ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြေတိုက်ကျောင်းဆရာတော် အန္တိမ အဂ္ဂိဈာပန ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည်

diz_admin

January 17, 2022

ဂဏဝိမုတ်ကူးတို့ဂိုဏ်း၏ တတိယဂိုဏ်းချုပ် ဆရာတော်ဖြစ်တော်ဖြစ်သည့် မြေတိုက်ကျောင်းဆရာတော် ခန္ဓာဝန်အား ‌ဇန်နဝါရီလ ၁၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် အန္တိမ အဂ္ဂိဈာပန အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း တပည့်တကာတစ်ဦးက ပြောသည်။ သက်တော် ၈၆ နှစ်၊ သိက္ခာတော် ၆၆ ဝါရှိ ဘဒ္ဒန္တကလျာဏ (သဒ္ဓမ္မဇောတိကဓဇ) မြေတိုက်ကျောင်း‌ဆရာတော်သည် ဇန်နဝါရီလ ၁၅ ရက်တွင် ပျံလွန်တော်မူခြင်း ဖြစ်သည်။ ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအား ထားဝယ်မြို့ ကညုံရပ်ကွက်ရှိ မြေတိုက်ကျောင်းတွင်ပင် ပြုလုပ်မည် ဖြစ်ကြောင်း တပည့်တကာတစ်ဦးက ဆိုသည်။ မြေတိုက်ကျောင်းဝင်းထဲရှိ နှစ် ၁၅၀ ကျော် သက်တမ်းရှိ သစ်သားကျောင်းဆောင်သည် ၂၀၁၈ ခုနှစ် မေလ ၁၁ ရက်ညတွင် မီးလောင်းပျက်စီးသွားခဲ့သည်။ ဆရာတော်ဘဒ္ဒန္တကလျာဏသည် မီးလောင်သွားသည့်နေရာတွင် ယခင်လက်ရာအတိုင်း […]

လောင်းလုံးမြို့အဝင် အုန်းသီးဆိုင်းဘုတ်အနီး စစ်ဆေးရေးဂိတ် မိုင်းပေါက်ကွဲ

diz_admin

January 17, 2022

လောင်းလုံးမြို့ မြို့အဝင် အုန်းသီးဆိုင်းဘုတ်အနီး ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်တွင် ယနေ့ (ဇန်နဝါရီ ၁၇) နံနက် ၁၀ နာရီခွဲဝန်းကျင်က မိုင်းပေါက်ကွဲကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ‌လောင်းလုံး – ထားဝယ် ကားလမ်းနံဘေးရှိ မြို့အဝင်အထွက်တွင် ခရီးသွားပြည်သူများကို စစ်ဆေးမှု တင်းကျပ်လျှက်ရှိသည့် သဗျာကျေးရွာ မူကြိုကျောင်းရှေ့တွင်ရှိသော စစ်ကောင်စီတပ်၏ စစ်ဆေးရေး ဂိတ်တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ပေါက်ကွဲသံတော့ ကြားလိုက်တယ်။ လူကတော့ ထိခိုက်ဒဏ်ရာရရှိတာမျိုး အခုထိ မကြားရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ ပေါက်ကွဲမှုဖြစ်ပွားစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယင်းနေရာတွင် မရှိဘဲ ပေါက်ကွဲမှု မဖြစ်ခင် နံနက်အစောပိုင်းတွင်သာ တစ်ဦးစ နှစ်ဦးစ တွေ့လိုက်ရကြောင်း ဒေသခံ နောက်တစ်ဦးက ပြောသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တနင်္သာရီတိုင်းသို့ […]

တနင်္သာရီတိုင်းတွင် ဖမ်းဆီးခံရသူ ကိုးရာကျော်ရှိသည်ဟုဆို

diz_admin

January 17, 2022

တနင်္သာရီတိုင်းတွင် ဖမ်းဆီးခံထားရသူ ၉၁၄ ဦးရှိကြောင်း ဖမ်းဆီးခံရသူများ၏ စာရင်းကို ပြုစုနေသည့် Bee Tenasserim အဖွဲ့ထံမှ သိရသည်။ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အထိ စာရင်းအရ ထားဝယ်ခရိုင်တွင် ဖမ်းဆီးခံရသူ အများဆုံးဖြစ်ပြီး ၆၂၅ ဦး ရှိကြောင်း ယင်းအဖွဲ့၏ စာရင်းများ အရ သိရသည်။ မြိတ်ခရိုင်တွင် ၂၁၆ ဦး၊ ကော့သောင်းခရိုင်တွင် ၇၂ ဦး အဖမ်းခံထားရကြောင်း Bee Tenasserim အဖွဲ့ထံမှ သိရသည်။ ထားဝယ်ခရိုင်၌ ဖမ်းဆီးခံထားရသူများအနက် အမျိုးသား ၄၄၅ ဦး၊ အမျိုးသမီး ၁၈၀ ဦးရှိပြီး မြိတ်ခရိုင်တွင် အမျိုးသား ၁၅၉ […]

တနင်္သာရီ ဘန်လောရွာရှိ မိုင်တဲတာဝါတိုင် မီးရှို့ခံရ

diz_admin

January 16, 2022

တနင်္သာရီမြို့နှင့် လေးမိုင်ခန့် အကွာတွင်ရှိသည့် ဘန်လောအနောက်ကမ်းရွာရှိ မိုင်တဲတာဝါတိုင်ကို တနင်္သာရီဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၁၆) မီးရှို့ဖျက်ဆီးလိုက်ကြောင်း ယင်းအဖွဲ့၏ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှ သိရသည်။ အဆိုပါ မိုင်တဲတာဝါတိုင်ကို ယနေ့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် မီးရှို့ ဖျက်ဆီးလိုက်ကြောင်း တနင်္သာရီ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ “(တာဝါတိုင်) အောက်က စက်တွေကို မီးရှို့သွားတယ်။ တိုင်ကတော့ ဘာမှမဖြစ်ပါဘူး” ဟု ဘန်လောရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ တာဝါတိုင် မီးရှို့ခံရခြင်းကြောင့် လက်ရှိတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ အသုံးပြု၍ မရတော့ကြောင်း ၎င်းက ဆိုသည်။ ဘန်လောရွာသည် တနင်္သာရီမြစ်အနောက်ဖက်ကမ်းတွင် တည်ရှိပြီး အရှေ့ရွာတွင် အိမ်ခြေနှစ်ရာကျော်နှင့်တာဝါတိုင်မီးရှို့ခံရသည့် အနောက်ရွာတွင် အိမ်ခြေတစ်ရာကျော်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့နယ်၌ […]

ရှေ့နေတွေပင် ပုန်းကြရပြီ

diz_admin

January 16, 2022

အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်နေကြတဲ့ ထားဝယ်ခရိုင်က ရှေ့နေတွေဟာ ရှေ့နေပါဝါ ရုပ်သိမ်းလိုက်ကြပြီး တချို့ဆို တိမ်းရှောင်နေကြရပါတယ်။ ဒါက အားကိုးရာမဲ့နေပြီး အကျဉ်းထောင်ထဲမှာ တရားရင်ဆိုင်နေကြရတဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် အံတုနေတဲ့ သူတွေ အထူးသဖြင့် လူငယ်တွေအတွက်တော့ နောက်ဆုံး ကောက်ရိုးတစ်မျှင်ကိုပင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အခြေအနေဖြစ်ပါတယ်။ ရှေ့နေတွေ ဘာကြောင့် ရှေ့နေပါဝါ ရုပ်သိမ်းပြီး တိမ်းရှောင်နေကြရတာလဲ။ ဒီလို ရုပ်သိမ်းလိုက်ရတဲ့အတွက် ဖမ်းဆီးခံထားရသူတွေ အပေါ်မှာရော အကျိုးဆက်က ဘယ်လိုတွေ ရှိလာပါမလဲ။ စစ်အာဏာသိမ်းကာလအတွင်း ဖမ်းဆီး၊ တရားစွဲဆိုခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အကျိုးဆောင် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေကြသူတွေ ဖြစ်ပါတယ်။ အဲဒီရှေ့နေတွေကို အားပေးကူညီမှုနဲ့ စစ်ကောင်စီက ဖမ်းမယ်ဆီးမယ်ဆိုတဲ့ အသံတွေထွက်လာလို့ ထားဝယ်ခရိုင်က ရှေ့နေတွေအားလုံးနီးပါး ပါဝါရုပ်ကြတာလို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။ ရှေ့နေတွေကို […]

ထားဝယ် မောင်မယ်ရှောင်ရွာအနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

diz_admin

January 15, 2022

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးတွင် ယနေ့ (ဇန်နဝါရီ ၁၅) ညနေ ၅ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ရေဖြူဘက်မှ ထားဝယ်ဘက်သို့လာသည့် အဆိုပါကား မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မောင်မယ်ရှောင်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ သွားကြည့်တာမှာတော့ မှန်တွေ ကွဲနေတာ အများကြီးပဲ။ လူ သေ မသေတော့ မသိဘူး။ အသံတော့ တော်တော်ကျယ်တယ်” ဟု ၎င်းက ဆိုသည်။ ကားမိုင်းဆွဲခံရပြီးနောက် သေနတ်များ ပစ်ခတ်သံ ဆက်တိုက်ကြားရကြောင်း အဆိုပါ အမျိုးသားက ပြောသည်။

မြိတ်တွင် ၁၅၀၀ ကျပ်တန် ဖုန်းဆင်းကတ် ကျပ်နှစ်သောင်းခွဲအထိ ရောင်းချ

diz_admin

January 15, 2022

မြိတ်မြို့ရှိ ဖုန်းအရောင်းဆိုင်အချို့တွင် ၁၅၀၀ ကျပ်တန် ဖုန်း SIM Card တစ်ကတ်လျှင် ကျပ်နှစ်သောင်းခွဲ အထိ ရောင်းချနေပြီဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းထံမှ စုံစမ်းသိရသည်။ ဈေးနှုန်းတို့မှာ တစ်ဆိုင်နှင့် တစ်ဆိုင် တူညီမှုမရှိကြဘဲ ၅၀၀၀ ကျပ်၊ ၇၀၀၀ ကျပ်၊ ၁၂၀၀၀ ကျပ်၊ ၂၀၀၀၀ ကျပ်နှင့် ၂၅၀၀၀ ကျပ် စသဖြင့် ဈေးနှုန်းတို့ဖြင့် ရောင်းချနေကြခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ “ဘယ်ဆင်းကတ်ပဲယူယူ နှစ်သောင်းခွဲပေးရတယ်” ဟု အော်ရီဒူးဆင်းကတ်တစ်ကတ် ဝယ်ယူခဲ့သူ ရာပြည့်ရပ်ကွက်နေ အသက် ၃၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ ဖုန်းအရောင်းဆိုင်တို့တွင် လက်ရှိရောင်းချပေးနေသည့် ဆင်းကတ်အများစုမှာ လက်ကျန် ဆင်းကတ်များဖြစ်ကြပြီး အသစ်ရောက်လာပါက ဈေးနှုန်းထပ်မြင့်မည်ဖြစ်ကြောင်း မြိတ်တောင်နယ်မြေရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင်က ပြောပြသည်။ ဆင်းကတ်တစ်ကတ်လျှင် အခွန်နှစ်သောင်းကျပ်နှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း […]

မိုင်တဲတာဝါတိုင် မိုင်းခွဲခံရမှုတွင် အဖမ်းခံရသူငါးဦးအနက် တစ်ဦးကို အလောင်းပြန်ပို့

diz_admin

January 15, 2022

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာတွင် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရမှုနှင့်ပက်သက်ပြီး အဖမ်းခံရသူငါးဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို ယနေ့ (ဇန်နဝါရီ ၁၅) နံနက် ၁၁ နာရီခွဲတွင် မိသားစုထံ လာပို့ကြောင်း ဒေသခံ အချို့ထံက သိရသည်။ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၂ နာရီခန့်က မိုင်းခွဲခံရပြီး နေ့လယ်ပိုင်းတွင် ရှင်မုတ္ထီးကျေးရွာအုပ်စု၊ စော်ဝရွာ ရာအိမ်မှူး ဦးဉာဏ်ရှိန်အပါအဝင် ဦးခင်မောင်လွင်၊ ဦးမောင်လေး၊ ဦးရည်ကြို၊ ရှင်မုတ္ထီးရွာမှ ဦးကျော်ငွေတို့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း စော်ဝရွာသားတစ်ဦးက ပြောသည်။ ရှင်မုတ္ထီးကျေးရွာနှင့် စော်ဝကျေးရွာတို့မှာ ရွာချင်းကပ် ဖြစ်သည်။ ယင်းနောက် အဖမ်းခံရပြီး ၅ ရက်အကြာတွင် ဦးခင်မောင်လွင်၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်က မိသားစုထံ လာပို့ခြင်းဖြစ်ကြာင်း စော်ဝရွာသားတစ်ဦးက ဆိုသည်။ ဦးခင်မောင်လွင်မှာ […]