ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မြို့လယ်ခေါင်တွင် လုပ်ငန်းရှင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

diz_admin

February 9, 2022

ထားဝယ်မြို့လယ်ခေါင်ဖြစ်သော အောင်မင်္ဂလာရုပ်ရှင်ရုံအနီးတွင် လောင်းလုံးနယ်သား စီးပွားရေး လုပ်ငန်းရှင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ အဆိုပါလုပ်ငန်းရှင်သည် ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လယ်ပိုင်းက အဖြူရောင် SURF မော်တော်ယာဉ်ဖြင့် လာပြီး ရုပ်ရှင်ရုံအနီး ယာဉ်ပေါ်က အဆင်းတွင် ဆိုင်ကယ်တစ်စီးနှင့် လူနှစ်ဦးရောက်လာပြီး ပစ်ခတ် သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အသံက မကြမ်းဘူး။ ဖောင်းခနဲပဲ။ ကားတံခါး ပိတ်ဖွင့်လုပ်တဲ့ အသံလောက်ပဲ ကြားရတယ်။ အနားက မိန်းခလေးငယ်တစ်ဦး လန့်ပြီးပြေးလာလို့ ထွက်ကြည့်တော့ လူကပလပ်ဖောင်းပေါ်လဲကျပြီး တဆန့်ဆန့် ဖြစ်နေသေးတယ်” ဟု အထက်ပါမျက်မြင်တွေ့ရှိသူက ပြောသည်။ ယင်းပစ်ခတ်မှုကြောင့် သေဆုံးသူမှာ လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု ဝံတွင်းကျေးရွာနေ အသက် ခြောက်ဆယ်ကျော် ဝန်းကျင်အရွယ်ရှိ ဦးမင်းအောင် (ခေါ်) […]

စက်သုံးဆီဈေးတက်ပြီး စားစရိတ်ကြီးသဖြင့် ကမ်းနီးလှေငယ်များ အရှုံးပေါ်ကာ ရပ်လုနီးဖြစ်

diz_admin

February 8, 2022

စက်သုံးဆီ ဈေးတက်ပြီး စားစရိတ်လည်း ကြီးမြင့်လာမှုကြောင့် ကမ်းနီးလှေငယ်များ အရှုံးပေါ်နေပြီး ရပ်ဆိုင်းလုနီးဖြစ်နေကြောင်း လှေလုပ်ငန်းရှင်များထံမှ သိရသည်။ အာဏာမသိမ်းမီက စက်သုံးဆီ တစ်ပေပါ ကျပ် တစ်သိန်းသုံးသောင်းရှိနေရာမှ လက်ရှိတွင် ကျပ်သုံးသိန်းသုံးသောင်းငါးထောင်အထိ ဈေးပေးဝယ်သုံးနေရကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများသည်လည်း ယခင်နှစ်ကထက် ထက်ဝက်နီးပါး ဈေးမြင့် တက်လာသဖြင့် လှေလုပ်သားများ၏ စားစရိတ် ပိုမိုကုန်ကျလာကြောင်း လှေလုပ်ငန်းရှင်များက ပြောဆိုသည်။ ကမ်းနီးလှေငယ်တစ်စီးလျှင် လှေလုပ်သား ငါးဦးမှ ၁၅ ဦးအထိ လိုက်ပါကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းကြောင့် ငါးဖမ်းလှေများအနေဖြင့် စရိတ်မကာမိဘဲ အရှုံးဖြင့် ရင်ဆိုင်နေရကြောင်း မြိတ်မြို့နေ ငါးဖမ်းလှေလုပ်ငန်းရှင်များက ပြောသည်။ “လှေတစ်ခေါက်ဝင်လာရင် စရိတ်တောင် မကာမိဘူးဆိုတော့ တချို့ဆို မရယ်နိုင်၊ မပြုံးနိုင်ဖြစ်ကုန်ကြပြီ။ နားတဲ့ လှေတွေလည်း နားကုန်ကြပြီ” […]

စက်သုံးဆီဈေးတက်သဖြင့် ကယ်ရီသမားများ တွက်ခြေမကိုက်

diz_admin

February 7, 2022

စက်သုံးဆီ ဈေးတက်ခြင်းကြောင့် သုံးဘီးနှင့် ဆိုင်ကယ်ကယ်ရီဆွဲရာတွင် တွက်ခြေမကိုက်တော့သည့် အပြင် အထွေထွေကုန်ဈေးနှုန်းမြင့်တက်နေသည့်အတွက်လည်း အကျပ်အတည်းဆိုက်ကြောင်း ထားဝယ် ဒေသရှိ ကယ်ရီသမားများက ပြောဆိုကြသည်။ အာဏာမသိမ်းမီက 92 ဓာတ်ဆီ တစ်လီတာလျှင် ၉၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ၁၇၀၀ ကျပ်ဝန်းကျင်အထိ ဈေးတက်နေသည်။ ထိုသို့ စက်သုံးဆီ ဈေးတက်သော်လည်း ခရီးသည်ပို့ဆောင်ခမှာ ယခင်နှုန်းထားအတိုင်းသာ ပြေးဆွဲနေ ရသည့်အတွက် ဝင်ငွေနည်းပါးလာကြောင်း ထားဝယ်မြို့ပေါ်ရှိ သုံးဘီးကားမောင်းသူတစ်ဦးက ဆိုသည်။ သုံးဘီးကား ခရီးသည်ပို့ဆောင်ခမှာ ပျှမ်းမျှအားဖြင့် ခရီး တစ်မိုင်အကွာအဝေးအား ငွေကျပ် တစ်ထောင် ကျသင့်ကြောင်း ကယ်ရီသမားများက ပြောသည်။ ယင်းကဲ့သို့ အခင်းအကျင်းတွင် သုံးဘီး ပြုပြင်ထိန်းသိမ်းခြင်းအတွက် စက်အပိုပစ္စည်းဈေးတက်ခြင်းနှင့် အထွေထွေကုန်ဈေးနှုန်းတက်ခြင်းကြောင့် ပိုပြီးတွက်ခြေကိုက်မှုနည်းလာသည်ဟု ၎င်းတို့က ဆိုသည်။ “ခရီးသည်တွေမှာ […]

ထိုင်းတွင် လေးရက်အတွင်း မြန်မာလုပ်သား တစ်ထောင်‌ကျော် အဖမ်းခံရ

diz_admin

February 7, 2022

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်နှင့် ကန်ချနပူရီ ခရိုင်တို့တွင် တရားမဝင် ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် ဖမ်းမိကြောင်း ထိုင်းတပ်မတော်၊ ပြည်သူ့ ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အမျိုးသား ၇၆ ဦး၊ အမျိုးသမီး ၄၁ ဦး စုစုပေါင်း ၁၁၇ ဦး၊ ၃ ရက်နေ့တွင် အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၄၆ ဦး၊ ၄ ရက်နေ့တွင် အမျိုးသား […]

မောင်းမကန်တွင် လောင်းကစားဝိုင်းအနီး ဗုံးကွဲ

diz_admin

February 6, 2022

လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာအနီးရှိ ရော်ဘာတောတွင် ယနေ့ (ဖေဖော်ဝါရီ ၆) နေ့လယ်ပိုင်းက ပြုလုပ်နေသည့် လောင်းကစားဝိုင်းအနီး ဗုံးပေါက်ကွဲကြောင်း မျက်မြင်တွေ့ရှိသူအချို့ထံမှ သိရသည်။ မောင်းမကန် – ကျောက်ဆင်လမ်းပိုင်း တစ်နေရာဖြစ်သည့် မောင်းမကန်ကွက်သစ် ရပ်ကွက်ရှိ ရော်ဘာ တောထဲတွင် လောင်းကစားဝိုင်း လုပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ယင်းပတ်ဝန်းကျင်တွင် လူနေအိမ်အချို့လည်း ရှိနေကြောင်း ၎င်းတို့က ဆိုသည်။ ယင်းလောင်းကစားဝိုင်းအနီးရှိ အိမ်သာတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်ခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက ပြောဆိုသည်။ “ဗုံးက အိမ်သာထဲမှာ ပေါက်ကွဲတာ။ လူထိခိုက်မှု မရှိရအောင်လားတော့ မသိဘူး။ အိမ်သာတံခါးကိုလည်း အပြင်ကနေ ရိုက်ပိတ်ထားတယ်” ဟု ယင်းဒေသခံက ပြောသည်။ အဆိုပါဖောက်ခွဲမှုကို လောင်းကစားဝိုင်းအား သတိပေးသည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း PDF အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် […]

လောင်းလုံးတွင် သတ်ဖြတ်မြှုပ်နှံခံထားရသည့် အမျိုးသားသုံးဦး ရုပ်အလောင်းတွေ့

diz_admin

February 6, 2022

လောင်းလုံးမြို့နယ် ညင်းမော်ရွာနဲ့ ရင်းဘုတ်ရွာကြား ငါးအိမ်စုနေရာ ဥယျဉ်ခြံအနီး‌တွင် သတ်ဖြတ်မြှုပ်နှံခံထားရသည့် စစ်ပြဲရွာသား အမျိုးသားသုံးဦး၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမျိုးသားသုံးဦးသည် ဖေဖာ်ဝါရီလ ၁ ရက်နေ့ ညနေ့ပိုင်းမှစ၍ ပျောက်ဆုံးနေသဖြင့် ၎င်းတို့ သွား လာလေ့ရှိသည့် နေရာများကို မိသားစုဝင်များက ရွာသားများနှင့်အတူ လိုက်လံရှာဖွေရာ ဖေဖာ်ဝါရီလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “စတွေ့တာကတော့ မြေပုံကို တွေ့တာပေါ့နော်။ အဲဒီနေ့မှာ မတူးသေးဘူး။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ ပရဟိတအသင်းတွေရဲ့ အကူညီယူပြီးမှ ၅ ရက်နေ့ နေ့လယ်ပိုင်းလောက်မှ စတူးကြတာ” ဟု အလောင်းတူးရာတွင် ပါဝင်သော ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ အမျိုးသားသုံးဦးမှာ အသက် ၂၀ […]

ထိုင်းသို့ တရားမဝင် ဝင်သည့် မြန်မာလုပ်သား အဖွဲ့နှစ်ဖွဲ့ အဖမ်းခံရ

diz_admin

February 2, 2022

ကော့သောင်း-ရနောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအဖွဲ့ နှစ်ဖွဲ့နှင့် လူကုန်ကူးသည့် ထိုင်းနိုင်ငံသား သုံးဦးတို့ကို ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဖွဲ့နှစ်ခုစလုံးကို ဇန်နဝါရီလ ၃၀ ရက်နေ့ညဘက်တွင် ဖမ်းမိခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။ ရနောင်းခရိုင် ပတ်ခမ်းတူးမြောင်းတွင် စက်လှေတစ်စီးကို စစ်ဆေးခဲ့ရာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ငါးဦးနှင့် အမျိုးသမီးတစ်ဦးနှင့်အတူ လူကုန်ကူးသည့် ထိုင်းနိုင်ငံသား သုံးဦးတို့ကို ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထို့အပြင် ရနောင်းခရိုင်အတွင်းရှိ ဥယျာဉ်ခြံတစ်ခုတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ထပ်မံဖမ်းမိကြောင်း ရေးသားဖော်ပြထားသည်။ အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အား ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် […]

အသံတိတ်နေသည့် သရက်ချောင်းမြို့

diz_admin

February 1, 2022

သရက်ချောင်းမြို့ရှိ လမ်းများတွင် ယနေ့ (ဖေဖော်ဝါရီ ၁) အသွားအလာတိတ်ဆိတ် ငြိမ်သက်နေသည်ကို တွေ့ရသည်။ ယနေ့ နိုင်ငံတစ်ဝန်းတွင် အသံတိတ်သပိတ်ပြုလုပ်နေကြသည်။