ထားဝယ်က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမင်းဦး ပြန်လည်ဖမ်းဆီးခံရ
diz_admin
September 12, 2022ထားဝယ်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမင်းဦး ယနေ့ (စက်တင်ဘာ ၁၂) မွန်းလွဲ ၂ နာရီခွဲခန့်တွင် ပြန်လည်ဖမ်းဆီးခံရကြောင်း ၎င်းနှင့် နီးစပ်သူတွေထံမှ သိရသည်။ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုမျိုးမင်းဦးမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြောင့် ၂၀၂၁ ခုနှစ် မေလဆန်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီး ခြောက်လခန့်အကြာ အောက်တိုဘာလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။ ကိုမျိုးမင်းဦးကို ထားဝယ်မြို့ ခုံဝင်းဒြပ်ရပ်ကွက်ရှိ ၎င်း၏ အလုပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ ပြန်လည် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ထားဝယ်မြို့မှ ၎င်းနှင့်နီးစပ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။ ဖမ်းဆီးသွားသည့်အကြောင်းအရင်းကိုမူ သေသေချာချာ မသိရကြောင်း ကိုမျိုးမင်းဦးနှင့် နီးစပ်သူတို့က ပြောဆိုသည်။ ယင်းသို့ပြန်လည်ဖမ်းဆီးလိုက်သဖြင့် စိုးရိမ်မှုနှင့် မလုံခြုံမှုများကို ပိုမိုခံစားရလာစေကြောင်း အထက်ပါ ထားဝယ်မြို့မှ နိုင်ငံရေးအကျဉ်းသားက ပြောသည်။ “သူ့ကို စစ်ကောင်စီက ပြန်ဖမ်းလိုက်တော့ […]


