ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ရာသီပေါ် ကြက်သွန်နီအသစ် ဈေးတက်

diz_admin

January 11, 2022

ထားဝယ်ဈေးကွက်၌ ယခုရာသီတွင် ထွက်သည့် ကြက်သွန်နီအသစ် ဈေးတက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့်အပတ်က ကြက်သွန်နီအသစ် အလတ်စားအရွယ် ၁၀ ပိဿာဝင် တစ်အိတ်လျှင် ခုနှစ်ထောင် ဝန်းကျင်ရှိရာမှ လက်ရှိတွင် ကိုးထောင်ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ လက်ရှိတွင် ကြက်သွန်နီအဟောင်းမှာ အပင်ပေါက်ပြီး ထားသိုရောင်းချရခက်သဖြင့် ကြက်သွန်အသစ် ဈေးတက်နေခြင်းဖြစ်ကြောင်း ထားဝယ်မြို့အတွင်းရှိ ပွဲရုံပိုင်ရှင်တစ်ဦးက ရှင်းပြသည်။ ကြက်သွန်နီအဟောင်း (အလတ်စား) ၁၀ ပိဿာဝင် တစ်အိတ်လျှင် ၅,၀၀၀ ကျပ်မှ ၆,၅၀၀ ကျပ် ဝန်းကျင် အထိ ရောင်းချနေပြီး လက်လီ တစ်ပိဿာလျှင် ၇၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။ “ကြက်သွန်အဟောင်းက တစ်အိတ်မှာ ထက်ဝက်လောက်အထိ အပင်ပေါက်နေတယ်။ ရတဲ့ဈေးနဲ့ ရောင်းနေရတယ်” ဟု ပွဲရုံပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။ […]

တနင်္သာရီ တကူရွာတွင် စစ်ကောင်စီတပ်နှင့် PDF တို့ ပစ်ခတ်မှုဖြစ်

diz_admin

January 11, 2022

တနင်္သာရီမြို့နယ် တကူရွာတွင် စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က တကူသံတိုက်ကမ်းနားတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်နှင့် မြစ်တဖက်ကမ်းရှိ PDF တပ်ဖွဲ့တို့ မိနစ် ၂၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်ကြကြောင်း တကူရွာသားများက ပြောသည်။ အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဖက်က နှစ်ဦးဒဏ်ရာရသည်ဟု ရွာသားအချို့က ပြောသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပါ။ ယင်းနေ့က မွန်းတည့်အချိန်ကလည်း တကူရွာသို့ စစ်လေယာဉ်တစ်စီး ပျံဝဲကာ ခဲ့သေးကြောင်း တကူရွာသားများက ဆိုသည်။ တကူကျေးရွာရှိ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF များ ဝင်ရောက် ဖျက်ဆီးပြီး နှစ်ရက်အကြာ ဇန်နဝါရီလ ၅ […]

တနင်္သာရီတွင် ကျောက်စုပ်ယူသည့် စက်လှေတို့ကြောင့် မြစ်ကမ်းပါးပြိုဟုဆို

diz_admin

January 10, 2022

တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စု ပဝကျွန်းရှည်ကျေးရွာတွင် ကျောက်စုပ်ယူသည့် စက်လှေတို့ကြောင့် မြစ်ကမ်းပါးပြိုကျကြောင်း ယင်းရွာသားအချို့က ပြောသည်။ ပဝကျွန်းရှည်ရွာအရှေ့ မြစ်အတွင်းရှိ ကျောက်စရစ် စုပ်ယူသည့် ကျောက်တင်စက်လှေတို့၏ လိုင်းဂယက်များ ပုတ်ခတ်မှုကြောင့် နေ့စဉ် မြစ်ကမ်းပါးပြိုကျနေရခြင်းဖြစ်ကြောင်း ရွာသားအချို့က ဆိုသည်။ ကျောက်တင်စက်လှေအချို့မှာ မြစ်ကမ်းပါးနှင့်ကပ်လျက် ကျောက်စုပ်လုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း ပဝကျွန်းရှည်ရွာအနီးရှိ အနောက်သာရဖုံကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ ကျွန်းရှည်ရွာနေ အမျိုးသားတစ်ဦးကလည်း “နွေရာသီဆိုတော့ အနည်းအကျဉ်းပဲပြိုတာ။ မိုးတွင်းဆို ပိုများလာမယ်” ဟု ပြောသည်။ ပြိုကျနေသည့် မြစ်ကမ်းပါးနှင့် နေအိမ်အချို့မှာ ပေ ၂၀ ခန့်အကွာတွင် တည်ရှိနေပြီး ဆက်လက်ပြိုကျနေပါက နေအိမ်အချို့ပါသွားမည်ကို စိုးရိမ်နေရကြောင်း ၎င်းက ဆိုသည်။ ယင်းသို့ ကမ်းပြိုနေသော်လည်း နိုင်ငံရေး အခြေအနေကြောင့် ကျေးရွာနေသူတို့မှာ သက်ဆိုင်သို့ မတိုင်ကြားဝံ့ဖြစ်နေကြောင်း ပဝကျွန်းရှည်ရွာသားအချို့က […]

လောင်းလုံး အင်းဇောက်ရွာ အုပ်ချုပ်ရေးမှူးကား ပစ်ခတ်ခံရ

diz_admin

January 9, 2022

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာ အုပ်ချုပ်ရေးမှူး စီးလာသည့်ကား ဇန်နဝါရီလ ၈ ရက်နေ့က ပစ်ခတ်ခံရသဖြင့် အုပ်ချုပ်ရေးမှူး ဒဏ်ရာရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါကျေးရွာရှိ ပြည်လုံးချမ်းသာဘုရားလမ်းအနီးတွင် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်တွင် ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်မနုသွေး စီးလာသောကား ပစ်ခတ်ခံရပြီး ဒေါ်မနုသွေးမှာ လက်မောင်းတွင် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ ယင်းပစ်ခတ်ခံရမှုတွင် ၎င်း၏ တူတော်စပ်သည့် ယာဉ်မောင်းသူမှာ သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ပြည်လုံးချမ်းသာဘုရားလမ်းထဲက အဝတ်နက်ဝတ်ကာ မျက်နှာဖုံးစွပ်ထားသည့် လူသုံးဦး ဆိုင်ကယ်ဖြင့် ထွက်လာပြီး သေနတ် အချက် ၂၀ ခန့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ […]

ကားမှောက်၍ သေဆုံးသည့် မြန်မာလုပ်သားသုံးဦးအတွက် အာမခံကြေးထုတ်ရန် သံအရာရှိရုံးနှိုးဆော်

diz_admin

January 9, 2022

ထိုင်းနိုင်ငံတွင် ကားမှောက်၍ သေဆုံးခဲ့သည့် မြန်မာအလုပ်သမားသုံးဦးအတွက် အာမခံလျော်ကြေးငွေများ ထုတ်ယူရန် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား သံအရာရှိရုံးက ဇန်နဝါရီလ ၈ ရက်နေ့ ရက်စွဲဖြင့် နှိုးဆော် အသိပေးချက် ထုတ်ပြန်ထားသည်။ အယုဒ္ဓယခရိုင်၊မဟာရတ်မြို့နယ်တွင် ဒီဇင်ဘာလ ၈ ရက် နံနက် ၇ နာရီအချိန်က မြန်မာအလုပ်သမား ၁၈ ဦးကို တင်ဆောင်လာသည့်ကား တိမ်းမှောက်ခဲ့ရာ သုံးဉီးသေဆုံးသွားကြောင်း အဆိုပါရုံးထံမှ သိရသည်။ သေဆုံးခဲ့သူများမှာ ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာက ဦးစိန်ဝင်း၏ သားဖြစ်သူ မောင်ရူပ၊ ဘီးလင်း မြို့နယ် ကျခတ်ချောင်းကျေးရွာက ဦးတင်မြင့်၏ သားဖြစ်သူ မောင်လင်းထက်ဦး၊ ဥတ္တရသီရိမြို့နယ် မိုးစွေရွာက ဦးမြင့်ဦး၏ သားဖြစ်သူ ဦးတင်ဇင်ဦးတို့ ဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြသည်။ ၎င်းတို့ သုံးဦးအတွက် မော်တော်ယာဉ်ထိခိုက်မှု အာမခံလျော်ကြေးများကို […]

ပုလောတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေးဦးသေဆုံးဟုPDFထုတ်ပြန်

diz_admin

January 9, 2022

မြိတ်ခရိုင် ပုလောမြို့နယ်၌ အပြင်းအထန် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေးဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရသည်ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်နှင့် ပုလော PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇန်နဝါရီလ ၇ ရက် ညနေ ဆားခဲရွာတွင် တိုက်ပွဲ တစ်ကြိမ်၊ ဇန်နဝါရီလ ၈ ရက် ည ၇ နာရီခွဲခန့်က ပဝတ်ဖျားရွာတွင် တစ်ကြိမ်ဖြစ်ပွားကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပဝတ်ဖျားရွာ တိုက်ပွဲမှာ ၂ နာရီကြာမြင့်ခဲ့ကြောင်း PDF က ထုတ်ပြန်သည်။ ယင်းတိုက်ပွဲနှစ်ကြိမ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေးဦးသေဆုံးခဲ့ပြီး ၂၀ ဦးကျော် ဒဏ်ရာရကာ ၈ ဦးခန့်မှာ အရေးပေါ်ကုသနေရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ပုလော PDF-PRDF […]

ပုလောတွင် ယနေ့ည တိုက်ပွဲဖြစ်နေ

diz_admin

January 8, 2022

ပုလောမြို့နယ်၊ ပဝတ်ကုန်းဖျားကျေးရွာတွင် ယနေ့ (ဇန်နဝါရီ ၈) ည ၇ နာရီ ကျော်ကစပြီး စစ်ကောင်စီတပ်နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ပဝတ်ကုန်းရွာသားတစ်ဦးက ပြောသည်။ “အပြန်အလှန်ပဲ ပစ်သံတွေကြားနေရတာ မိနစ်သုံးဆယ်ကျော်ပြီ။ ခုထိ မနားသေးဘူး” ဟု ၎င်းက ဆိုသည်။ ပဝတ်ကုန်းကျေးရွာအနီးရှိ ကဒဲရွာက ပျူစောထီးအဖွဲ့ကို ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၄ ရက် နံနက်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ပျူစောထီးဘက်က တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရခဲ့ပြီး ပုလော ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ဖြူဖွေး ကျဆုံးခဲ့ကြောင်း PDF က သတင်းထုတ်ပြန်ထားသည်။ ယနေ့ည လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများအပြင် နှစ်ဖက်အထိအခိုက် အကျအဆုံး ရှိမရှိကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ထိုင်းသို့ တရားမဝင် ဝင်သဖြင့် တစ်ပတ်အတွင်း မြန်မာလုပ်သား နှစ်ရာနီးပါး ထပ်မံအဖမ်းခံရ

diz_admin

January 8, 2022

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် မြန်မာလုပ်သား ထောင်နှင့်ချီ ဖမ်းဆီးခံထားရသော် လည်း ဆက်လက်သွားနေကြဆဲဖြစ်ပြီး ယခုတစ်ပတ်အတွင်းလည်း နှစ်ရာနီးပါး ထပ်မံဖမ်းဆီးခံရကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇန်နဝါရီလ ၂ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂ ဦး၊ ၃ ရက်နေ့တွင် ၆၈ ဦးနှင့် ၇ ရက်နေ့တွင် ၈၅ ဦး စုစုပေါင်း ၁၉၅ ဦး ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားဦး‌ရေ ထောင်ချီ‌ဖမ်းမိထားပြီး ဖြစ်သော်လည်း တရားမဝင်သွားရောက်မှုများ ရှိနေဆဲဖြစ်သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တစ်လျှောက်ရှိ တောလမ်းတို့မှတစ်ဆင့် ထိုင်းသို့ တရားမဝင် သွားရောက်ကြသဖြင့် ဖမ်းဆီးခံရနေခြင်း ဖြစ်သည်။ ယင်းကဲ့သို့ တရားမဝင် ဝင်ရောက်ကြသဖြင့် […]