BREAKING
June 14, 2025

သတင်း

တနင်္သာရီနယ်စပ်ဝင်ပေါက်များတွင် ဝူဟန်ဗိုင်းရပ် စောင့်ကြည့်ရေး အစီအမံမရှိသေး၊ ရနောင်းတွင် ထိုင်းဘက်မှ စတင်စစ်ဆေး

diz_admin

January 28, 2020

တနင်္သာရီတိုင်း နယ်စပ်ဝင်ပေါက်များတွင် ဝူဟန်ဗိုင်းရပ် စောင့်ကြည့်ရေး အစီအမံမရှိသေးကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင် တွေ့ရှိခဲ့သည့် အသက်ရှူလမ်းကြောင်း ထိခိုက်စေသည့် ဗိုင်းရပ်စ်ပိုးအသစ် ကြောင့် ဇန်နဝါရီလ ၂၅ ရက်အထိ သေဆုံးသူ ၄၁ ဦးရှိပြီဖြစ်သည်။ ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံအချို့ကို လည်း ရောဂါကူးစက်ခံထားရသည်။ အိမ်နီးချင်းနိုင်ငံတွင် ရောဂါပိုးရှိသူ ရောက်ရှိနေပြီဖြစ်သဖြင့် ဝူဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်၍ နယ်စပ်ဝင်ပေါက်များတွင် စောင့်ကြည့်မည့် အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းရာ သတိထားစောင့် ကြည့်နေသည့် အဆင့်သာရှိသေးပြီး အစီအမံ သတ်သတ်မှတ်မှတ် မရှိသေးကြောင်း ဝန်ကြီးဦးဟိုပင်က ဆိုသည်။ “ဒီဟာနဲ့ ပတ်သက်ပြီး သတိထားပြီး ကြည့်နေတဲ့ အဆင့်ပဲရှိသေးတယ်။ အစီအမံ ဆိုတော့ သတ်သတ်မှတ်မှတ်တော့ မရှိသေးဘူးပေါ့လေ”ဟု […]

ထားဝယ်တွင် ဗုဒ္ဓတက္ကသိုလ် စတင်တည်ဆောက်

diz_admin

January 22, 2020

ထားဝယ်မြို့ ယဉ်ငေးရိပ်သာသာ သနာ့ကျောင်း အတွင်း ဗုဒ္ဓတက္ကသိုလ် ကျောင်းတော်ကြီးကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း ထားဝယ်ဗုဒ္ဓကောလိပ် ဖောင်ဒေးရှင်းထံမှ သိရသည်။ ထားဝယ်-ဗုဒ္ဓတက္ကသိုလ်ကို ထားဝယ် ခရိုင်လေးမြို့နယ်မှ အလှူရှင်များနှင့် ထိုင်းနိုင်ငံမှ အလှူရှင်များမှ လှူဒါန်း ထားသော ငွေကျပ်သိန်း ၂၀၀ ကျော်ခန့်ဖြင့် ဇန်နဝါရီလ ၉ ရက်က ပန္နက်တင်မင်္ဂလာပွဲ ပြုလုပ်ကာ စတင်တည်ဆောက်နေပြီဖြစ် ကြောင်း ထားဝယ်ဗုဒ္ဓကောလိပ်မှ မော်ကွန်းထိန်း ဦးစိန္နိတက မိန့်ကြားသည်။ ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရန် အတွက် မတည်အလှူရှင်များလိုအပ် နေပြီး ခန့်မှန်းခြေ ကျပ်သိန်း ၆၀၀၀ ခန့် ကုန်ကျမည်ဟု လျာထားကြောင်း ဦးစိန္နိတက မိန့်ကြားသည်။ “ဆရာတော်က ဦးစီးလုပ်ထားတာ ဆိုတော့ ပြီးမယ်ဆိုတာ ယုံကြည်ထား တယ်။ ခန့်မှန်းခြေအရ နှစ်နှစ်လောက်ဆို အဆောက်အအုံကြီးလုံး၀မပြီးဘူးဆိုရင် တောင် […]

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအချို့တွင် ကလေးကာကွယ် ဆေးထိုးရန် ညှိနှိုင်း

diz_admin

January 22, 2020

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်ရှိသော နေရာများတွင် ကလေးငယ်များကို ကာကွယ် ဆေးထိုးရန် ညှိနှိုင်းနေကြောင်း ပြည်သူ့ ကျန်းမာ/ကုသရေးဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဒေါက်တာထွန်းမင်းက ပြောကြားသည်။ တိုင်းရင်းသားလက်နက်ကိုင်ထိန်း ချုပ်နယ်မြေအချို့နှင့် လမ်းပန်းဆက် သွယ်ရေးခက်ခဲသည့် နေရာများ၊ ရွှေ့ ပြောင်းလုပ်သားများရှိနေသည့် နေရာများ တွင် ကလေးငယ် ၁၈၀၀ ခန့် ကာကွယ် ဆေးမတိုက်ကျွေးနိုင်သေးကြောင်း ပြည်သူ့ ကျန်းမာ/ကုသရေးဦးစီး ဌာနထံမှ သိရသည်။ ထိုကြောင့် တိုင်းအတွင်းရှိ တိုင်းရင်း သားလက်နက်ကိုင်ထိန်းချုပ်နယ် မြေများ တွင် ကလေးငယ် ကာကွယ်ဆေးထိုးရန် ညှိနှိုင်းနေခြင်း ဖြစ်သည်။ “ဒါကတော့ အဓိကစိန်ခေါ်မှုပေါ့၊ တခြားစိန်ခေါ်မှုအနေနဲ့ ပြောမယ်ဆိုရင် တော့ လမ်းပန်းဆက်သွယ်ရေး အခက် အခဲပေါ့” ဟု ဒေါက်တာထွန်းမင်းက ပြောသည်။ တိုင်းအတွင်း လက်ရှိတွင် ကလေး […]

ထားဝယ်ခရိုင်ရှိ ကျောင်းသား သုံးသောင်းကျော်ကို ကျောင်းသုံးပစ္စည်း လှူဒါန်း

diz_admin

January 22, 2020

ထားဝယ်ခရိုင်အတွင်းရှိ ကျောင်းသူ ကျောင်းသား သုံးသောင်းကျော်ကို တရုတ်အခြေစိုက် အဖွဲ့အစည်း တစ်ခုက လွယ်အိတ်နှင့် ကျောင်းသုံးစာရေး ကိရိယာများ လာရောက်လှူဒါန်းခဲ့သည်။ တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (China Foundation for Poverty Alleviation Myanmar Office (CFPA))က လာရောက် လှူဒါန်းခြင်းဖြစ်ပြီး KG မှ စတုတ္ထတန်း အထိ ကျောင်းသားကျောင်းသူများကို လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါဖောင်ဒေးရှင်းမှ စီမံကိန်း အရာရှိ ဦးပြည့်ဖြိုးကျော်က ရှင်းပြသည်။ လက်ရှိတွင် သရက်ချောင်းမြို့နယ်၊ ထားဝယ် မြို့နယ်များတွင် လှူဒါန်းခဲ့ပြီးဖြစ်ပြီး ဇန်နဝါရီလ တတိယအပတ်တွင် ရေဖြူမြို့နယ်နှင့် လောင်းလုံး မြို့နယ်တွင် အပြီးသတ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်ခရိုင် လေးမြို့နယ်တွင် ပထမဆုံးအကြိမ် လာရောက် […]

လုံခြုံဘေးကင်းသော စာသင်ကျောင်းအတွက် လမ်းညွှန်စာအုပ်ထုတ်ပြန်

diz_admin

January 22, 2020

အခြေခံပညာကျောင်းများကို လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင် ကျောင်းဆောင်လုပ်ရာတွင် လုပ်ဆောင်ရ မည့် လမ်းညွှန်စာအုပ်ကို ထားဝယ်မြို့ မြို့တော်ခန်းမတွင် ဇန်နဝါရီလ ၁၅ ရက် က မိတ်ဆက်ထုတ်ပြန်ခဲ့သည်။ လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်းဆိုသည်မှာ ကျောင်းသား၊ ကျောင်းသူများ ရုပ်ပိုင်းဆိုင်ရာအား ဖြင့်ဘေးကင်းပြီး စိတ်ပိုင်းဆိုင်ရာအား ဖြင့် လုံခြုံစိတ်ချရအောင် ဖန်တီးဆောက် လုပ်ထားသည့် စာသင်ကျောင်းများကို ဆိုလိုကြောင်း လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည်။ KG မှ တစ်ဆယ်နှစ်တန်း ပညာရေး သင်ရိုးအသစ်ကို ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်နေသည်။ ယင်းသင်ရိုးသစ်နှင့် ကိုက်ညီသည့် ကျောင်းဆောင်များလိုအပ်ချက်ရှိလာ သည့်အပြင် ကျောင်းသားဦးရေပါ တိုးလာနေသည့်အတွက်ကြောင့် ယင်းကျောင်း များကို ဆောက်လုပ်ရန် စီစဉ်ခြင်းဖြစ် ကြောင်း လေ့လာဆန်းစစ်အကဲဖြတ်ရေး အဖွဲ့ သုတေသနတာဝန်ခံ ဦးခင်အောင် က ပြောသည်။ […]

ပြည်နယ်နှင့်တိုင်း ပြေးခုန်ပစ် တံခွန်စိုက်ဒိုင်းရ ကစားသမားများကို ကျပ်သိန်းတစ်ရာကျော် ဆုချီးမြှင့်

diz_admin

January 21, 2020

တိုင်းနှင့်ပြည်နယ် အသက်နှစ် ဆယ့်ငါးနှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ တွင် စုပေါင်းတံခွန်စိုက်ဆုနှင့် အမျိုး သမီးတံခွန်စိုက် ဒိုင်းဆုနှစ်ခုကို ဆွတ်ခူး ပေးခဲ့သည့် တနင်္သာရီတိုင်း ကစားသမား နှင့် နည်းပြအုပ်ချုပ်သူများကို ဆုငွေ ကျပ်သိန်းတစ်ရာကျော် ချီးမြှင့်ခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီး ဌာနထံမှ သိရသည်။ ယင်းပြေးခုန်ပစ်အဖွဲ့ အုပ်ချုပ်သူ နှင့် နည်းပြ စုစုပေါင်း ငါးဦးကို တစ်ဦး လျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် ကျပ်ဆယ် သိန်း၊ ဆုတံဆိပ်ရ ကစားသမား ၁၇ ဦးကို ကျပ် ၉၃ သိန်း စုစုပေါင်း တစ်ရာသုံးသိန်းကျပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။ ကစားသမားများကို ရွှေတံဆိပ် တစ်ခုလျှင် ကျပ်ငါးသိန်း၊ ငွေတစ်ခုလျှင် ကျပ်သုံးသိန်း၊ ကြေးတစ်ခုလျှင် ကျပ် […]

ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ရန်ကုန် ဆုအများဆုံးရ

diz_admin

January 21, 2020

ထားဝယ်မြို့တွင် ကျင်းပခဲ့သည့် တိုင်းနှင့်ပြည်နယ်ပေါင်းစုံ ဖိတ်ခေါ် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ရန်ကုန်မှ ကစားသမားများ ဆုအများဆုံးရရှိခဲ့ ကြောင်းတနင်္သာရီ တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ဆပ်ကော်မတီ ထံမှ သိရသည်။ ပြိုင်ပွဲအမျိုးအစား လေးမျိုးတွင် အသင်းအလိုက်ပြိုင်ပွဲနှင့် အလွတ်တမ်း ပြိုင်ပွဲ၊ အသက် ၅၄ နှစ်အထက်ပြိုင်ပွဲ များတွင် ရန်ကုန်မှ ၇ ဆုရရှိကာ ပြည်မြို့ မှ နှစ်ဆု၊ ထားဝယ်မှ တစ်ဆု၊ မြိတ်မှ တစ်ဆု အသီးသီးရရှိခဲ့ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။ “(ထားဝယ်က) ဆုရသူတော့ နည်း တယ်။ ကျွန်တော်တို့ ဆက်လက်ကြိုးစားဖို့ လိုအပ်သေးတယ်ပေါ့။ ထားဝယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အားကစားသမား ကလည်း နည်းတယ်”ဟု ဦးသန့်ဇင်က ဆိုသည်။ အဆိုပါပြိုင်ပွဲတွင် မွန်၊ ကရင်၊ ရှမ်း၊ ရန်ကုန်၊ […]

မှတ်ပုံတင်တွင် မြိတ်လူမျိုးအဖြစ် ထည့်သွင်းရေး ကြိုးပမ်း

diz_admin

January 21, 2020

နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံ တင်) ပါလူမျိုးနေရာတွင်ဗမာအစားမြိတ် လူမျိုးအဖြစ်ထည့်သွင်းပေးရေး မြိတ် အခြေစိုက် အဖွဲ့အချို့က ကြိုးပမ်းလာသည်။ မြိတ်အခြေစိုက်မေတ္တာလက်ကမ်းအဖွဲ့နှင့်အရပ်ဘက်အဖွဲ့အစည်းအချို့မှတာဝန်ရှိသူတို့သည်ဇန်နဝါရီလ၁၅ရက် ကတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးကျော်မင်း၊ တိုင်းဒေသကြီး လ၀က ဦးစီးမှူးတို့ တွေ့ဆုံခဲ့ကြသည်။ ယင်းတွေ့ဆုံရာတွင် မှတ်ပုံတင်၌ ဗမာလူမျိုးအစားမြိတ်လူမျိုးအဖြစ် ထည့်သွင်းပေးရေးကိစ္စအား ထည့်သွင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသားလူမျိုး၁၃၅မျိုးအနက် ဗမာလူမျိုးအုပ်စုတွင် ဗမာ၊ မြိတ်၊ ထားဝယ်၊ ယော၊ ဆလုံစသဖြင့်လူမျိုး၉ မျိုးပါဝင် သည်။ “လူမျိုးရေးပေးတဲ့နေရာမှာဗမာ မထည့်ဘဲ မြိတ်ထည့်လို့မရဘူးလားပေါ့”ဟုမေတ္တာ လက်ကမ်းအဖွဲ့ဥက္ကဋ္ဌ ဦးအာ ကာဦးက ပြောသည်။ မေတ္တာလက်ကမ်းအဖွဲ့မှမေးမြန်း သည့် မေးခွန်းအားတိုင်းလ၀ကတာဝန်ရှိသူ တစ်ဦးက ဖြေဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။ “အချို့စကားတွေမှာရုပ်ရေသွင်ပြင် ကိုကြည့်ပြီး လူမျိုးကို […]