ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စက်တင်ဘာ ၇ ရက် ထားဝယ်မြို့

diz_admin

September 7, 2021

အမျိုးသားညီညွတ်ရေးအစိုးရက အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးနောက် ထားဝယ်မြို့တွင် အခြေခံစားသောက်ကုန်များ ဝယ်ယူနေကြသည်ကို တွေ့ရသည်။ ယနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ တောင်ဘက် မိုင် ၅၀ နှင့် မိုင် ၁၀၀ ဝန်းကျင် အကွာရှိ နေရာနှစ်ခုတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

သရက်ချောင်း တောင်ပျောက်တိုက်နယ် တိုက်ပွဲငယ်

diz_admin

September 7, 2021

ထားဝယ်ဒေသ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် ယနေ့နံနက် ၉ နာရီခန့်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် စစ်တပ်တို့အကြား တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့သည်။ တောင်ပျောက်တိုက်နယ်၊ အနောက်ဘက်ကမ်းကို စစ်ကြောင်းထိုးဝင်လာသည့် တပ်ကောင်စီစစ်ကြောင်းကို PDF ပျောက်ကျားတပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ မျက်မြင်တစ်ဦးက ပြောကြားသည်။ “တိုက်ပွဲငယ်ပဲပေါ့ ပျောက်ကျားပစ်တာ။ လေးငါးဆယ်ချက်လောက်ပဲ ပစ်ကြတာ” ဟု ၎င်းကဆိုသည်။လက်ရှိတွင် တောင်ပျောက်တိုက်နယ်အတွင်းရှိ သဲချောင်းကြီးကျေးရွာ၊ အလယ်စု၊ ကျောက်အိုင်စသည့်ကျေးရွာများတွင် စစ်ကြောင်းထိုးထားဆဲဖြစ်ပြီး တိုက်ပွဲဆက်ဖြစ်မည့်အနေအထားရှိကြောင်း ၎င်းက ပြောသည်။ တောင်ပျောက်အနောက်ဘက်ကမ်းရွာထဲကို စစ်ကြောင်းထိုးထားသည့် စစ်တပ်ဖွဲ့မှာ အင်အားသုံးဆယ်ခန့်ရှိမည်ဟု ခန့်မှန်းရပြီး လမ်းတွင်လည်း ကင်းပုန်းများ ချထားသည်ဟု သတင်းရထားကြောင်း ၎င်းက ပြောသည်။ အဆိုပါပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူများရှိ၊ မရှိ မသိရသေးသော်လည်း […]

KNU တပ်မဟာ ၄ နယ်မြေအတွင်း နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွား

diz_admin

September 7, 2021

KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ တစ်ခုဖြစ်သည့် မြိတ်ခရိုင် ပုလောမြို့နယ် ပန္နဲတောင်ကျေးရွာအနီးတွင် စစ်တပ်နှင့် KNU တို့ ယနေ့နံနက်ပိုင်းက နှစ်ဖက် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်တပ်ဘက်က အင်အား ၁၅၀ ခန့်ဖြင့် ပိန္နဲတောင်ကျေးရွာနှင့် ဒူရင်းပင်ရှောင်ရွာ တို့ဘက်ကနေ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး KNU ထိန်ချုပ်နယ်မြေအတွင်း ယနေ့ နံနက် ၇ နာရီ ခန့်တွင် ဝင်ရောက်လာကြောင်း သိရသည်။ ယခု နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ ပုလောမြို့မှ အရှေ့ဘက် ခြောက်မိုင်ခန့်အကွာတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ “နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်တယ်။ စစ်တပ်ဘက်က ဗုံးသီး၊ လောင်ခြာသုံးတယ်။ စက်သေနတ်သုံးပြီး ပစ်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားပြီး နံနက် ၈ […]

ကော့သောင်း မြို့လယ်တွင် ငွေလုယက်မှု ဖြစ်

diz_admin

September 6, 2021

ကော့သောင်းမြို့လယ် တစ်နေရာဖြစ်သည့် မြို့မဈေးအနီးတွင် ငွေလုယက်ခဲ့သူ အမျိုးသားကို ဖမ်းမိပြီဖြစ်ကြောင်း သိရသည်။ ဘတ်ငွေ လဲလှယ်သည့် လုပ်ငန်း လုပ်ကိုင်နေသူ ဒေါ်မိုးကြည်သည် စက်တင်ဘာလ ၃ ရက်က ဆိုင်ကယ်တစ်စီးဖြင့် အလုပ်ကိစ္စသွားရန်ထွက်လာစဉ် မြို့မဈေးအနီးအရောက်တွင် ငွေလုယက်ခံခဲ့ရကြောင်း မြေးတော်စပ်သူတစ်ဦးက ပြောသည်။ ဆိုင်ကယ်ဖြင့်အနောက်မှ ကပ်လိုက်လာပြီး လုယက်ထွက်ပြေးသွားသည်ဟုဆိုသည်။ ယင်းလုယက်မှုကြောင့် ထိုင်းဘတ်ငွေ တစ်သိန်းငါးသောင်းကျော်၊ မြန်မာကျပ်ငွေ ၁၈၀ သိန်း ပါသွားကြောင်း မြေးဖြစ်သူက ပြောသည်။ စက်တင်ဘာလ ၆ ရက်တွင် ယင်းငွေလုယက်သွားသူ ထွန်းအောင် ခေါ် သားကြီးဆိုသူအား ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းကပြောသည်။ လုယက်ခံရသည့် ပိုက်ဆံများအားလုံး ပြန်မရသေးဘဲ လက်ရှိတွင် မြန်မာငွေ သိန်းတစ်ရာကျပ်ခန့် ပြန်ရကြောင်း ဆိုသည်။ “(ထိုင်း) ဘတ်ငွေတွေတော့ ပြန်မရတော့ဘူး”. ဟု ၎င်းက […]

ဘီးလင်းတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 6, 2021

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာတွင် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဒေါက်ရပ်ကျေးရွာနေ ဦးမျိုးမြင့်သည် စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်းခန့်က အသက် ၈ နှစ်အရွယ် မြေးဖြစ်သူနှင့်အတူ နေအိမ်တွင် တည်ရှိနေစဉ် အမည်မသိ သေနတ်သမားနှစ်ဦးက  ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးမျိုးမြင့်သည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားပြီး မြေးဖြစ်သူမှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။ ဦးမျိုးမြင့် ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး အာဏာသိမ်း တပ်ဖွဲ့ဝင်တို့က ကျေးရွာအတွင်း စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံတို့က ပြောသည်။ “ဦးမျိူးမြင့် သေဆုံးတာနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးမှုတွေလုပ်နေတာတွေရှိတယ်၊ ဘယ်သူ ဘာကြောင့် […]

တနင်္သာရီမြို့တွင် ကိုဗစ်ပိုးတွေ့သူများလာ၊ မြို့ပေါ်လမ်းအချို့အား ပိတ်ချ

diz_admin

September 6, 2021

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ကိုဗစ်နိုင်တီးကူးစက်ရောဂါပိုးတွေ့ရှိသူများလာပြီး မြို့ပေါ်ရှိ လမ်းတစ်ချို့အား စက်တင်ဘာလ ၄ ရက်နေ့မှစပြီး lock down သတ်မှတ်ခဲ့ကြောင်း သိရသည်။ တနင်္သာရီမြို့ပေါ် ချောင်းကြီးရပ်ကွက်ရှိ ရွှေလိပ်ပြာလမ်း၊ တိုးချဲ့ ၂ လမ်းနှင့် မဂ္ဂင်လမ်း တို့အား ၁၄ ရက်အကြာ စောင့်ကြပ်ကြည့်ရှူရန် Lockdown သတ်မှတ်လိုက်ခြင်းဖြစ်သည်။ “လမ်းသုံးလမ်းမှာ လမ်းမကြီးတစ်လမ်းပဲ အသွားအလာပေးထားတယ်” ဟု ရွှေလိပ်ပြာလမ်းနေ အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ ပိတ်ချထားသည့် လမ်းသုံးလမ်းတွင် အိမ်ခြေတစ်ရာဝန်းကျင်ခန့်ရှိကြောင်း အထက်ပါ အမျိုးသားက ပြောပြသည်။ အဆိုပါ လမ်းအတွင်းနေသူတို့မှ အရေးကိစ္စတစ်ခုခုကြောင့် နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာရန် ရှိပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပေးသည့် အဝင်/အထွက်သွားလာခွင့် ကတ်ပြားဖြင့် တစ်အိမ်လျှင် တစ်ဦးသာ သွားလာခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ […]

လာမည့်နွေ စပါးထွက်ပါ့မလား၊ ဓာတ်မြေဩဇာ ‌ဈေးခုန်တက် လယ်သမားများအခက်

diz_admin

September 4, 2021

အထွေထွေ ကုန်ဈေးနူန်းနှင့်အတူ ဓာတ်မြေဩဇာ ဈေးနူန်းပါ မြင့်တက်လာနေသဖြင့် ထားဝယ်ခရိုင်ရှိလယ်သမားများ ယခင်ကကဲ့သို့ ဓာတ်မြေဩဇာ မသုံးနိုင်တော့ဘဲ အခက်တွေ့နေကြသည်။ လတ်တလော စပါးဈေးနူန်း၊ ဓာတ်မြေဩဇာ ဈေးနူန်းအရ စပါးအတင်း ၂၀ ရောင်းမှ ဓာတ်မြေဩဇာ သုံးအိတ်ခန့်သာ ဝယ်နိုင်မည့် အနေအထားဖြစ်နေသည်။ စက်တင်ဘာလ ၃ ရက်က ထားဝယ်ခရိုင်ရှိ သမားအချို့ထံ မေးမြန်းထားသည့် ဈေးနုန်းကို အခြေခံပြီး တွက်ချက် ဖော်ပြပါမည်။လတ်တလော ဆန်ကြမ်းအမျိုးစား စပါးဈေးနူန်းမှာ ကျပ်ရှစ်ထောင် ဝန်းကျင်တွင်ရှိသည်။ ဓာတ်မြေဩဇာ တစ်အိတ်လျှင် ကျပ်ငါးသောင်းကျော် ၅၂၀၀၀ ဝန်းကျင်တွင်ရှိနေသည်ဟု ဆိုကြသည်။ အချို့နေရာများတွင် တစ်အိတ် ၅၈၀၀၀ ကျပ်အထိ ခေါ်ဈေးရှိသည်။ ထိုဆန်ကြမ်းအမျိုးအစား စပါးအတင်း ၂၀ ရောင်းချပါက တစ်သိန်းခြောက်သောင်းကျပ်ရရှိမည်ဖြစ်ပြီး ရရှိသည့် ငွေဖြင့် ဓာတ်မြေဩဇာ ဝယ်မည်ဆိုပါက […]

လောင်းလုံးမြို့ ပေါ် အုပ်ချုပ်ရေးမှုးရုံးတွင် ပေါက်ကွဲမှုဖြစ်

diz_admin

September 4, 2021

လောင်းလုံးမြို၊ (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှုရုံးတွင် စက်တင်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။  ယနေ့နံက် ၅ နာရီခွဲဝန်းကျင်ခန့်တွင် ပေါက်ကွဲသံကြားရပြီးနောက် ယင်းပေါက်ကွဲမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင်တပ်ဆင်ထားသော မှန်ချပ်များ နဲ့ အပျက်အစီး အချို့တွေ့ရကြောင်း  ဒေသခံတစ်ဦးကပြောသည်။  “အသံကတော့တစ်ချက်တည်းဘဲ တော်တော်ကြမ်းတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။  အဆိုပါပေါက်ကွဲမှုကြောင့် လူတစ်ဦးတစ်ယောက်မှ ထိခိုက်တာမှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့မှ ဆယ်မိုင်ကျော် အကွာတွင် ရှိသော လောင်းလုံးမြို့သည် က၊ ခ၊ ဂ၊ ဃ ရပ်ကွက် လေးခုဖြင့် ဖွဲ့စည်းထားသည်။ လောင်းလုံးမြို့နယ်တွင် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများ နေစဉ်နီးပါး ရှိနေသည်။