို တစ်နှစ်ပဲလုပ်စားရတယ်။ ကျန်တဲ့ ၃ နှစ်က သူတို့( တော်လှန်ရေးအဖွဲ့အချို့) […]