ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် တောင်ပျောက်တိုက်နယ်တွင် တိုက်ပွဲ ပြင်းထန်

diz_admin

October 3, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ ကျွဲခြံရွာတွင် စစ်ကောင်စီတပ်နှင့် ဒေါင်းမင်းစစ်ဆင်ရေးပျောက်ကြားတပ်ဖွဲ့ TYC-PDF တို့ ယနေ့ နံနက် အာရုံဦးတွင် တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။ အောက်တိုဘာလ ၃ ရက် ယနေ့နံနက် ၄ နာရီ ၄၀ မိနစ်မှ နံနက် ၈ နာရီခွဲခန့်အထိ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဆယ်ဦးခန့်သေဆုံးကာ ဆယ်ဦးကျော် ဒဏ်ရာရသည်ဟု ခန့်မှန်းရကြောင်း ဒေသခံရွာသားအချို့က ပြောသည်။ “အနီးကပ်တိုက်ထားတာဆိုတော့လေ၊ ပစ်ခတ်တာရပ်စဲသွားတဲ့အထိ လက်နက်ကြီးတွေနဲ့ လျှောက်လိုက်ပစ်နေတယ်၊ အခုလဲပြန်ထွက်တာမှာ သေနတ် ဖောက်ဖောက်ပြီး ပြန်ထွက်နေတယ်” ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။ Local-TYC PDF ဘက်က နှစ်ဦး ဒဏ်ရာရပြီး ပျောက်ဆုံးရာမှ ပြန်တွေ့သူတစ်ဦးမှာ ဒဏ်ရာရထားပြီး […]

တနင်္သာရီတိုင်း လေကြောင်းခရီးစဉ်အချို့ ယခုလကုန်အထိ ဆက်ရပ်နား

diz_admin

October 2, 2021

တနင်္သာရီတိုင်းအတွင်းသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်အချို့ကို ယခုလကုန်အထိ ဆက်လက်ရပ်နားထားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည် တိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ ပြေးဆွဲနေသည့် အဲယားKBZ အနေဖြင့် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရပ်နားထားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်ကာကွယ်ရန် အာဏာပိုင်များက ထုတ်ပြန်ထားသည့် သွားလာမှုကန့်သတ်ခြင်း အမိန့်လမ်းညွှန်ချက် အရ ယင်းကဲ့သို့ ရပ်နားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယခင်က တနင်္သာရီတိုင်းအတွင်းသို့ အဲယားKBZ ၊ မန်းရတနာပုံ၊ ရွှေမြန်မာနှင့် MNA နှင့် MAI လေကြောင်းလိုင်းများ ပြေးဆွဲခဲ့သည်။ ထိုနောက် ကိုဗစ်ကူးစက်မှုမြင့်တက်လာသည်ဟုဆိုကာ အဆိုပါလေကြောင်းလိုင်းများ ပြေးဆွဲမှုကို ယခုနှစ် မေလနှောင်းပိုင်းတွင် စတင်ရပ်နားခဲ့ပြီး အချိန်ကာလအလိုက် သက်တမ်းတိုးလာခဲ့ခြင်းဖြစ်သည်။ လတ်တလောတွင် မန်းရတနာပုံလေကြောင်းလိုင်းအနေဖြင့် အောက်တိုဘာလ ၈ ရက်နေ့အထိ ရပ်နားထားပြီး […]

ဒေါ်လာအတက် ကုန်ဈေးနှုန်းအခက်

diz_admin

October 1, 2021

လက်ရှိတွင် မြန်မာငွေဈေးနှုန်း ကျဆင်းကာ အမေရိကန်ဒေါ်လာငွေလဲနှုန်း အဆမတန်မြင့်လာသည်။ စက်တင်ဘာလ ၂၈ ရက်နေ့ ဈေးကွက်ပေါက်ဈေးအရ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၇၀၀ ဝန်းကျင်အထိ မြင့်တက်သွားခဲ့သည်။ တပ်အာဏာမသိမ်းမီက တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၄၀၀ ကျပ် ဝန်းကျင်သာရှိသည်။ ထို့အပြင် ထိုင်းငွေ တစ်ဘတ်လျှင် မြန်မာငွေ ၆၅ ကျပ်ဝန်းကျင်နှင့် တရုတ်ငွေတစ်ယွမ်လျှင် မြန်မာငွေ ၄၀၀ ကျပ်ဝန်းကျင်အထိ ဈေးမြောက်သွားသည်။ ထိုသို့ ငွေလဲဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအပြင် လူထုလူတန်းစားပေါင်းစုံအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။ တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးက စားသောက်ကုန်မှအစ လူသုံးကုန်ပစ္စည်းအားလုံးနီးပါးမှာ အိမ်နီးချင်းနိုင်ငံထုတ် ပစ္စည်းများအပေါ်တွင် အဓိကမှီခိုနေသည်။ မြန်မာကျပ်ငွေဈေးကျဆင်းလာခြင်း၏ အကျိုးဆက်အနေနှင့် ပစ္စည်းအားလုံး၏ဈေးမှာ ယခင်ထက် နှစ်ဆခန့် နေ့ချင်းညချင်း ခုန်တက်သွားခဲ့သည်။ ယခင်က နိုင်ငံခြားမှ […]

ထားဝယ်တွင် ရော်ဘာအစေး မနက်ဖြန် စဝယ်မည်

diz_admin

October 1, 2021

ထားဝယ်ဒေသရှိ ရော်ဘာအစေးဝယ်သည့် စက်ရုံအချို့က မနက်ဖြန်မှစပြီး စဝယ်တော့မည်ဖြစ်ကြောင်း ယင်းစက်ရုံများထံမှ သိရသည်။ ထားဝယ်မြို့နယ်တွင် ရော်ဘာအစေးဝယ်သည့် စက်ရုံ ၃ ရုံရှိသည်။ ယင်းစက်ရုံများအနက် ထားဝယ်ရွှေပြည် အဆင့်မြင့်မှိုင်းခံစက်ရုံက အောက်တိုဘာလ ၂ ရက်နေ့တွင် ရော်ဘာအစေး စတင် ဝယ်ယူမည်ဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူက ပြောသည်။ လက်ရှိ ရော်ဘာပေါက်စျေးနှုန်းအရ စတင်ဝယ်ယူချိန်တွင် ရော်ဘာအစေးတစ်ပေါင်လျှင် ၁၂၅၀ ကျပ်ဝန်းကျင် စျေးပေါက်နိုင် ကြောင်း ထားဝယ်ရွှေပြည်စက်ရုံ မန်နေဂျာ ဦးဘိုဘိုက ခန့်မှန်းသည်။ “အခုလက်ရှိအချိန်မှာဆိုရင် ၁၂၅၀(ကျပ်) လောက်ဖွင့်လိမ့်မယ် မနက်ဖြန်ဆိုရင်တော့ တစ်မျိုးဖြစ်ချင်ဖြစ်လိမ့်မယ်ခင်ဗျား” ပြီးခဲ့သည့်နှစ်က ရာသီဖွင့်စျေးမှာ ရော်ဘာစေးတစ်ပေါင်လျှင် ၇၅၀ ကျပ်ဝန်းကျင်ရှိပြီး ရာသီပိတ်ချိန်တွင် ၉၀၀ ကျပ် ဝန်းကျင် ပေါက်စျေးရှိခဲ့သည်။ ထားဝယ်မြို့နယ်ရှိ ထားဝယ်နဂါးကုမ္ပဏီကမူ အောက်တိုဘာလ တတိယအပတ်တွင် ရော်ဘာအစေး […]

ပုလောတွင် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

diz_admin

October 1, 2021

မြိတ်ခရိုင် ပုလောမြို့နယ် ရှပ်ပုံစံပြကျေးရွာတွင် စက်တင်ဘာလ ၂၉ ရက်က အမျိုးသားလေးဦးပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူနှစ်ဦးမှာ အသက် ၄၇ အရွယ် ဦးသိန်းဇော်နှင့် ၎င်း၏သားဖြစ်သူ အသက် ၁၉ နှစ်အရွယ် ကိုရန်လင်းဇော်တို့ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ ယင်းနေ့ နံနက်ကိုးနာရီကျော်ခန့်တွင် ရှပ်ပုံစံပြကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးလုပ်နေသည့်အချိန်တွင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ “ဒီနေ့သူတို့အစည်းအဝေးလုပ်ကြတယ်။ အစည်းအဝေးလုပ်ပြီးလို့ အချို့ကပြန်ကုန်ကြပြီ။ လေးယောက်ပဲကျန်နေခဲ့တယ်။ အဲဒီအချိန်မှာ ဝင်လာပစ်ကြတာ။ အုပ်ချုပ်ရေးမှူး ရုံးနားမှာပဲဖြစ်ကြတာ” ဟု ၎င်းအမျိုးသမီးကပြောသည်။ သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ ဆိုင်ကယ်မောင်းထွက်ပြေးစဉ် လဲကျသွားချိန် ပစ်ခတ်သူတို့က ဓားဖြင့် ဝင်ခုတ်ခဲ့ကြောင်းလည်း ၎င်းကပြောသည်။ ကျန်နှစ်ဦးမှာ ဒဏ်ရာရှိခဲ့ပြီး ပုလောဆေးရုံသို့တင်ဆောင်သွားကြောင်း ဆိုသည်။ ယင်းပစ်ခတ်မှုကို ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က […]

ထားဝယ်အာယုဒါန၏ အောက်ဆီဂျင်စက်အသစ် လာမည့်အပတ်တွင် ရောက်မည်ဟုဆို

diz_admin

October 1, 2021

ထားဝယ်မြို့ရှိ အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးမှ မှာယူထားသည့် အောက်ဆီဂျင်စက်အသစ်မှာ လာမည့်အပတ်တွင် ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် အဆိုပါ အောက်ဆီဂျင်စက်အသစ်မှာ တစ်ရက်လျှင် ၂၂ နာရီ စက်လည်ပတ်ပါက ၄၀ လီတာ အောက်ဆီဂျင်အိုး ၁၀၀ လုံးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း အာယုဒါနအဖွဲ့ထံမှ ဦးအောင်မြင့်က ဆိုသည်။ “စက်ကတော့ တရုတ်စက်ပဲ၊ လာတာက ကုန်းလမ်းကနေ လာမယ်”ဟု ၎င်းက ပြောသည်။ လက်ရှိ ရှိနေသည့် အာယုဒါန၏ အောက်ဆီဂျင်စက်မှ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၄၀ လုံးထုတ်လုပ်နေသည်။ အဆိုပါ အောက်ဆီဂျင်များကို ထားဝယ်ဒေသရှိ ဆေးရုံများနှင့် အိမ်လူနာများကို ဖြန့်ဝေပေးနေသည်။ အာယုဒါန၏ အောက်ဆီဂျင်စက်ရုံတွင် လျှပ်စစ်မီးအတွက် အလှူရှင်တစ်ဦးလှူဒါန်းထားသည့် ဆိုလာပြားများတပ်ဆင်ထားပြီး နောက်ထပ်ဆိုလာပြားများ […]

မြိတ်တွင် လျှပ်စစ်မီတာခ ဈေးထပ်တက်

diz_admin

September 30, 2021

ယခုနှစ်အတွင်း ငါးကြိမ်မြောက်အဖြစ် မြိတ်မြို့တွင် သြဂုတ်လအကုန်တွင် လျှပ်စစ်မီတာခ ဈေးထပ်တက်မည်ဖြစ်သည်။ မူလမီတာခနှုန်းထား တစ်ယူနစ်လျှင် ၂၃၅ ကျပ်မှ ဖေဖော်ဝါရီလတွင် ၂၅၈ ကျပ်၊ မတ်လတွင် ၂၈၀ ကျပ်၊ ဧပြီလ ၂၉၅ ကျပ်နှင့် မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ၃၈၅ ကျပ် ပေးဆောင်ခဲ့ရကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့မှ သိရသည်။ ဩဂုတ်လတွင် ၃၉၈ ကျပ်ကောက်ခံသဖြင့် တစ်ယူနစ်လျှင် ၁၃ ကျပ် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။ မီတာခဈေးနှုန်း မြင့်တက်လျှင် လျှပ်စစ်မီးကိုသာ အဓိကအသုံးပြုလုပ်ကိုင်ရသည့်အသေးစားလုပ်ငန်းတို့တွင် ထိခိုက်မှုရှိနေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်နေသူအချို့က ဆိုသည်။ “တစ်လတစ်လ မီးကြေးပေးရတာ အသားတင်ပဲ” ဟု ရှမ်းချောင်းရပ်ရှိ မော်တော်ယာဉ်ပြုပြင်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ အဆိုပါ မော်တော်ယာဉ်ပြုပြင်ရေးလုပ်ငန်းတွင် တစ်လလျှင် ပျမ်းမျှမီတာခ နှစ်သိန်းဝန်းကျင်ခန့်ပေးဆောင်နေရခြင်းဖြစ်သည်။ […]

ထားဝယ် တောင်ပျောက်တိုက်နယ်တွင် တိုက်ပွဲငယ်ဖြစ်

diz_admin

September 30, 2021

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် ဝင်းကဖော်ကျေးရွာတွင် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်များနှင့် ဒေါင်းမင်းစစ်ဆင်ရေးတပ်(TYC-PDF)တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားချိန်မှာ နံနက် ၉ နာရီခန့်ဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင် အပြန်အလှန်ပစ်ခတ်မှု ရပ်နားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ အရပ်ဝတ် ဝတ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက PDF ပုံစံဖြင့် အသွင်ယူကာ ဒေါင်းမင်းစစ်ဆင်ရေးပျောက်ကြားအဖွဲ့ကို စတင်ပစ်ခတ်ခဲ့ပြီး PDF များ တပ်ဆုတ်နိုင်ခြေရှိသည့်နေရာများကို မှန်းဆကာ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ “တစ်နေရာမှာလူစုလိုက် ပြန်ပစ်လိုက်၊ နောက်တစ်နေရာမှာ ပြန်စုပြီးပြန်ပစ်လိုက်နဲ့ အဲဒီလိုမျိုးလောက်ပဲ၊ တစ်နေရာတည်းမှာ အထိုင်ပစ်တာမျိုးတော့မဟုတ်ဘူး” ဟု ဒေသခံရွာသားက ဆိုသည်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်နှင့် လက်နက်အင်အားမမျှသဖြင့် ခံစစ်အသွင် အထိုင်ပစ်ခတ်ခဲ့ကြခြင်းမဟုတ်ဘဲ […]