ကျေးဇူးတော်ကျေးရွာမှ စစ်သားများ ပြန်ထွက်၊ ရွာသားများ အိမ်မပြန်ရဲသေး ဟုဆို
diz_admin
August 29, 2021KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးဇူးတော်ရွာမှ စစ်သားများ ဩဂုတ်လ ၂၈ ရက် ည ၇ နာရီခန့်က ပြန်ထွက်သွားပြီဖြစ်ကြောင်း ယင်းကျေးရွာတွင်နေထိုင်သူတစ်ဦးက အတည်ပြုပြောဆိုသည်။ ယင်းကဲ့သို့ စစ်သားထွက်သွားသော်လည်း ရွာသားများ အိမ်ပြန်မရဲကြသဖြင့် တိမ်းရှောင်နေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။ “သူတို့(စစ်တပ်) ထွက်သွားပြီဆိုပေမယ့် ရွာသားတွေကတော့ အိမ်မပြန်ကြသေးဘူး။ စစ်ရေးပရိယာယ်လည်း ဖြစ်နေတတ်တယ်လေ” ဟု အထက်ပါ ဒေသခံက ပြောသည်။ ဩဂုတ်လ ၂၆ ရက်က ကျေးဇူးတော်ကျေးရွာအဝင်ဝနှင့် အနီးအနားကျေးရွာ ကားလမ်းမတစ်လျှောက်တွင် စစ်တပ်က နေရာယူပြီးနောက်ပိုင်း ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။ ဩဂုတ်လ ၂၇ ရက်တွင် CDM သမားများကို ရှာဖွေရန်ဟုဆိုကာ စစ်တပ်က ကျေးဇူးတော်ကျေးရွာအတွင်းသို့ဝင်ရောက်လာကာ ကျေးရွာစာသင်ကျောင်းတွင် နေရာယူလိုက်သည်ဟုဆိုသည်။ KNU တပ်မဟာ(၄) […]


