မလေးရှားသွားမည့် မြန်မာ ၃၀ကျော် ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ
Dawei Watch
February 10, 2025မလေးရှားနိုင်ငံသို့ သွားရန် တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၀ ကျော်သည် ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင်တွင် ဖေဖော်ဝါရီလ ၉ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသား ၃၃ ဦးသည် အလုံပိတ်ကုန်ကားထဲ လိုက်ပါလာကြပြီး အာရှလမ်းမကြီးအတိုင်း စွန်ခရာမြို့ထဲသို့ အဝင်တွင် ထိုင်းရဲတပ်ဖွဲ့က သတင်းအရ နောက်က လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် လွန်ခဲ့သော သုံးရက်ခန့်က ကရင်ပြည်နယ် ဘုရားသုံးဆူမှ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများဖြစ်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများတွင် အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၁၂ ဦး ပါဝင်ပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်း မရှိကြောင်း ဖော်ပြသည်။ အားလုံးသည် မလေးရှားနိုင်ငံသို့ […]


