BREAKING
November 10, 2025

သတင်း

မဲဆောက်တွင် စစ်ဆေးဖမ်းဆီးမှု ပိုများလာ၍ မြန်မာများ စိုးရိမ်မှုမြင့်တက်

Dawei Watch

January 23, 2025

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၏ နေရာအနှံ့တွင် ထိုင်းရဲများက အစစ်အဆေး အဖမ်းအဆီး ပိုမိုလုပ်ဆောင်လာနေသဖြင့် မြန်မာနိုင်ငံသားများ စိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။ မဲဆောက်မြို့ထဲရှိ နယ်စပ်နေရာများနှင့် လမ်းတစ်လျှောက်တွင် ဂိတ်များပိုချထားပြီး ပုံမှန်ရဲတပ်ဖွဲ့များသာမက စစ်သားများပါ စစ်ဆေးမှု လုပ်ဆောင်နေကြောင်း မဲဆောက်ရှိ မြန်မာနိုင်ငံသားများ ထံမှသိရသည်။ အထူးသဖြင့် မြန်မာနိုင်ငံသားအများစု နေထိုင်ရာ တိုက်ခန်းများ၊ အိမ်ယာများ၊ တန်းလျားများအပြင် ဟိုတယ်အခန်းများထဲအထိ ထိုင်းရဲတပ်ဖွဲ့များနှင့်အတူ လဝကအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးမှုများ ရှိနေကြောင်း ၎င်းတို့ထံမှ သိရသည်။ ထိုင်းရဲတပ်ဖွဲ့ကလည်း တရားမဝင် နေထိုင်နေသော နိုင်ငံခြားသားများကို ရှင်းလင်းရေး စီမံချက်ဖြစ်သည့် “ကွာလန်း” ကို ကြေညာထားသဖြင့် မဲဆောက်နေ မြန်မာပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ရမည်ဖြစ်ကြောင်း မဲဆောက်နေ ကုန်စည်ပို့ဆောင်နေသူတစ်ဦးက ပြောသည်။ “ကျားဖြန့်ကို အကြောင်းပြုပြီးတော့ ကွာလန်း (တရားမဝင်နိုင်ငံသားများ […]

အလုပ်လုပ်ခွင့် သက်တမ်းတိုးမည့် မြန်မာများ ဖေဖော်ဝါရီ ၁၃ရက်မတိုင်မီ အမည်စာရင်းတင်သွင်းရမည်

Dawei Watch

January 23, 2025

အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းတိုးမည့် မြန်မာအလုပ်သမားများသည် လာမည့်ဖေဖော်ဝါရီလ ၁၃ ရက် မတိုင်မီ အမည်စာရင်းတင်သွင်းရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီလ ၂၂ရက်တွင် ထုတ်ပြန်သည်။ အမည်စာရင်းတင်ရန် အချိန်ကျော်သွားပါက တရားမဝင်အလုပ်သမား ပြန်ဖြစ်သွားနိုင်သဖြင့် အချိန်မီ အမည်စာရင်း တင်ကြရန် အလုပ်သမားအရေး ဆောင်ရွက်နေသူများကလည်း တိုက်တွန်းထားသည်။ ထိုင်းရောက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားများသည် လာမည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် MoU လုပ်ငန်းစဉ်အတိုင်း သက်တမ်းတိုးလုပ်ဆောင်ရမည်ဖြစ်ကြောင်း အလုပ်သမားရုံးက ထုတ်ပြန်ထားသည်။ လက်ရှိတွင် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ဝက်ဆိုက်ထဲတွင် အလုပ်သမား အမည်စာရင်းကို ကနဦးတင်သွင်းထားရမည်ဖြစ်ကြောင်း အလုပ်သမားရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။ “အခုက […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

January 23, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ကန်ချနဘူရီက ကားရောင်းဝယ်ရေးတွင် ဝင်လုပ်နေသောမြန်မာငါးဦးဖမ်းဆီးခံရ

Dawei Watch

January 23, 2025

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ ကားရောင်းဝယ်ရေးလုပ်ငန်းတစ်ခုတွင် ဝင်လုပ်နေပြီး အွန်လိုင်းမှတစ်ဆင့် Live လွှင့်ရောင်း ချနေသော မြန်မာနိုင်ငံသား ငါးဦး ဇန်နဝါရီလ ၂၂ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကားရောင်းဝယ်ရေးလုပ်ငန်းတွင် အွန်လိုင်းမှတစ်ဆင့် ဈေးရောင်းရန် မြန်မာအလုပ်သမားများကို တရားမဝင်ခန့်ထားသဖြင့် ထိုင်းနိုင်ငံသား ဆိုင်ပိုင်ရှင်နှင့်အတူ မြန်မာနိုင်ငံသားများကိုပါ ကန်ချနဘူရီလဝကက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ တပတ်ရစ်ကားများကို Facebook မှတစ်ဆင့် Live လွှင့်ရောင်းချနေခြင်းဖြစ်ပြီး မြန်မာအဝယ်များကြား ပိုမိုသိရှိစေရန် အတွက် မြန်မာအလုပ်သမားများကို အလုပ်ခန့်ထားခြင်းဖြစ်ကြောင်း ထိုင်းဆိုင်ပိုင်ရှင်က ရဲတပ်ဖွဲ့ထံသို့ ပြောဆိုထားသည်။ လဝကရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးချိန်တွင် မြန်မာအလုပ်သမားတစ်ဦးသည် ကားများကို Live လွှင့်ရောင်းချနေ သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများသည် အသက် ၂၅ နှစ်မှ ၄၀ […]

မြိတ်-တနင်္သာရီလမ်းပိုင်းကို NUG တောင်ပိုင်းတိုင်းစစ်ဌာနက ဖြတ်သန်းသွားလာခွင့်ပိတ်

Dawei Watch

January 23, 2025

တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သောကြောင့် မြိတ်-တနင်္သာရီလမ်းပိုင်းကို ယနေ့ ဇန်နဝါရီလ ၂၃ရက်မှစတင်ကာ ဖြတ်သန်း သွားလာခွင့်ပိတ်လိုက်ကြောင်း NUG ၏ တောင်ပိုင်းတိုင်းစစ်ဒေသ တိုင်းစစ်ဌာန (တနင်္သာရီ) ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မောတောင်နယ်စပ်မြို့ဘက်သို့ စစ်ကြောင်းထိုးလာရာ သိန်ခွန်းရွာ အနီးတွင် မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုနှင့် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း NUG ၏ တောင်ပိုင်းတိုင်းစစ်ဒေသ တိုင်းစစ်ဌာန (တနင်္သာရီ) က ယနေ့ ထုတ်ပြန်သည်။ တိုက်ပွဲဖြစ်နေသည့် သိန်ခွန်းရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား အထောက်အကူပေးရန် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းရှိ ခရီးသွားကားများကို စစ်ကောင်စီတပ်က အကာအကွယ်ယူပြီး စစ်ရေးအကျိုးအမြတ်အတွက် အသုံးပြုနေကြောင်း ဖော်ပြသည်။ တနင်္သာရီနှင့် မောတောင်လမ်းပိုင်းရှိ သိန်ခွန်းရွာဝန်းကျင်တွင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်မှစတင်ကာ စစ်ကောင်စီတပ်က အင်အားရာနှင့်ချီသုံးပြီး စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် […]

မလွှဲတောင်အတက်တွင် ကားချောက်ထဲကျပြီး ရေဖြူဒေသခံငါးဦးသေဆုံး

Dawei Watch

January 23, 2025

မလွှဲတောင်အတက်တွင် ဇန်နဝါရီလ ၂၂ ရက် နေ့လယ်ပိုင်းက ကားတစ်စီးချောက်ထဲကျပြီး ရေဖြူမြို့နယ်ဒေသခံ ခရီးသည်ငါးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။ ရေဖြူမြို့နယ်၊ မင်းသားအုပ်စု၊ မော်ကြီးရွာက ခရီးသည်နှင့် ကုန်တင်သည့်ကားသည် ရေးမြို့မှပြန်လာစဥ် ရေး-ထားဝယ် ကားလမ်း ရေးဘက်ခြမ်း မလွှဲတောင်အတက် ၁၄ မိုင်အကွေ့တွင် ချောက်ထဲကျခြင်းဖြစ်ကြောင်း အထက်ပါအသင်းများထံမှ သိရသည်။ ကားပေါ်တွင် ရေဖြူမြို့နယ် ကျွဲသုံးညီမ၊ ကျွဲတလင်း၊ မင်းသား၊ ဆင်စွယ်၊ မော်ကြီး စသည့် ကျေးရွာများက ခရီးသည်ဆယ်ဦး လိုက်ပါလာကြောင်း အဆိုပါအသင်းများထံမှ သိရသည်။ ယာဥ်မောင်းဖြစ်သူတွင် ဒဏ်ရာပြင်းထန်သဖြင့် ကားတိမ်းမှောက်သည့် အကြောင်းအရင်းကို မေးမြန်းခွင့်ရသေးသဖြင့် မသိရသေးကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။ “၁၄ မိုင် ဘုန်းကြီးကျောင်းအကွေ့ မလွှဲတောင်အတက်မှာ လမ်းဘေးက ကွန်ကရစ်တိုင်တွေပါ တိုက်ပြီး […]

ထားဝယ်အရှေ့တော ဝကုန်းရွာတွင် ဒေသခံတစ်ဦး မိုင်းနင်းမိ

Dawei Watch

January 23, 2025

ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာတွင် ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်းက ဥယျာဥ်ခြံသွားသည့် ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဝကုန်းရွာ ၊ ဘိုးတိုးပွားမိုင်း(သတ္တုတွင်း)အပိုင်းနှင့် တစ်ဆက်တည်းတည်ရှိသည့် ဥယျာဥ်ခြံများတည်ရှိရာ ချောင်ဖျားပိုင်းတွင် မိုင်းနင်းမိခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ “နှစ်ယောက်သွားတာ တစ်ယောက်ထိတာပါ ။ ချောင်းဖျားပိုင်းမှာ အခု တစ်ပတ်ကျော်လောက်တုန်းက ဒီဘက် အဖွဲ့တွေ(KNLA) မိုင်းထောင်ထားတာရှိပါတယ်။ အဲတာကြောင့် သူတို့လည်း ဝါးလုံးနဲ့ လမ်းရှင်းပီးသွားရာက အရှေ့ကသွားတဲ့လူမှာထိတာပါ “ ဟု ဖြစ်စဥ်အားသိရှိသည့် ဝကုန်းဒေသခံ တစ်ဦး ကပြောသည်။ မိုင်းနင်းမိသည့် အသက်လေးဆယ်ဝန်းကျင် အမျိုးသားသည် မိုင်းဒဏ်ရာကြောင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရပြီး ဘယ်ဘက်ခြေတောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ကာယကံရှင် နှင့် နီးစပ်သူများထံကသိရသည်။ ယခုကဲ့သို့ မိုင်းနင်းမိသည့် ဖြစ်စဥ်မဖြစ်ပွားမီ ဇန်နဝါရီလ ၁၂ ရက်နေ့ကတည်းကစ၍ […]

သရက်ချောင်းတွင် ဆိုင်ကယ်မှောက်ပြီး အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

January 23, 2025

သရက်ချောင်းမြို့နယ် ပန်းတော ကျေးရွာရထားလမ်းအနီး ဇန်နဝါရီလ ၂၃ ရက်နံနက်ပိုင်းတွင် မော်တော်ဆိုင်ကယ်တိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း မြတ်ပရမီပရဟိတအသင်း (သရက်ချောင်း)ထံမှသိရသည်။ သရက်ချောင်းမြို့နယ် ပန်းတောရွာနှင့် ဆင်ဖြူပြင်ရွာကြား ရထားလမ်းအနီးတွင် မော်တော်ဆိုင်ကယ် တိမ်းမှောက်ပြီး နေရာတွင်ပင်သေဆုံးခဲ့ခြင်းဖြစ်‌ကြောင်း သေဆုံးသူ၏ အမည်နှင့် နေရပ်လိပ်စာ မသိရှိရသေးကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ “ကျွန်တော်တို့ ရောက်သွားတော့ လူနာကဆုံးသွားပြီ သူမှာ ၂၀၀တန် တစ်ရွက်နဲ့ မီးခြစ်တလုံးပဲတွေ့ရတယ်။ ဘယ်ကမှန်းမသိသေးဘူး”ဟု မြတ်ပါရမီပရဟိတအသင်း တာဝန်ရှိသူကပြောသည်။ သေဆုံးသူ စီးလာသည့် မော်တော်ဆိုင်ကယ်နံပါတ်မှာ TNI -9W 31002အမျိုးအစား ဖြစ်ပြီး အစိမ်းပုတ်‌ရောင်ဖြစ်ကြောင်း ၎င်းကပြောသည်။ ယခုလက်ရှိသေဆုံးသူ၏ ရုပ်အလောင်းကို သရက်ချောင်း ဆေးရုံရင်ခွဲရုံသို့ပို့ဆောင် ထားရှိကြောင်းသိရသည်။ သေဆုံးသူနှင့်ပတ်သက်၍ မိသားစုဝင်များ မြတ်ပရမီပရဟိတအသင်း-သရက်မြိုနယ်၏ ဖုန်းနံပါတ်ဖြစ်သော ၀၉၂၅၀၇၆၉၄၀၈ သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်နိုင်ကြောင်း ယင်းအဖွဲကထုတ်ပြန်ထားရှိသည်။